Friday, May 30, 2014

ခရမ်းလွန်ရောင်ခြည်ဆက်လက်မြင့်တက်နေ

မိုးဦးကာလသို့ရောက်ရှိနေသော် လည်း ခရမ်းလွန်ရောင်ခြည်ဆက် လက် မြင့်တက်နေဆဲဖြစ်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်ကပြောကြားသည်။
ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်းအခြေအနေသည်လွန်ကဲအဆင့် ရှိသည့် ၁၁ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေပြီး ကချင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့မှလွဲ၍ မြန်မာတစ်နိုင်ငံလုံး သို့ကျရောက်နိုင်ကြောင်း၊ ယခုလ ၃ဝရက်အတွက် ခန့်မှန်းချက်များ အနေဖြင့် ကော့သောင်း ၁၂ ဒသမ ၂၊ ထားဝယ် ၁၂ ဒသမ ၄၊ မော် လမြိုင် ၈ ဒသမ ၄၊ ရန်ကုန် ၈ ဒသမ ဝ၊ နေပြည်တော် ၁၂ ဒသမ ၅၊ မကွေး ၁၂ ဒသမ ၆၊ မန္တလေး ၁၂ ဒသမ ၃နှင့် မြစ်ကြီး နားတွင် ၁၈ ဒသမ ၈ဖြစ်ကြောင်း ဦးထွန်းလွင်ကခန့်မှန်းထားသည်။
''ခရမ်းလွန်ရောင်ခြည်အညွှန်း ကိန်းက ၈ နဲ့ ၉ ကိုမြင့်တယ်လို့ခေါ် တယ်။၁ဝနဲ့ ၁၁ကို အလွန်မြင့်တယ် လို့ခေါ်တယ်။၁၁ရဲ့အထက်ကိုတော့ အညွှန်းကိန်းလွန် အဆင့်လို့ခေါ် တယ်။ ဒီနှစ်မြန်မာနိုင်ငံမှာ အပူ ဆုံးက မြန်မာပြည်အထက်ပိုင်းနဲ့ မြောက်ပိုင်းတွေပါ''ဟုဒေါက်တာ ထွန်းလွင်ကပြောသည်။
အမေရိကား မိုးလေဝသဌာနမှ ခန့်မှန်းချက်အရ ဧပြီ၊ မေ၊ ဇွန်သုံး လတွင် အပူချိန်အများဆုံးသည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည် နယ်၊ စစ်ကိုင်းတိုင်း(အထက်ပိုင်း) ဒေသများတွင် ရာခိုင်နှုန်း ၅ဝမှ ၆ဝ ပိုနိုင်ပြီး ရှမ်းပြည်နယ်(မြောက် ပိုင်း)၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ ချင်းပြည်နယ်၊ရခိုင်ပြည်နယ်တို့တွင် ပုံမှန်အနေအထားထက် ၄ဝ မှ ၅ဝ ရာခိုင်နှုန်းပိုနိုင်ကြောင်း၊ ကျန်ဒေသ များတွင် ၄၅မှ ၅ဝ ရာခိုင်နှုန်းအထိ ပိုနိုင်ကြောင်းသိရသည်။
''မြန်မာပြည်မြောက်ပိုင်းဟာ ပူရမယ့်ဒေသမဟုတ်ဘူး။အေးရမယ့်ဒေသပါ။အေးရမယ့်ဒေသမှာ အပူ ချိန်တွေပုံမှန်ထက်မြင့်နေတယ်ဆိုတာ ကိုက ကျွန်တော်တို့ဒေသရဲ့မုတ်သုံ ဟာ အခြေအနေ မကောင်းဘူး''ဟု ဒေါက်တာထွန်းလွင်ကပြောသည်။

The Union Daily

No comments:

Post a Comment