Wednesday, May 21, 2014

ကျောင်းသားနှင့် လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံရသည့် မူလတန်းကျောင်းအုပ် အလုပ်ထုတ်ခံရ

စတုတ္ထတန်း ကျောင်းသားကလေးငယ်အား လိင်တူဆက်ဆံသည်ဟု စွပ်စွဲခံထားသော ပဲခူးတိုင်း၊ ပြည်မြို့ နယ်၊၀က်ထီးကန်မြို့၊ အမက(၁)ရွေကန်သာကျောင်းမှ လုပ်သက် ၂၂ နှစ်ရှိ မူလတန်းကျောင်းအုပ်ကြီးကို အလုပ်ထုတ်ပစ် လိုက်ပြီဖြစ်ကြောင်း ပြည်မြို့နယ် လက်ထောက်ပညာရေးမှူး ဦးနိုင်အောင်ထွန်းက မဇ်္ဈိမကို ပြောသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာလအတွင်းက ဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဉ်ကို ကျောင်းအုပ်ဆရာကြီးအား လူမှုရေးအရသာ စစ်ဆေးမေးမြန်းပြီး မေလ ၁ ရက်တွင် ပင်စင်မဲ့ အလုပ်ထုတ်လိုက်ခြင်းဖြစ်သည်။

“သူက မူလတန်းကျောင်းအုပ်၊ အလယ်တန်းရာထူးတိုးပေး လိုက်ရင်လည်း ပြဿနာထပ်ဖြစ်မှာ စိုးလို့ ဖြုတ်ပစ် လိုက်တာ” ဟု ဦးနိုင်အောင်ထွန်းက ပြောသည်။

ကျောင်းအုပ်ဆရာကြီးနှင့် လေးတန်းကျောင်းသားသည် ကျောင်းအိမ်သာထဲတွင်နှစ်နာရီကြာအတူရှိနေ သည်ကို မျက်မြင်တွေ့ရှိသူဆရာမများက ကျောင်းသားအားမေးမြန်းခဲ့ပြီး ကလေးမိဘများထံ အကြောင်း ကြားခဲ့ခြင်းဖြစ်သည်။

မိဘများကကျောင်းအုပ်ဆရာကြီးအားထိရောက်စွာအရေးယူပေးရန်နှင့် ၎င်း၏သားအားအဆိုပါကျောင်း မှထွက်ခွင့်ပြုရန် အုပ်စုကျောင်းအုပ်ကြီးထံနှုတ်ဖြင့် တောင်းဆိုခဲ့ရာ အုပ်စုကျောင်းအုပ်ကြီးက မြို့နယ် ပညာရေးမှူးရုံးသို့တင်ပြရာ ကျောင်းသားကို အဆိုပါကျောင်းမှ နုတ်ထွက်ခွင့်ပြုကာ အခြားကျောင်းသို့ ရွှေ့ပြောင်း ပေး ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ပြစ်မှုကျူးလွန်သည်ဟု ဆိုသည့် ကျောင်းအုပ်ဆရာကြီးထံ မဇ်္ဈိမက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ပြန်လည်ဖြေဆိုရန် ငြင်းဆန်သည်။

Mizzima

No comments:

Post a Comment