Wednesday, May 28, 2014

လွိုင်ကော်တွင် မီးလောင်၊ ၁ ဦး ဒဏ်ရာရ

fire burning
ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ထဲမှာ မေလ ၂၇ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုတခုဖြစ် ပွားပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။
မီးလောင်ကျွမ်းတဲ့နေရာဟာ မော်ချီး-လွိုင်ကော်ကားဂိတ်က ဈေးဆိုင်ခန်းတွေ ဖြစ်ပြီး မနက် ၁၁ နာရီခွဲက စလောင်ကာ မီးသတ်ကား ၃ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့တဲ့အတွက် ၁၀ မိနစ်အကြာမှာ မီးညွန့်ကျိုး သွားတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။
စစ်ဆေးချက်တွေအရ ဆိုင်ခန်းအမှတ် ၃ မှာ အသက် ၅ နှစ်ရွယ် မိန်းကလေး ၁ ဦးက ဓာတ်ဆီပုံးဘေး နားမှာ မီးခြစ်နဲ့ ဆော့ကစားရာက စတင်လောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။
၂ ခန်းတွဲ ဆိုင်ခန်း ၃ ခုပါ စုစုပေါင်း ဆိုင်ခန်း ၄ ခန်း မီးလောင်ပျက်စီးပြီး မိန်းကလေးငယ်ရဲ့ အစ်မဖြစ် သူလည်း အောက်ပိုင်းဒဏ်ရာရတဲ့အတွက် လွိုင်ကော်ဆေးရုံကြီးမှာ တက်ရောက် ကုသနေရတယ်လို့ ဦးသန်းထွေးက ဆက်ပြောပါတယ်။
မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ ထမင်းဆိုင်၊ ဆန်ဆိုင်နဲ့ ကုန်စုံဆိုင်တွေ ဖြစ်ပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ၁၈ သိန်းလို့ မီးသတ်တပ်ဖွဲ့က ခန့်မှန်းကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မီးဆော့သူ မိန်းကလေးရဲ့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းအေးကို လွိုင်ကော်ရဲစခန်းမှာ ပုဒ်မ ပ ၈၉ – ၂၀၁၄ / ၂၈၀ ( က ) နဲ့ အမှုဖွင့်ထားတယ်လို့ ဦးစီးမှူးက ပြောသွားပါတယ်။

No comments:

Post a Comment