Tuesday, April 22, 2014

အံ့သြဘနန်း မိခင်မေတ္တာ

Photo: အံ့သြဘနန်း မိခင်မေတ္တာ 

၂လပိုင်း ၂၆ ရက်နေ့မှာ တရုတ်သတင်းထောက်တွေ အမှတ်မထင်ပဲ လူအပြောများတဲ့ မိသားစုအကြောင်းကို ကြားသိလိုက်ရတဲ့အတွက် CCTV မှ အဲဒီသားအမိရှိတဲ့ အင်မတန်ချောင်ကျတဲ့ ကျန်းစူးမြိုမှာ နယ်မြို့သစ်လေးတစ်မြို့ကို စုံစမ်းမေးမြန်းပြီး အင်တာဗျူးဖို့ရောက်ရှိလာကြပါတယ်။ သတင်းထောက်တွေ အဲဒီသားအမိကို တွေ့ဆုံပြီး မေးမြန်းရိုက်ကူးပြီး ၄င်းတို့ရုပ်သံကနေတဆင့် တင်လွှင့်ပေးလိုက်တဲ့အတွက် ပြည်သတွေအားလုံး အင်မတန်ရင်စို့နင့်စရာကောင်းတဲ့ မိခင်ချစ်ခြင်းကို တွေ့ရှိလိုက်ရပြီး မျက်ရည်ဝဲခဲ့ရပါတယ်။ 
အသက် ၇၅နှစ်ရှိပြီဖြစ်တဲ့ မိခင် ၀ူစူးကျန်းဆိုသူဟာ အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ မသန်စွမ်းသားငယ်ကို ပင်ပင်ပန်းပန်းယုယုယယ လုပ်ကျွေးပြုစုကာ စောင့်ရှောက်နေပါတယ်။ သားဖြစ်သူပါးစပ်ထဲမှာ သွားမပေါက်တဲ့အတွက် အစားအစာ ကျွေးတိုင်း သူမကိုယ်တိုင် ကျေညက်အောင်ဝါးပြီးမှ ငှက်ကလေးတွေ အစာခွံသလိုမျိုး သူမရဲ့သားဖြစ်သူကို စိတ်ရှည်လက်ရှည် အစာခွံ့ခဲ့ရပေမဲ့ သူမဟာ သားဖြစ်သူအပေါ် ငြူစုခြင်းလုံးဝမရှိပဲ သားအမိနှစ်ယောက် အသက်ဆက်နေခဲ့ကြတာပဲဖြစ်ပါတယ် ။ 
ဝူစူးကျန်းဟာ ၁၉၆၀ ခုနှစ် ၄လပိုင်းမှာ ဒုတိယသားငယ်ကိုမွေးဖွားပြီး ၇ရက်မြောက်နေ့မှာ သားဖြစ်သူ အပြင်းဖျားပြီး အဖျားမကျဘဲ ဦးနှောက်ထဲထိရေ၀င်သွားတဲ့အတွက် သားငယ်ကို ဆရာဝန်များကို လက်လျော့ခဲ့ကြပေမဲ့ ၄င်းတို့ လင်မယားနှစ်ယောက်စလုံး စိတ်မပျက်ဘဲ အနယ်နယ်လှည့်ပြီး ဆေးကုသခဲ့ပေမဲ့ ဆေးရုံတွေအားလုံးမှ လက်လျော့လိုက်သဖြင့် လင်မယားနှစ်ယောက်လုံး စည်းစိမ်တွေလည်း ပျက်သုဉ်းလာကာ နယ်စွန်ဖျားသို့ပြောင်းသွားခဲ့ပြီး ၀ူစူးကျန်းဟာ သူမ လုပ်ကိုင်နေတဲ့ အစိုးရ အလုပ်မှ လုံးလုံးထွက်ခဲ့ပြီးသားဖြစ်သူကိုသာ ပြုစုနေခဲ့ပါတယ်။ 
