Tuesday, April 22, 2014

ဦးဝင်းတင် ဈာပန အခမ်းအနား အစီအစဉ်

၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင်၏ ဈာပန အခမ်းအနား အတွက်ဆောင်ရွက်ရန် အဖွဲ့ချုပ်သဘာပတိအဖွဲ့နာယက ဦးတင်ဦး ဦးဆောင်မှုဖြင့်ဆောင်ရွက်မည်။

၂။ ဦးဝင်းတင်၏ ရုပ်ကလပ်ကို ရေဝေးသုသန်အအေးခန်းတွင်ထားရှိပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၅:၀၀ နာရီတွင် သင်္ဂြိုလ်မည်ဖြစ်ပါသည်.။ ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ နေ့လည် ၁၂ နာရီမှ ၅ နာရီထိ ရေးဝေးသုသန်တွင် အသုဘရှု ဂါဝရပြု အခမ်းအနားကျင်းပမည်ဖြစ်ပါသည်။

၃။ ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းမှတ်တမ်းရေးနိုင်ကြရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နှင့် ပြည်လမ်း ယုဒသန်ခမ်းမတို့တွင် စီစဉ်ထားရှိပါသည်။

၎။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဝင်းတင်အတွက် ၀မ်းနဲခြင်းအထိမ်းအမှတ်အဖြစ် တိုင်းနှင့်ပြည်နယ် အားလုံးရှိ အဖွဲ့ချုပ်ရုံးတိုင်းတွင် ယခုအချိန်မှစတင်ပြီး ၂၃၊ ၄၊ ၂၀၁၄ ရက်နေ့ ညနေ ၆:၀၀ နာရီထိ အဖွဲ့ချုပ်အလံတစ်ဝက်ချထားကြရန်ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

Credit To : The Irrawaddy (Burmese Version)

No comments:

Post a Comment