Wednesday, May 28, 2014

လူတို့၏အရိုးကို စေတီတည်ကောင်းပါသလား

မေး။ အရှင်ဘုရား...ရုပ်ရှင်မင်းသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်မယ် လို့ ကြားမိပါတယ်။ အဲဒါ ပုထုဇဉ်လူသားတစ်ဦးရဲ့အရိုးပြာနဲ့ စေတီတည် ကောင်းပါသလားဘုရား။
ပိုင်မင်းဦး (USA)
ဖြေ။ လောကမှာ စေတီတည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ်လေးမျိုးရှိပါ တယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ စကြဝတေးမင်းတို့ဖြစ် ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အ တွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြဝတေးမင်းက ဘာ ပြုလို့စေတီတည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူ တို့ရဲ့စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချုပ် မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြဝတေးမင်းဟာ တစ်ဦး သာဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့အရာလည်းဖြစ် ပါတယ်။ ဒါကြောင့် စေတီတည်ပြီးကိုးကွယ်သင့်တဲ့အထဲမှာ စကြဝတေး မင်းတစ်ဦးလည်းအပါအဝင်ဖြစ်ပါတယ်။
(ဒီ၊၂၊၁၁၇-၈။ အံ။၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊၂၊၅၁)
ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား 'အရိုးအိုးစေတီ'တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များရဲ့အရိုးကို အရိုးအိုးစေတီအဖြစ် တည် ထားဖို့ ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင်လောက်အောင် များပြားလှပါတယ်။ ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီတည်ကြမယ်ဆိုရင် နေရာအနှံ့မရေမတွက် နိုင်လောက်အောင် များပြားလွန်းလှပါတယ်။
ဒီလိုသာဆိုရင် လူတွေကိုး ကွယ်နိုင်တော့မှာမဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထု ဇဉ်ရဟန်းတော်များပျံတော်မူရင် အရိုးအိုးစေတီတည်ထားဖို့ အခွင့်မပေး ခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁) လူသာမန်ဆိုရင်တော့ ဆိုဖွယ်ရာမရှိတော့ပါ။
မေး။ အရှင်ဘုရား...ရဟန်းတော်များမှာ ဒါယကာ၊ ဒါယကာမတို့ရဲ့ပစ္စည်း လေးပါးအထောက်အပံ့ရမှသာ သာသနာပြုနိုင်ကြပါတယ်ဘုရား။ တစ်ခါ တစ်ရံ တချို့ရင်းနှီးတဲ့အိမ်တွေကို မလွှဲမရှောင်သာသွားရပါတယ်။ အဲဒီအခါ မျိုးမှာ ရဟန်းသံဃာတော်မျာြး<ွကလာမှန်းသိ



ပါလျက် အဖက်မလုပ်၊ ခရီးဦး လည်းမကြိုဆိုတာ တွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်း ရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော်သိချင်တာက ဒီလိုအိမ်မျိုးကို နောက်တစ်ခါ သွားသင့်၊ မသင့်ဆိုတာ သိချင်ပါတယ်ဘုရား။
မနွယ်နွယ်အေး(ရန်ကုန်)
ဖြေ။ လူတွေဟာ အလုပ်ကိုအချိန်နဲ့လုပ်နေကြရတဲ့အတွက် ရဟန်းတော် များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်း ကြောင့် ဧည့်ဝတ်ချို့ယွင်းခဲ့ပေမယ့် ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသားဒါယကာအိမ်ကိုသွားတဲ့ အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိဘူးဆိုရင် နောက် တစ်ခါမသွားမိအောင် သတိထားရပါ့မယ်။ ဒါယကာများက ကိုယ့်ကို မကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါသွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။ 
ဒါကိုတော့ ခွဲခြားသိဖို့လိုပါလိမ့်မယ်။ ဒါနဲ့ပတ်သက်ပြီး အင်္ဂ္ဂုတ္တရနိကာယ်၊ ကုလသုတ်မှာ ဟောတော်မူထားပါတယ်။ ဒါတွေက (၁) မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုခြင်း၊ (၂) မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း၊ (၃) မြတ်နိုးသဖြင့် နေရာထိုင်ခင်းမပေးကြခြင်း၊ (၄) ထင်ရှားရှိတဲ့ လှူဖွယ်ဝတ္ထုကို ရဟန်း တို့အား လျှို့ဝှက်ကြခြင်း၊ (၅) လှူဖွယ်ဝတ္ထုများစွာရှိပါလျက် အနည်းငယ် ကိုသာပေးလှူခြင်း၊ (၆) မွန်မြတ်သောလှူဖွယ်ဝတ္ထုရှိပါလျက် ရုန့်ရင်း ကြမ်းတမ်းသောလှူဖွယ်ဝတ္ထုကိုပေးလှူကြခြင်း၊ (၇) ရိုသေစွာမပေးလှူ ဘဲ မရိုမသေပေးလှူကြခြင်း၊ (၈) တရားနာရန် ရဟန်းထံသို့ မချဉ်းကပ် မနေထိုင်ကြခြင်း၊ (၉) ထိုရဟန်းဟောသောတရားများကို ရိုသေစွာမနာ ယူကြခြင်း။ အထက်ပါဖော်ပြခဲ့တဲ့ အင်္ဂါကိုးချက်နဲ့ပြည့်စုံတဲ့ ဒါယကာ အိမ်သို့ ရဟန်းတော်များ မသွားရောက်သင့်ပါ။ တကယ်လို့သွားခဲ့တောင် မှ ထိုင်နေဖို့မသင့်ပါ။
(အင်္ဂ္ဂုတ္တရနိကာယ်၊ နဝကနိပါတ်၊ ပဌမပဏ္ဏာသက၊ သီဟနာဒဝဂ်၊ ကုလသုတ်)
-----------------------------------------------------------------------------------
Flower News Journal
အတွဲ ၁၀ ၊ အမှတ် ၂၀ (မေလ ၂၅ ရက်နေ့ထုတ်)

No comments:

Post a Comment