ဝူစူးကျန်း ရဲ့ မိခင်မေတ္တာကြောင့် သားဖြစ်သူမှာ အသက်မဆုံးပါခဲ့ပေမဲ့ မသန်စွမ်းဘ၀သို့ရောက်ခဲ့ပြီး လမ်းလျှောက်သည့်အရွယ်ရောက်လာသော်လည်း လမ်းလည်းမလျှောက်နိုင် ၊ စကားလည်းမပြောနိုင်ဘဲ အိပ်ယာထဲမှာသာ အိပ်စက်နေသည့် မသန်စွမ်းကလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၀ူစူးကျန်းဟာ သားဖြစ်သူကို လုံးဝငြူစူခြင်းမရှိဘဲ အကောင်းမွန်ဆုံးပြုစုစောင့်ရှောက်ပြီး ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုကျော်ဖြတ်ပြီး သွားမပေါက်တဲ့ကလေးကို တောက်လျှောက်ဝါးကျွေးပြီး အစာခွံ့ကာ အသက်ဆက်ခဲ့ပါတယ်။ 
သားဖြစ်သူရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေအားလုံးဟာလည်း ကောင်းကောင်းမွန်မွန်အလုပ်မလုပ်တဲ့အတွက် ၀ူစူးကျန်း မှာ အစာကျွေးတိုင်း ဗီတာမင်ဆေးလုံးတွေကိုပါ အစာနဲ့အတူ ၀ါးပြီးကျွေးခဲ့ပါတယ်။ ဒီ ၄၆နှစ်လုံးလုံးမှာ သားဖြစ်သူ ချီးသေးဝေရာဝစ္စ အားလုးံကို အသေချာ ဆောင်ရွက်ပေးခဲ့ပြီး ဆီးဝမ်း မနိုင်တဲ့သားရဲ့ ကရိကထ အားလုံးကိုလည်း ခါးစည်းခံခဲ့ပါတယ်။ ၀မ်းနှစ်ရက်လောက်မသွားရင်ဘဲ မရွံမရှာ သားဖြစ်ရဲ့ စအိုကို နှိုက်ထုတ်ပြီး ၀မ်းချူပေးခဲ့ရတာလည်း အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူး။ 
အိပ်ယာနာ ဖြစ်မှာစိုးလို့ တစ်နေ့ကို ၅ခါ ၆ခါ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ပိုးမွေးသလိုမွေးခဲ့ရပါတယ်။ 
၂၀၀၀ ပြည့်နှစ်မှာ ၀ူစူးကျန်းရဲ့ ခင်ပွန်းဖြစ်သူဟာ ဆုံးပါးသွားတဲ့အတွက် မသန်စွမ်းသားတစ်ယောက်နဲ့ သူမဟာ စိတ်ဓါတ်ကျဆင်းပြီး သားကြီးဖြစ်သူနဲ့ ချွေးမအပေါ်မမှီခိုတော့ပဲ သားငယ်ဖြစ်သူနဲ့ နှစ်ယောက်အတူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သားငယ်နဲ့အတူ အိပ်ဆေး အလုံး၂၀၀နီးပါးစီ သောက်ပြီး သားကြီးဖြစ်သူအတွက် သေတမ်းစာရေးရင် မေ့လဲသွားခဲ့တာကို အိမ်နီးနားချင်းတွေက အချိန်မှီတွေ့ရှိသွားပြီးဆေးရုံပို့ပေးလိုက်တဲ့အတွက် အသက်ချမ်းသာရာရောက်ခဲ့ပါတယ်။ 
