Wednesday, May 21, 2014

အမျိုးစောင့်ဥပဒေထောက်ခံပွဲ ဦးဆောင်ပြုလုပ်သူကို ဒေသန္တရအမိန့်ဖြင့် အရေးယူ

အမျိုးစောင့်ဥပဒေထောက်ခံပွဲနှင့် အမျိုးသားရေးအသိပညာပေးဟောပြောပွဲကို ခွင့်ပြုမိန့်မရှိဘဲ ပြု လုပ်ခြင်းကြောင့် ပွဲဖြစ်မြောက်ရေး ဦးဆောင်သူကို ဒေသန္တရအမိန့် ပုဒ်မ(၁၈၈) ဖြင့် မြောက် ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးက အမှုဖွင့် အရေးယူလိုက်သည်။

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင် မေလ ၁၁ ရက်က ပြုလုပ်သည့် အဆိုပါ ဟောပြောပွဲကို ရန်ကုန်တိုင်း ခွင့်ပြုမိန့်မကျဘဲ ပြုလုပ်သည်ဟုဆိုကာ ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့်ထားကြောင်း မျိုးချစ်လူငယ်များကွန်ရက်အဖွဲ့ခေါင်းဆောင် ဦးဇော်ဝင်းက ပြောသည်။

ပွဲဖြစ်မြောက်ရေးအတွက် ဧပြီ ၂၅ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူး၊ မြို့နယ် သံဃနာယကနှင့် မြောက်ဥက္ကလာပ အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့ (မဘသ)၊ မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ မြို့နယ်သာသနာရေးမှူးတို့၏ ထောက်ခံ ချက်များ၊ ဟောပြောမည့် သူ၏ ကိုယ်ရေးအတ္ထု ပ္ပတ္တိများ အပါအ၀င် ခွင့်ပြုမိန့်တောင်းခံလွှာကို မြို့နယ်အုပ်ချုပ်ရေးမှူးထံ တင်ပြခဲ့သည်ဟု ၎င်းက ဆိုသည်။

မြို့နယ်အဆင့်မှ ခွင့်ပြုမိန့် ချထားပေးပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးထံ ထပ်မံတင်ပြခဲ့ရာတွင် လည်းပွဲပြု လုပ်ခွင့်ပေးခဲ့ပြီး တိုင်းအစိုးရထံ တင်ခဲ့သည်။

တိုင်းအစိုးရထံတင်ပြီးနောက်ပွဲလုပ်မည့်ရက်မတိုင်ခင်နှစ် ရက်အလိုတွင် မြို့နယ် အုပ်ချုပ်ရေးမှူးကတစ်ဆင့် ၎င်းတို့ရုံးသို့ ပွဲလုပ်ရန် ခွင့်မပြုကြောင်း ဖက်(စ်)၀င် လာခဲ့သော်လည်း တရားဝင် အကြောင်း ကြားစာ ရောက်ရှိခြင်းမရှိဟု ပြောသည်။

ယင်းနောက်ထပ် မံခွင့်ပြု ရန်အတွက်မြို့နယ်အုပ်ချုပ်ရေးမှူးထံ သွားရာတွင် ၎င်းကနေဖြင့်တရားဝင်စာမ ထွက်သေးသည့်အတွက် ထပ်မံတင်ရန်မဖြစ်နိုင်ဘဲ အခက်အခဲရှိနေသည်ဟုဆိုကာ တိုင်းအစိုးရထံ တိုက် ရိုက်ခွင့်မိန့်ယူရန် အကြံပြုခဲ့သည်ဟု ဆိုသည်။

“ရန်ကုန်တိုင်း လွှတ်တော်သွားပြီး လွှတ်တော်ဥက္ကဋ္ဌဦးစိန်ဝင်းနဲ့တွေ့ပြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေထံ ပေးဖို့ ခွင့် ပြုချက် တောင်းတဲ့စာ ပေးခဲ့တယ်” ဟု ဦးဇော်ဝင်းက ပြောသည်။

မြောက်ဥက္ကလာပ မြို့နယ်အုပ်ချုပ်ရေးမှူးကမူ တိုင်းအစိုးရမှ ပွဲလုပ်ရန် ခွင့်ပြုမိန့်ကိုနှုတ်ဖြင့်ပြောကြားရုံဖြင့်ပင် ခွင့်ပြုပေးမည်ဖြစ်ကြောင်း တုန့်ပြန်ထားသည်ဟု ဆိုသည်။

မြို့နယ်အုပ်ချုပ်ရေးမှူးကမူ ပွဲပြုလုပ်မည့် မေ ၁၁ ရက် နေ့လယ်တွင် ပွဲစီစဉ်သူ ဦးဇော်ဝင်းအား ဖုန်းဆက် ခေါ်ကာ မြို့နယ်ကော်မတီရှေ့တွင် ခံဝန်ထိုးခိုင်းခဲ့သည်။

“ကျွန်တော်က လက်ခံလက်မှတ်ထိုးလိုက်ပါတယ်။ ပွဲက ညနေ ၃ နာရီ စမှာမို့လို့ပါ” ဟု ဦးဇော်ဝင်း က ပြောသည်။

ပွဲစီစဉ်သူကို အမှုဖွင့်ထားခြင်းနှင့် ပတ်သက်၍ မြောက်ဥက္ကလာပမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ မေးမြန်းရန် ဖုန်းအကြိမ်ကြိမ်ဆက်သော်လည်း ဆက်သွယ်မှုမရရှိခဲ့ပေ။


Mizzima

No comments:

Post a Comment