Friday, May 16, 2014

မိုဘိုင်းဖုန်းမှတစ်ဆင့် ငွေလွှဲလုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်နိုင်မည့် မိုဘိုင်းပိုက်ဆံစနစ်ကို အူရီဒူးက မြန်မာနိုင်ငံတွင် မိတ်ဆက်မည်

ရန်ကုန်၊ ကာတာတယ်လီကွန်း(အူရီဒူး)က အရှေ့ အလယ်ပိုင်း၊ အာဖရိကနှင့် အရှေ့တောင်အာရှ ဒေသ တို့တွင် မိုဘိုင်းပိုက်ဆံ ဦးဆောင်ဦးရွက် အစီအစဉ် Mobile Money ကို စတင်လိုက် ခြင်းသည် ဘဏ်လုပ်ငန်းစနစ်ချည့်နဲ့အားနည်း လှသော မြန်မာနိုင်ငံအတွက် ကြီးမားသော ခြေ လှမ်းတစ်ရပ် ဖြစ်လာမည်ဟု Gulf Times သတင်းစာက ရေးသားလိုက်သည်။

သန်း ၆ဝ ခန့်ရှိမည်ဟုခန့်မှန်းထားသော မြန်မာနိုင်ငံတွင် လူဦးရေစုစုပေါင်း၏ ရာခိုင် နှုန်း ၈ဝ မှာ ဘဏ်ဝန်ဆောင်မှုများနှင့်ဝေးနေ ပြီး အချို့ဆိုလျှင် ဘဏ်စာရင်းပင်ဖွင့်ထားနိုင် ခြင်းမရှိကြောင်း အဆိုပါသတင်းက ဆက်လက် ရေးသားထားသည်။
ယင်းလိုအပ်ချက်များကို ဖြည့်ဆည်းရန် အတွက် အူရီဒူးက မိုဘိုင်းဖုန်းသုံးကာ ငွေလွှဲ နိုင်သည့် မိုဘိုင်းပိုက်ဆံစနစ်ကို မိတ်ဆက်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ တွင် မြန်မာနိုင်ငံ၌
လူဦးရေ၏ ၁၂ရာခိုင်နှုန်း ခန့်သာ မိုဘိုင်းဖုန်းသုံးစွဲနိုင်ရာ မိုဘိုင်းဆက်သွယ် ရေးအော်ပရေတာ အသစ်များကြောင့် လာမည့် နှစ်အနည်းငယ်အတွင်း လူဦးရေထက်ဝက်ခန့် မိုဘိုင်းဖုန်းသုံးစွဲနိုင်မည့် အလားအလာရှိနေ ကြောင်းလည်း ဈေးကွက်သုတေသနပညာ ရှင်များက ခန့်မှန်းထားကြသည်။

CB Bank IT ဌာနမှ ဦးဇေယျာအောင် က ''Mobile Banking စနစ်ကတော့ ဘဏ် တွေအတွက် ဝန်ဆောင်မှုတစ်ခုပေါ့။ အခုလိုမျိုး ဖုန်းကနေ ငွေလွှဲတဲ့စနစ် လုပ်နိုင်ပြီဆိုရင်တော့ ဘဏ်တွေကို လာစရာမလိုတော့ဘူးပေါ့။ အခု အစ်ကိုတို့က မြန်မာ့ဆက်သွယ်ရေးနက်ဝပ်ကို ပဲ သုံးနေရတာဆိုတော့ ဒီလိုမျိုးလုပ်မယ်ဆိုရင် ဆက်သွယ်ရေးလိုင်းတွေ ကောင်းဖို့တော့ လို မယ်။ ဖုန်းနဲ့ငွေလွှဲတာတွေ လုပ်တော့မယ်ဆို တော့ ကတ်သုံးတာကနေ ဖုန်းနဲ့ပဲအလုပ်လုပ် တော့မှာပေါ့။ ဘဏ်တွေအနေနဲ့ကျတော့ မိုဘိုင်း ပိုက်ဆံစနစ်ကိုကျင့်သုံးရင် ထိခိုက်မှုအနည်း ငယ်ရှိတယ်။ ဘာလဲဆိုတော့ ဘဏ်ကိုမလာ တော့တဲ့အတွက် ဝန်ဆောင်ခတွေ မရှိတော့ ဘူးပေါ့။ ဒီလိုဖုန်းနဲ့ငွေလွှဲမှုတွေလုပ်လို့ သုံးစွဲ သူကလဲ ဘာမှစိုးရိမ်စရာမလိုဘူး။ အာဖရိက က သုံးဖူးတဲ့ နမူနာတွေယူပြီး အသုံးပြုတယ်။ Mobile Banking စနစ်မှာပေါ့'' ဟု ပြောသည်။

မိုဘိုင်းပိုက်ဆံစနစ်ကို မြန်မာနိုင်ငံတွင် ခပ်မြန်မြန်ကျင့်သားရ သုံးစွဲသွားနိုင်ဖွယ်ရှိသည့် အပြင် ငွေလွှဲ လုပ်ငန်း သာမက ငွေစုဆောင်းခြင်း နှင့် ရင်းနှီးမြှုပ်နှံခြင်းများစသည့် ဘဏ္ဍာငွေ ကြေးဝန်ဆောင်မှု များကိုပါ ပြည်သူများသုံးစွဲ လာနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ထိုစနစ်ကျင့်သုံးနိုင်ရေး အတွက် နိုင်ငံတော်ဘဏ်လေးဘဏ်နှင့် ပုဂ္ဂလိ ကဘဏ် ၁၆ ဘဏ်အပြင် သက်ဆိုင်ရာဝန်ကြီး ဌာနနှင့် ပြောဆိုဆွေးနွေးခဲ့ရာတွင် ၄င်းတို့က ကန့်ကွက်မှုမရှိခဲ့ကြ ဟုလည်း သတင်းက ရေး သားထားသည်။
''မိုဘိုင်းဖုန်းကနေတစ်ဆင့် ငွေလွှဲတဲ့အလုပ်ဟာ ဦးစားပေးမခံရတဲ့ လူ တွေရဲ့နေ့စဉ်ဘဝကိုပြောင်းလဲပေးနေပါတယ်။ သူတို့ဟာ အချိန်မရွေး နေရာ မရွေး ဘယ်တုန်းကမှထင်မထားခဲ့တဲ့ မိုဘိုင်းဖုန်းသုံးပြီး စီးပွားရေးလုပ်ငန်းတွေ လုပ်နိုင်ကြပါပြီ''ဟု မြန်မာမိုဘိုင်း ပိုက်ဆံအစီအစဉ်အတွက် နည်းပညာပံ့ပိုး သည့် နည်းပညာကုမ္ပဏီ အိုဘာသာနည်းပညာမှ အမှုဆောင် ပန်ကပ်ခ်ဂူလာတီက ပြောဆိုကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

Yangon Media Group

No comments:

Post a Comment