ဒီလိုနဲ့ ၀ူစူးကျန်း ဟာ သားဖြစ်သူကို ဆက်လက်စောင့်ရှောက်ရင်း အသက်အရွယ်အိုမင်းလာသည့်တိုင် ဇရာထောင်းလို့ ကောင်းကောင်းမလှုပ်ရှားနိုင်တော့ပေမဲ့ သားဖြစ်သူ ကုတင်ဘေးမှာ ထိုင်ပြီး ယနေ့အချိန်ထိအစာခွံ့ပြီး လုပ်မြဲလုပ်စဉ်များကို လုပ်နေဆဲပါပဲ။ အခုသူမရဲ့ မျှော်လင့်ချက်ကတော့ တစ်ခုတည်းပါ တစ်နေ့ သူမရဲ့ သားဖြစ်သူက သူမမသေခင်မှာ မေမေ လို့ တစ်ခွန်းခေါ်သံကြားရရင်ပဲ သူမကျေနပ်ပါပြီတဲ့။ ထိုအသံလေးကို မျှော်လင့်ရင်း ၀ူစူးကျန်း ဟာ သူမရဲ့ မိခင်တိုင်းမထားနိုင်တဲ့ မေတ္တာတရားနဲ့ အားလုံးကို ကျော်ဖြတ်ခဲ့ပါတယ်။ သူမလို မိခင်စိတ်အပြည့်နဲ့ သားသမီးပေါ်ပေးဆပ်တဲ့ မိခင်တစ်ယောက်ရဲ့ လုပ်ရပ်ကိုတွေ့လိုက်ရတော့ မနုဿ အလွန်မင်း အံ့အားလည်းသင့် ကိုယ်မလုပ်နိုင်လောက်တဲ့ လုပ်ရပ်ကို လုပ်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူတဲ့အတွက် ဒီပို့စ်လေးကို ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။ လောကမှာရှိတဲ့ မိခင်အားလုံး သူမကို လေစားဂုဏ်ယူပြီး အတုယူနိုင်ကြပါစေနော် ။

မနုဿ ရဲ့ စာမျက်နှာလေးများ
December 28, 2013 ပို့စ်ကို ပြန်လည်မျှဝေပါသည်။
၂လပိုင်း ၂၆ ရက်နေ့မှာ တရုတ်သတင်းထောက်တွေ အမှတ်မထင်ပဲ လူအပြောများတဲ့ မိသားစုအကြောင်းကို ကြားသိလိုက်ရတဲ့အတွက် CCTV မှ အဲဒီသားအမိရှိတဲ့ အင်မတန်ချောင်ကျတဲ့ ကျန်းစူးမြိုမှာ နယ်မြို့သစ်လေးတစ်မြို့ကို စုံစမ်းမေးမြန်းပြီး အင်တာဗျူးဖို့ရောက်ရှိလာကြပါတယ်။ သတင်းထောက်တွေ အဲဒီသားအမိကို တွေ့ဆုံပြီး မေးမြန်းရိုက်ကူးပြီး ၄င်းတို့ရုပ်သံကနေတဆင့် တင်လွှင့်ပေးလိုက်တဲ့အတွက် ပြည်သတွေအားလုံး အင်မတန်ရင်စို့နင့်စရာကောင်းတဲ့ မိခင်ချစ်ခြင်းကို တွေ့ရှိလိုက်ရပြီး မျက်ရည်ဝဲခဲ့ရပါတယ်။
အသက် ၇၅နှစ်ရှိပြီဖြစ်တဲ့ မိခင် ၀ူစူးကျန်းဆိုသူဟာ အသက် ၄၆နှစ်ရှိပြီဖြစ်တဲ့ မသန်စွမ်းသားငယ်ကို ပင်ပင်ပန်းပန်းယုယုယယ လုပ်ကျွေးပြုစုကာ စောင့်ရှောက်နေပါတယ်။ သားဖြစ်သူပါးစပ်ထဲမှာ သွားမပေါက်တဲ့အတွက် အစားအစာ ကျွေးတိုင်း သူမကိုယ်တိုင် ကျေညက်အောင်ဝါးပြီးမှ ငှက်ကလေးတွေ အစာခွံသလိုမျိုး သူမရဲ့သားဖြစ်သူကို စိတ်ရှည်လက်ရှည် အစာခွံ့ခဲ့ရပေမဲ့ သူမဟာ သားဖြစ်သူအပေါ် ငြူစုခြင်းလုံးဝမရှိပဲ သားအမိနှစ်ယောက် အသက်ဆက်နေခဲ့ကြတာပဲဖြစ်ပါတယ် ။
