အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်း အတွင်း မလေးရှား လေကြောင်းလိုင်း မှ ပျောက်ဆုံးနေသည့် MH 370 လေယာဉ် ၏ အပျက်အစီး များကို ရှာဖွေမှုများ ပြုလုပ်နေစဉ် တရုတ် ရှာဖွေရေး သင်္ဘော နှစ်စင်းက ဧပြီ ၁ ရက်တွင် အဆိုပါ လေယာဉ်၏ အန္တရာယ် အချက်ပြမီး တစ်ခုကို ဆယ်ယူနိုင် ခဲ့ကြောင်း Xinhua သတင်းဌာန က ဖော်ပြခဲ့သည်။
အဆိုပါ
အချက်ပြမီး သည် MH 370 လေယာဉ်မှ အပျက်အစီး ဖြစ်နိုင်ကြောင်း ၊ သို့သော်
အတည်ပြုချက်
ရယူနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း Jinggangshan သင်္ဘော နှင့် Donghaijiu 101 သင်္ဘောတွင် လိုက်ပါ ခဲ့သည့် သင်္ဘောအမှုထမ်း များက Xinhua သတင်းဌာန သို့ ပြောကြား ခဲ့သည်။
ယင်း သင်္ဘော နှစ်စင်းသည် သြစတြေးလျ နိုင်ငံ၏ ဆိပ်ကမ်းမြို့ ၊ ပါ့သ်မြို့ အနောက်ဘက် ကီလိုမီတာ ၂၀၀၀ အကွာရှိ ရေပိုင်နက် အတွင်း အပျက်အစီး ရှာဖွေမှုများကို လုပ်ဆောင် လျက် ရှိကြောင်း သိရှိရသည်။ (Xinhua)
မြ၀တီ

No comments:
Post a Comment