Wednesday, April 30, 2014

၂၀၁၄ ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း နဲ့ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မှာ လေထုမငြိမ်မသက်ဖြစ်ပေါ်နှိုင်ပါတယ်။ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း နဲ့ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှာ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်မှာ အများအားဖြင့် သာယာနေပါတယ်။
မြန်မာနိုင်ငံမြောက်ပိုင်း နဲ့ တောင်ပိုင်း ဒေသများ အတွင်းသို့ ရေငွေ့ပါဝင်သောလေများ ဆက်လက် ၀င်ရောက် လျက် ရှိနေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ
လှိုင်းအနည်းငယ် ရှိနှိုင်ပြီး၊ ရခိုင်ကမ်းရိုးတန်းနဲ့ကမ်းလွန်ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၂)ပေခန့်နဲ့ ကျန် မြန်မာ့ပင်လယ်ပြင်မှာ လှိုင်းအမြင့် (၁)ပေခန့် ရှိနှိုင်ပါတယ်။



  နေ့အပူချိန်များအခြေအနေ ။
နေ့အပူချိန်များဟာ မကွေးတိုင်းဒေသကြီးတွင် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ တို့တွင် နေ့အပူချိန်များဟာ 40°C – 41°C ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး နဲ့ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း တို့တွင် နေ့အပူချိန်များဟာ 35°C - 39°C ခန့်၊ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း နဲ့ မြောက်ပိုင်းတို့တွင် 31°C - 34°C ခန့် ရှိနှိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအခြေအနေ။ ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းအမြင့်ဆုံးတန်ဖိုးဖြစ်သော လွန်ကဲအဆင့်ရှိသည့် ၁၁ ထက်ကျော်လွန်နေသောတန်ဘိုးများကို မြန်မာတစ်နှိုင်ငံလုံး ကျရောက်နှိုင်ပါသည်။ အထူးသဖြင့် ကော့သောင်းမြို့(၁၃.၆) ၊ ထားဝယ် (၁၃.၄)၊ မော်လမြိုင် (၁၃.၂)၊ ရန်ကုန်(၁၃.၆) ၊ နေပြည်တော်(၁၃.၈) ၊ မကွေး(၁၄.၂)။ မန္တလေး(၁၃.၅) နဲ့ မြစ်ကြီးနား (၁၂.၇) တို့တွင်လည်းကောင်း ရောက်ရှိနေနှိုင်ပါတယ်။
မိုးတိမ်တောင်အခြေအနေ။
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း၊ နဲ့ နေပြည်တော်တိုင်းဒေသကြီးနဲ့ မွန်ပြည်နယ် တို့မှာ ညနေပိုင်းအချိန်များတွင် နေရာကွက်၍ မိုးတိမ်တောင်ဖြစ်ပေါ်ဖွယ်ရှိပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ ကရင်ပြည်နယ်တွင် နေရာစိပ်စိပ်၊ နေပြည်တော်တိုင်းဒေသကြီး၊ ကယားပြည်နယ် နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနှိုင်ပါတယ်။ ရွာရန် ရာနှုန်း(၆၀) ဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး။ ကချင်ပြည်နယ်၊ နဲ့ ရခိုင်ပြည်နယ် တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါတယ်။ ကျန်တပြည်လုံးတွင် အများအားဖြင့် သာယာနိုင်ပါတယ်။
ဒေါက်တာထွန်းလွင်

Kumudra

No comments:

Post a Comment