Wednesday, May 21, 2014

ဘောလုံး ကွင်းထဲက ကြောက်စရာ မြေကျွံကျမှု

တုန်လှုပ်စရာဖြစ်ရပ်တခုပါ။ အမေရိကန်ပြည်ထောင်စု တန်နယ်ဆီ ပြည်နယ် တက္ကသိုလ်တခုထဲက
ဘောလုံးကွင်းမှာ မြေကျွံကျမှုတခုဖြစ်ခဲ့ပါတယ်။ Austin Peay State University အုပ်ချုပ်ရေးမှူးရဲ့ အားကစားရုံဝန်းထဲမှာ ထိုင် ခုံ ၁ သောင်း ဆန့်တဲ့
ဘောလုံး ကွင်း တည်ဆောက်နေချိန်မှာ ပေ ၄ဝ လောက်ကျယ်ပြီး ပေ ၄ဝ လောက်နက်တဲ့ မြေကျွံကျမှု ဟာ ဘောလုံးကွင်း တနေရာမှာဖြစ်သွားခဲ့တာပါဘဲ။

ကံကောင်းတာက လူ ထိခိုက်ဒဏ်ရာရမှု မရှိတာပါ။ အစ ပထမမှာ ၃ ပေ၊ ၅ ပေ ဝန်းကျင်လောက် မြေကျွံ ကျ တဲ့ အပေါက်စဖြစ်ရာက တဖြည်းဖြည်း ကြီးလာပြီး အံ့သြလောက်အောင် အပေါက်ကြီးဖြစ်သွားတာပါ တဲ့။

အခုလို မြေကျွံကျမှုမျိုးတွေဟာ ကမ္ဘာ့နေရာအတော်များများမှာ ဖြစ်လေ့ဖြစ်ထ ရှိပြီး ဒါဟာ မြေအောက်
ရေစီးကြောင်းတွေရဲ့ ရေတိုက်စားမှုကြောင့်လည်းဖြစ်တတ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဧရာဝတီ

No comments:

Post a Comment