Friday, May 16, 2014

စက်ဘီးစီးနင်းလာသူနှင့် ဆိုင်ကယ်စီးနင်းလာသူ (၂) ဦး တစ်ပြိုင်နက် မိုးကြိုး ထိမှန်သေဆုံး

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် တွင် မေလ (၁၄) ရက်နေ့က စက်ဘီးစီးနှင်း လာသူနှင့် ဆိုင်ကယ်စီးနှင်းလာသူ အမျိုးသားနှစ်ဦး တစ်ပြိုင်နက်တည်း မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း သုံးခွမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာမေလ(၁၄) ရက်နေ့ နေ့ လယ် (၃) နာရီခွဲအချိန်ခန့်တွင် သုံးခွမြို့နယ်၊ ပုလဲကျေးရွာ အရှေ့ကွင်း လမ်းမပေါ်တွင် ဦးဖြိုးလှိုင် မှာ စက်ဘီးဖြင့်လည်းကောင်း၊ မောင်နိုင်နိုင်မှာ ဆိုင်ကယ်ဖြင့် လည်းကောင်း စီးနင်းလာကြစဉ် မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်း များအရ သိရသည်။ စက်ဘီးကို
ဆိုင်ကယ်က ကျော်တက် တဲ့ အချိန်မှာပဲ မိုးကြိုးပစ်ချလိုက်တာ။ အဲဒီမှာ နှစ်ယောက်စလုံး ဒဏ်ရာတွေ ရရှိပြီး သေဆုံး သွားတာ ဟု သုံးခွမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ထိုသို့ သေဆုံးရာတွင် ဦးဖြိုးလှိုင်တွင် ဦခေါင်းဝဲဘက်ခြမ်း မီးလောင်ဒဏ်ရာ၊ ၀ဲ/ယာ နားသွေးထွက် ဒဏ်ရာ များနှင့်မောင်နိုင်နိုင်တွင် နှာတံပွန်းခြစ်၊ ၀ဲလက်ခုံ ပွန်းခြစ် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းတို့ သေဆုံးမှုနှင့် ပတ်သက်၍ သုံးခွ မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် (၁၁/၂၀၁၄) ဖြင့် စစ်ဆေး ဆောင်ရွက်ထားကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment