Thursday, May 15, 2014

မိုးကြိုးကြောင့် သန်လျင်တွင် လူနှစ်ဦးသေဆုံး

ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ မိုးကြိုးပစ်ခတ်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

မ ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးတွင် မိုးထစ်ချုန်းရွာသွန်းခဲ့ပြီး သန်လျင်မြို့နယ်တွင် မိုးကြိုးများပစ်ခတ် ခဲ့ရာ မိုးရွာ၍ လယ်ကွင်းထဲရှိ တဲအတွင်း ၌ မိုးခိုနေသူအမျိုးသားတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ပြီး တစ်ဦးမှာ မိုးကြိုးပစ်ခတ်သံကြား၍ရုတ်တရက် နှလုံးခုန်ရပ်ကာ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
မိုးကြိုးထိမှန်သေဆုံးသူမှာသန်လျင်မြို့နယ်ရုံးသပြေကန်ကျေးရွာတွင် နေထိုင်သူ အသက် ၂၃ နှစ်အရွယ် လယ်သူရင်းငှားအမျိုးသားတစ်ဦးဖြစ်ပြီး မိုးကြိုး ပစ်ခတ်မှုကြောင့် နှလုံးခုန်ရပ် သေဆုံးသူမှာ သန်လျင်မြို့နယ်
သဲဖြူချောင်းကျေးရွာ တွင်နေထိုင်သူ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။
ဖစ်စဉ်များနှင့်ပတ်သက်ပြီးသန်လျင်မြို့မရဲစခန်းမှ သေမှုသေခင်းများ ရေးဖွင့်ကာ အမှုစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မိုးဦးကာလ မြန်မာနိုင်ငံ၏ ရာသီဥတုဖြစ်စဉ်များနှင့်ပတ်သက်ပြီး မိုးလေ ဝသပညာရှင် ဒေါက်တာ ထွန်းလွင်က မေလ ဒုတိယပတ် ၇ ရက်မှ ၁၃ ရက်အတွင်း မုန်တိုင်းအန္တရာယ်များကြောင့် မိုးကြိုးမုန်တိုင်းများ ကျရောက်နိုင်ခြေရှိကြောင်းကို သတိပေးနှိုးဆော် ထားကြောင်း သိရသည်။

No comments:

Post a Comment