ဝူစူးကျန်းဟာ ၁၉၆၀ ခုနှစ် ၄လပိုင်းမှာ ဒုတိယသားငယ်ကိုမွေးဖွားပြီး ၇ရက်မြောက်နေ့မှာ သားဖြစ်သူ အပြင်းဖျားပြီး အဖျားမကျဘဲ ဦးနှောက်ထဲထိရေ၀င်သွားတဲ့အတွက် သားငယ်ကို ဆရာဝန်များကို လက်လျော့ခဲ့ကြပေမဲ့ ၄င်းတို့ လင်မယားနှစ်ယောက်စလုံး စိတ်မပျက်ဘဲ အနယ်နယ်လှည့်ပြီး ဆေးကုသ ခဲ့ပေမဲ့ ဆေးရုံတွေအားလုံးမှ လက်လျော့လိုက်သဖြင့် လင်မယားနှစ်ယောက်လုံး စည်းစိမ်တွေလည်း ပျက်သုဉ်းလာကာ နယ်စွန်ဖျားသို့ပြောင်းသွားခဲ့ပြီး ၀ူစူးကျန်းဟာ သူမ လုပ်ကိုင်နေတဲ့ အစိုးရ အလုပ်မှ လုံးလုံးထွက်ခဲ့ပြီးသားဖြစ်သူကိုသာ ပြုစုနေခဲ့ပါတယ်။
ဝူစူးကျန်း ရဲ့ မိခင်မေတ္တာကြောင့် သားဖြစ်သူမှာ အသက်မဆုံးပါခဲ့ပေမဲ့ မသန်စွမ်းဘ၀သို့ရောက်ခဲ့ပြီး လမ်းလျှောက်သည့်အရွယ်ရောက်လာသော်လည်း လမ်းလည်းမလျှောက်နိုင် ၊ စကားလည်းမပြောနိုင်ဘဲ အိပ်ယာထဲမှာသာ အိပ်စက်နေသည့် မသန်စွမ်းကလေးတစ်ဦးဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ၀ူစူးကျန်းဟာ သားဖြစ်သူကို လုံးဝငြူစူခြင်းမရှိဘဲ အကောင်းမွန်ဆုံးပြုစုစောင့်ရှောက်ပြီး ဆင်းဆင်းရဲရဲနဲ့ ဘ၀ကိုကျော်ဖြတ်ပြီး သွားမပေါက်တဲ့ကလေးကို တောက်လျှောက်ဝါးကျွေးပြီး အစာခွံ့ကာ အသက်ဆက်ခဲ့ပါတယ်။
သားဖြစ်သူရဲ့ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ ကလီစာတွေအားလုံးဟာလည်း ကောင်းကောင်းမွန်မွန် အလုပ်မလုပ်တဲ့အတွက် ၀ူစူးကျန်း မှာ အစာကျွေးတိုင်း ဗီတာမင်ဆေးလုံးတွေကိုပါ အစာနဲ့အတူ ၀ါးပြီးကျွေးခဲ့ပါတယ်။ ဒီ ၄၆နှစ်လုံးလုံးမှာ သားဖြစ်သူ ချီးသေးဝေရာဝစ္စ အားလုးံကို အသေချာ ဆောင်ရွက်ပေးခဲ့ပြီး ဆီးဝမ်း မနိုင်တဲ့သားရဲ့ ကရိကထ အားလုံးကိုလည်း ခါးစည်းခံခဲ့ပါတယ်။ ၀မ်းနှစ်ရက်လောက်မသွားရင်ဘဲ မရွံမရှာ သားဖြစ်ရဲ့ စအိုကို နှိုက်ထုတ်ပြီး ၀မ်းချူပေးခဲ့ရတာလည်း အကြိမ်ပေါင်းမရေတွက်နိုင်တော့ပါဘူး။
