Friday, April 4, 2014

မြန်မာကာကွယ်ရေးဝန်ကြီးနဲ့ ကန်ကာကွယ်ရေးဝန်ကြီး တို့တွေ့ဆုံ

အမေရိကန်နိုင်ငံ ​ဟာဝိုင်ယီ ​ပြည်နယ် ​ဟိုနိုလူလူမြို့မှာ ​ကျင်းပတဲ့ ​အမေရိကန်နဲ့ ​အာဆီယံ ​ကာကွယ်ရေး ​၀န်ကြီးဆွေးနွေးပွဲကို ​မြန်မာ ​ကာကွယ်ရေး ​၀န်ကြီးလည်း ​တက်ရောက်ကြောင်း ​Chennel ​News ​Asia ​သတင်းဓာတ်ပုံမှာ ​ဖော်ပြထားပါတယ်။
အမေရိကန် ​အစိုးရရဲ့ ​ဖိတ်ကြားချက်အရ ​တက်ရောက်တာဖြစ်တယ်လို့ ​သိရပြီး ​ မြန်မာကာကွယ်ရေး ​၀န်ကြီး ​တဦးအနေနဲ့ ​နှစ်ပေါင်း ​၅၀ ​နီးပါးအတွင်း ​ပထမဆုံး ​အကြိမ် ​အမေရိကန်နိုင်ငံကို ​သွားရောက် တာဖြစ်တယ်လို့လည်း ​မြန်မာသတင်းတွေမှာ ​ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ ​အာဆီယံကာကွယ်ရေး ​ဝန်ကြီးများ ​ဆွေးနွေးမှုအတွင်း ​ရာသီဥတုပြောင်းလဲ မှုတွေကြောင့် ​ဖြစ်ပေါ်လာနိုင်တဲ့ ​သဘာဝဘေးအန္တရာယ် ​ကာကွယ်ရေးမှာ ​အမေရိကန်က ​အာဆီယံနိုင်ငံတွေကို ​ကာကွယ်ပေးမယ်လို့ ​ကမ်းလှမ်းလိုက်သလို ​စစ်တပ်တွေနဲ့ ​အရေးပေါ် ​ဌာနတွေအကြား ​ပိုမိုပူးပေါင်းလုပ်ကိုင်ဖို့လည်း ​တိုက်တွန်းလိုက်ပါတယ်။
ဟိုနိုလူလူမြို့ဟာ ​အမေရိကန်နိုင်ငံရဲ့ ​ရာသီဥတုသုတေသနစင်တာကြီးဖြစ်နေပြီး ​ရာသီဥတုပြောင်း လဲမှုကြောင့် ​ပင်လယ်ရေမြင့်တက်လာမှုနဲ့ ​ဆူနာမီရေလှိုင်းတွေကို ​တောက်လျှောက်ထောက်လှမ်းတဲ့ ​စင်တာကြီးလည်း ​ရှိပါတယ်။
အာဆီယံနဲ့ ​အမေရိကန် ​တပ်တွေကြား ​လူသားခြင်းစာနာမှု ​အကူအညီပေးရေးတွေမှာ ​ပူးပေါင်းမှုတွေ ​ပိုရှိလာပေမယ့် ​ဒီထက်မက ​ပူးပေါင်းမှုတွေလုပ်ဖို့လိုပြီး ​အာဆီယံနဲ့ ​ပစိဖိတ်ဒေသအတွင်း ​မုန်တိုင်းတွေ၊ ​သဘာဝဘေးအန္တရာယ်တွေ ​ကျရောက်နိုင်တယ်လို့လည်း ​သိပ္ပံပညာရှင်တွေက ​သတိပေးထားတယ်လို့ ​ဆိုပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ ​အဆိုအရ ​ကမ္ဘာပေါ်မှာ ​ဖြစ်ပေါ်တဲ့ ​သဘာဝဘေးအန္တရာယ် ​၇၀% ​ကို ​အာရှနဲ့ ​ပစိဖိတ်ဒေသက ​အလူးအလဲ ​ခံရတယ်လို့ ​ဖော်ပြထားပါတယ်။
အဲဒီဘေးအန္တရာယ်တွေရဲ့ ​နောက်ဆက်တွဲ ​ပြဿနာတွေကို ​ဆက်လက်ဖြေရှင်းနေရတာ ​ဖြစ်တယ်လို့လည်း ​အမေရိကန် ​သိပ္ပံပညာရှင်တွေက ​ပြောပါတယ်။

ABC Radio Australia

No comments:

Post a Comment