ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ် မုံးကိုးမြို့နယ်ခွဲအတွင်း အစိုးရစစ်တပ်နှင့် တိုင်းရင်းသားပူးပေါင်းတပ်ဖွဲ့များသည် မေလ၂၀ ရက် နံနက်ပိုင်းက တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်ဟု တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA မှ အတွင်းရေးမှူး ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။ မုံးကိုးမြို့နယ်၊ ခွဲကောင်းမူးလိုင်
ကျေးရွာအတွင်းအစိုးရ၏ တပ်မ ၈၈ လက်အောက်ခံတပ်ဖွဲ့များ လှုပ်ရှားလာသဖြင့်
ကချင်လွတ်မြောက်ရေး တပ်မတော် KIA ၊တအာင်းတပ်မတော် TNLA နှင့် MNDAA
(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့တို့နှင့် ယနေ့ မေလ ၂၀ ရက်
နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ “ဒီမနက် ၆ နာရီက
တိုက်ပွဲဖြစ်တာ။ သတင်းပို့တဲ့ အချိန် ၇ နာရီထိ တိုက် ပွဲကမပြီးသေးဘူး။
အဲဒီမှာက ကျွန်တော်တို့ အဖွဲ့သုံးဖွဲ့က နယ်မြေစိုးမိုးရေး ကွင်းဆင်းရင်းနဲ့
သွားတဲ့အချိန် မြန်မာစစ် ကြောင်းထိုးလာတယ်။ အဲဒီလမ်းမှာဘဲ
ထိပ်တိုက်တွေ့ကြတာ” ဟု ဗိုလ်မှူးကြီး မိုင်းဘုန်းကျော်က ပြောသည်။
လက်ရှိတိုက်ပွဲကြောင့် ထိခိုက်ကျဆုံးမှု မရှိသော်လည်း အစိုးရစစ်တပ်က
အဆိုပါနယ်မြေအတွင်းသို့ တပ် ရင်း ပေါင်း၂၀ကျော်လှုပ်ရှားနေသဖြင့်
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားရန်ရှိနေသည် ဟု ၎င်းက သုံးသပ် ထားသည်။
“နယ်မြေကကျဉ်းတော့ တပ်ရင်းတွေကများဆိုတော့ နည်းနည်းလှုပ် လိုက်တာနဲ့ တိုက်ပွဲက ဖြစ်တော့တာ” ဟု ဆိုသည်။
မေလ ၆ ရက်ကလည်း မူဆယ် ခရိုင်၊ မုံးကိုးမြို့နယ်အတွင်း ၎င်းလက် နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းသုံးဖွဲ့မှ ပူးပေါင်းတပ်ဖွဲ့များနှင့် အစိုးရတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှ ယနေ့ထိ စစ်ရေးတင်းမာနေဆဲ ဖြစ်သည်။
Mizzima - News in Burmese
No comments:
Post a Comment