အိပ်ယာနာ ဖြစ်မှာစိုးလို့ တစ်နေ့ကို ၅ခါ ၆ခါ ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ ပိုးမွေးသလိုမွေးခဲ့ရပါတယ်။
၂၀၀၀ ပြည့်နှစ်မှာ ၀ူစူးကျန်းရဲ့ ခင်ပွန်းဖြစ်သူဟာ ဆုံးပါးသွားတဲ့အတွက် မသန်စွမ်းသားတစ်ယောက်နဲ့ သူမဟာ စိတ်ဓါတ်ကျဆင်းပြီး သားကြီးဖြစ်သူနဲ့ ချွေးမအပေါ်မမှီခိုတော့ပဲ သားငယ်ဖြစ်သူနဲ့ နှစ်ယောက် အတူ အဆုံးစီရင်ဖို့ ဆုံးဖြတ်ခဲ့ပြီး သားငယ်နဲ့အတူ အိပ်ဆေး အလုံး၂၀၀နီးပါးစီ သောက်ပြီး သားကြီးဖြစ်သူအတွက် သေတမ်းစာရေးရင် မေ့လဲသွားခဲ့တာကို အိမ်နီးနားချင်းတွေက အချိန်မှီတွေ့ရှိသွားပြီးဆေးရုံပို့ပေးလိုက်တဲ့အတွက် အသက်ချမ်းသာရာရောက်ခဲ့ပါတယ်။
ဒီလိုနဲ့ ၀ူစူးကျန်း ဟာ သားဖြစ်သူကို ဆက်လက်စောင့်ရှောက်ရင်း အသက်အရွယ်အိုမင်းလာသည့်တိုင် ဇရာထောင်းလို့ ကောင်းကောင်းမလှုပ်ရှားနိုင်တော့ပေမဲ့ သားဖြစ်သူ ကုတင်ဘေးမှာ ထိုင်ပြီး ယနေ့အချိန်ထိအစာခွံ့ပြီး လုပ်မြဲလုပ်စဉ်များကို လုပ်နေဆဲပါပဲ။ အခုသူမရဲ့ မျှော်လင့်ချက်ကတော့ တစ်ခုတည်းပါ တစ်နေ့ သူမရဲ့ သားဖြစ်သူက သူမမသေခင်မှာ မေမေ လို့ တစ်ခွန်းခေါ်သံကြားရရင်ပဲ သူမကျေနပ်ပါပြီတဲ့။ ထိုအသံလေးကို မျှော်လင့်ရင်း ၀ူစူးကျန်း ဟာ သူမရဲ့ မိခင်တိုင်းမထားနိုင်တဲ့ မေတ္တာတရားနဲ့ အားလုံးကို ကျော်ဖြတ်ခဲ့ပါတယ်။ သူမလို မိခင်စိတ်အပြည့်နဲ့ သားသမီးပေါ်ပေးဆပ်တဲ့ မိခင်တစ်ယောက်ရဲ့ လုပ်ရပ်ကိုတွေ့လိုက်ရတော့ မနုဿ အလွန်မင်း အံ့အားလည်းသင့် ကိုယ်မလုပ်နိုင်လောက်တဲ့ လုပ်ရပ်ကို လုပ်ဆောင်နိုင်တဲ့အတွက် ဂုဏ်ယူတဲ့အတွက် ဒီပို့စ်လေးကို ဘာသာပြန်တင်ပြပေးလိုက်ပါတယ်။ လောကမှာရှိတဲ့ မိခင်အားလုံး သူမကို လေစားဂုဏ်ယူပြီး အတုယူနိုင်ကြပါစေနော် ။

မနုဿ ရဲ့ စာမျက်နှာလေးများ
December 28, 2013 ပို့စ်ကို ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment