Wednesday, April 30, 2014

မူးယစ်ဆေးသုံးစွဲသည့် မီးရထားရဲ တချို့ကြောင့် မီးရထားရဲများ ဖမ်းဆီးခံရ

အမှတ်(၃)မီးရထားရဲဌာနချုပ် ကောလင်းတွင် ရထားရဲများအား ရွေးချယ်၍ ဆေးသုံးစွဲမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အချို့သော ရဲသားများမှာ သုံးစွဲမှုမရှိပါဘဲ ဆေးစစ်ချက်အရ တွေ့ရှိရသည်ဟုဆိုကာ (၁၇)ဦး ဖမ်းဆီးခံနေ ကြရကြောင်း၊အမှန်တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူ မီးရထားရဲသား (၂)ဦးမှာ လွတ်ကင်းနေကြောင်းနှင့် ယင်းတို့အား နောက်ထပ်တဖန် ပြန်စစ်ဆေးမှာ ဆေးစစ်ချက်အရ တွေ့ရှိသည်ဟု ဆိုကာ ဖမ်းဆီး ခဲ့ကြောင်း၊ယခု ၄-၄-၂၀၁၄နေ့တွင် ကောလင်း အမှတ်(၃)မီးရထားရဲဌာနချုပ်တွင် (၁၉)ဦး ဖမ်းဆီး ခံနေကြရကြောင်း ဖမ်းဆီးခံ မိသားစုမှ ပြောကြားခဲ့သည်။
မြစ်ကြီးနား အမှတ်(၁)မီးရထားရဲဌာနချုပ်တွင် ဆေးစစ်ဆေးချက်အရ မူးယစ်ဆေးဝါးသုံးစွဲသူဟုဆိုကာ (၈)ဦး ဖမ်းဆီးခံနေကြရကြောင်း၊သို့ရာတွင်- အမှန်တကယ် မူးယစ်ဆေးဝါးသုံးစွဲနေသူ မီးရထားရဲ အရာရှိကြီးနား နေသူ (၁)ဦးနှင့် လာဘ်ပေး ထားသူ (၁)ဦးတို့မှာ လွတ်ကင်းနေကြောင်း ဖမ်းဆီးခံ မိသားစုများထံမှာ သိရှိရသည်။ ဟိုပင် မီးရထားရဲဌာနတွင်လည်း ဆေးစစ်ချက်အရ မူးယစ်ဆေးသုံးစွဲ သည်ဟုဆိုကာ ရဲသား (၇)ဦး ဖမ်းဆီး ခံနေရကြောင်း ဖမ်းဆီးခံမိသားစုများမှ သိရှိရသည်။
ဖမ်းဆီးခံ မိသားစုများမှ ဆက်လက်ပြောကြားရာဆေးစစ်ရာတွင် မီးရထားရဲများအားလုံး တန်းတူညီမျှ စစ်ဆေးခံကြရန်( ရွေးချယ်စစ်ဆေးခြင်းမျိုး မပြုလုပ်ရန်)မှန်မှန်ကန်ကန် စစ်ဆေးမှုဖြစ်စေရန်၊
အမှန်တကယ်မသုံးစွဲပါဘဲ ဆေးသုံးစွဲသည်ဟု ဆေးစစ်ချက်တွင် အဘယ့်ကြောင့် ဖြစ်ရပါသနည်း၊
ဆးစစ်ဆေးရာတွင် အရာရှိကြီးများမှစ၍ အောက်ခြေ၀န်ထမ်းထိ တပြေးညီ စစ်ဆေးခံကြရန် စသည်တို့ကို ပြောကြားသွားသည်။

Credit To:ဦးစိုင်းသာဇုံ
ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment