Thursday, April 3, 2014

ဒေါ်အောင်ဆန်းစုကြည် ဂျာမနီသွားမည်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီလ ဒုတိယပတ်အတွင်း ဂျာမနီနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းနိုင်ငံ သမ္မတရုံးကို ကိုးကား၍ ဂျာမန်သတင်းအေဂျင်စီ dpa က ရေးသားထားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ဂျာမနီ ခရီးစဉ်အတွင်း ယင်းနိုင်ငံသမ္မတ ဂျိုအာချင်ဂေါက်နှင့် တွေ့ဆုံမည့် အပြင် နိုင်ငံတကာ ပြည်သူများအကြား နားလည်မှု မြှင့်တင်ပေးသူ များကို ရွေးချယ်ပေးအပ်သည့် Interntaional Willy Brandt Prize ကို လက်ခံရယူသွားမည် ဖြစ်ကြောင်း dpa က
ထပ်လောင်း ဖော်ပြထားသည်။
သို့သော် NLD ပါတီ ဥက္ကဋ္ဌ၏ ဂျာမနီခရီးစဉ်နှင့် ပတ်သက်၍ မသိရှိသေးကြောင်း ယင်းပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ဂျာမနီသမ္မတ ဂျိုအာချင်ဂေါက်၏ ဖေဖော်ဝါရီလအတွင်း လာရောက်သော ပထမဆုံး မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တွေ့ဆုံထားပြီး ယခု ဒုတိယအကြိမ် တွေ့ဆုံရန် စီစဉ်ခြင်း ဖြစ်သည်။
International Willy Brandt Prize မှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဂျာမနီအဓိပတိဟောင်း Willy Brandt ကို ဂုဏ်ပြုသောအားဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ပြည်သူများ ပိုမို စည်းလုံးရန် စေ့စပ်ညှိနှိုင်း ဆောင်ရွက်နေသူများကို ရွေးချယ်ပေးအပ်သော ဂုဏ်ထူးဆောင်ဆု ဖြစ် သည်။

The Voice

No comments:

Post a Comment