Friday, May 16, 2014

ဘုရားပွဲမှအပြန် လမ်းကြုံလိုက်သူအား သားမယားအဖြစ်ပြုကျင့်

၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့ နံနက် ၁ နာရီခွဲအချိန်ခန့် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နေ မxxx (၃၁)နှစ်သည် လယ်ကိုင်းဘုရားထီးတင်ပွဲမှ အဖော်(၃)ဦးနှင့်အတူ စက်ဘီးဖြင့်ပြန် လာစဉ် မောင်ဝမ်းကွဲ၏ သူငယ်ချင်းဖြစ်သူ ကျော်သက်(၂၂)နှစ်မှ ဆိုင်ကယ်ဖြင့် လိုက်ရန် ခေါ်သဖြင့် လိုက်သွားခဲ့ရာ နေအိမ်သို့
လိုက်မပို့ဘဲ လမ်းတွင် ကျော်သက်မှ မxxxအား အလိုမတူဘဲ သားမယားအဖြစ် ပြုကျင့်ခဲ့သောကြောင့် အရေးယူပေးရန် တိုင်တန်းရာ ကျော်သက်အား လယ်ကိုင်း နယ်မြေရဲစခန်း (ပ) ၂၀/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်

No comments:

Post a Comment