မုတ်သုံ ရာသီဥတု ကာလသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်မေလကုန် အထိ မိုးကြိုးပစ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာနိုင်သည်ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
မုတ်သုံ ဝင်ရောက်မှု အနေဖြင့် မြန်မာနိုင်ငံ တောင်ပိုင်းတွင် မုတ်သုံ စတင် ဝင်ရောက်နေပြီး မိုးကြိုး ပစ်ခတ်မှု အထူး သတိထားရမည့် ကာလဖြစ်ကြောင်း ဆက်လက်၍ လာမည့် ငါးရက်အတွင်း တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ် အတွင်း မုတ်သုံ ဝင်ရောက်နိုင်ပြီး မိုးကြိုးပစ်ခတ်မှုများ ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

ယခုနှစ် အနောက်တောင် မုတ်သုံလေ ဝင်ရောက်မည့် အချိန်ကို မြန်မာနိုင်ငံ တောင်ပိုင်း ဒေသများတွင် မေ ၂ဝ ရက်ခန့်နှင့် မြစ်ဝကျွန်းပေါ် ဒေသတွင် မေ ၂၅ ရက်ခန့် ဖြစ်ကြောင်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွင် မေ ၂၈ ရက်ခန့်နှင့် မြောက်ပိုင်း ဒေသများသို့ မေလကုန်ခန့်တွင် ဝင်ရောက် နိုင်ကြောင်း၊ မိုးကြိုး ထိမှန်မှုကြောင့် နှစ်စဉ် ပုံမှန် သေဆုံးသူ ၅ဝ မှ ၈ဝ အတွင်း ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးချစ်ကျော်က ပြောသည်။
မြ၀တီ
No comments:
Post a Comment