Wednesday, May 28, 2014

ကျောင်းပျက်မှုများနေခြင်းကြောင့် အခမဲ့မူလတန်းပညာရေးစနစ် အကောင် အထည်ဖော်ရန် ခက်ခဲနေဟုဆို

ရန်ကုန်၊ မေ ၂၆- ကျောင်းတက်ရန် ပျက်ကွက်မှုများနေခြင်းကြောင့် အခမဲ့ မူလတန်းပညာရေး စနစ်အကောင် အထည်ဖော်ရန် ခက်ခဲလျက်ရှိကြောင်း သိရသည်။ ၂၀၁၃-၂၀၁၄ပညာသင်နှစ်တွင် ပညာရေးဝန်ကြီးဌာနမှ မသင်မနေရ အခမဲ့မူလတန်း ပညာရေး ကို စမ်းသပ် အကောင်အထည်ဖော် ခဲ့သော် လည်း ကျောင်းသားများ ကျောင်းပျက်မှု များခြင်းနှင့် ကျောင်းသား မိဘများ၏ ပူးပေါင်းပါဝင်မှုမရှိခြင်းတို့ကြောင့် ခက်ခက်ခဲခဲ အကောင် အထည်ဖော် နေရကြောင်း မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

''မသင်မနေရဆိုရင် သင်မယ် ဆိုရင်ဘာလုပ်ပေးမလဲ။ မသင်ဘူးဆို ရင်ရော ဘာလုပ်မှာလဲဆိုတဲ့ ဥပဒေ တော့လိုတယ်။ ကျွန်တော်တို့ကမသင် မနေရလုပ်တော့ ကျောင်းပျက်တဲ့ က လေးတွေ အရမ်းများနေတယ်။ ဒါဟာ အဓိကအခက်အခဲ တစ်ခုလိုဖြစ်နေ တယ်''ဟုမန္တလေးတိုင်းဒေသကြီး ပညာ ရေးမှူးရုံးမှ အရာရှိကပြောသည်။

ပညာရေးဝန်ကြီးဌာန မှ မသင် မနေရအခမဲ့မူလတန်းပညာရေးစနစ် ကို ကျောင်းနေမြဲနှုန်းနိမ့်သော၊ အတန်း ကူးပြောင်း မှုနည်းသော ၊ ကျောင်းထွက် နှုန်းများသောဒေသများတွင် အဓိက ထားပြီးစမ်းသပ် အကောင်အထည် ဖော်ကြောင်း သိရသည်။

ယခုပညာသင်နှစ်တွင် စမ်းသပ် လေးမြို့နယ်တွင် မသင်မနေရ အခမဲ့ မူလတန်းပညာရေးစနစ် အကောင် အထည်ဖော်ရန် အတွက် ဝန်ကြီးဌာန မှထောက်ပံ့မည့်အစီအစဉ်များကိုညွှန် ကြားလာခြင်းမရှိသေးဘဲ ယခုနှစ်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ထောက် ပံ့မှုများတိုးတက်လာနိုင်ဖွယ်ရှိကြောင်း သိရသည်။

''မသင်မနေရအခမဲ့ မူလတန်း အတွက် တခြားကျောင်းတွေလိုပဲ ကျောင်း ဝင်ကြေး ကင်းလွတ်ခွင့်ပေး တယ်။ ဗလာစာအုပ်အခမဲ့၊ ပုံနှိပ်စာ အုပ် အခမဲ့၊ ပိုက်ဆံတစ်ထောင်ပေး တယ်။ ကျန်တဲ့ကျောင်းတွေနဲ့အတူ တူပဲဟု မန္တလေးတိုင်းဒေသကြီး၊ မဟာ အောင်မြေမြို့ နယ် ပညာရေးမှူး ဒေါက် တာသက်လှစုက ပြော သည်။

အခမဲ့မူလတန်းပညာရေးစနစ် ကို ထိရောက်စွာအကောင်အထည် မဖော်နိုင်သေးခြင်းမှာ မိသားတစ်ခု အတွက် တစ်ဖက်တစ် လမ်းမှ ဝင်ငွေ ရှာပေးနေသည့် ကလေးတစ်ယောက် အတွက် ပညာရေးဌာနမှထောက်ပံ့ မှုမပေးနိုင်သေးခြင်းနှင့် ဥပဒေကိစ္စ များတွင် ထိရောက်စွာမပြဋ္ဌာန်း နိုင် သေးခြင်း တို့ကြောင့်ဟု သိရသည်။

''ဒီစနစ်ကိုအကောင်အထည် ဖော်တာက ဝန်ကြီးဌာနဘက်က လို အပ်တာတွေဖြည့်ဆည်းပေးနေပေ မယ့် ဥပဒေကိစ္စတွေ မရှိသေးဘူး။ပြီးတော့ ကျောင်းအကျိုးတော်ဆောင် တွေ၊ ဆရာတွေကရပ်ကွက်တွေထဲ အထိလိုက်ပြီး ကျောင်းတက်အောင် လိုက်စည်းရုံးနေပေမယ့်၊ ကျောင်း တက်ရင်ဘာရမှာလဲ။ ဘာပြန်ပေးမှာ လဲဆိုတာတွေနဲ့ မိဘတွေဘက်က ပြန်ပြောလာတော့ ကျွန်တော်တို့ ဘက်က အဲ့ဒီအပိုင်းကိုမဖြည့် ဆည်း ပေးနိုင်သေးဘူး''ဟုမန္တလေးတိုင်း ဒေသကြီးပညာရေးမှူးရုံးမှအရာရှိ တစ်ဦးကပြောသည်။

ယခုနှစ်တွင် ကမ္ဘာ့ဘဏ်မှအတိုး မဲ့ချေးငွေများဖြင့်ပညာသင်ထောက် ပံ့ကြေးများ၊ ကျောင်းထောက် ပံ့ ကြေးများကို ဆင်းရဲမွဲတေ မှုများသော ဒေသနှင့် ကျောင်းထွက်မှု များသော၊ ကျောင်းနေနှုန်း နည်းသောဒေသများ ကို အဓိကထားထောက်ပံ့ သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

A T K [--Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment