Saturday, May 24, 2014

KIO နှင့် ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖွဲ့ရန် အစိုးရမှ အသင့်ဖြစ်ပြီ

ရန်ကုန်၊ မေ ၂၃- အစိုးရနှင့်ကချင် လွတ်မြောက်ရေးတပ်မတော်- KIA တို့ အကြား ဖြစ်ပွားနေသောပဋိပက္ခ များ ဖြေရှင်းရန် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေး အဖွဲ့အတွင်း ပါဝင်မည့်အစိုးရ ပိုင်းမှငါးဦးမှာ အသင့်ဖြစ်နေပြီ ဟု မြန်မာ့ငြိမ်းချမ်းရေးနှင့် ပြန်လည်ထူ ထောင်ရေးဗဟိုဌာန(MPC)မှ အကြီး တန်းအကြံပေး ဦးလှမောင်ရွှေ က ဆိုသည်။
အစိုးရပိုင်းမှ ပါဝင်မည့် ငါးဦး မှာ အသင့်ဖြစ်နေပြီဟုဆိုသော်လည်း အမည်စာရင်း ထုတ်ဖော်ပြောကြား ခြင်း မရှိသေးပေ။ အစိုးရနှင့် ကေ အိုင်အိုတို့သည် မေ ၁၃ရက် တွင် မြစ် ကြီးနားမြို့၌ တွေ့ ဆုံဆွေးနွေး ခဲ့ပြီး နှစ်ဖက် ငါးဦးစီပါဝင်သည့် ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့ဖွဲ့ရန် သဘော တူကာ မေ ၂၁ရက်တွင် တရားဝင်ဖွဲ့ စည်းပြီး အခြေခံမူ ငါးချက်နှင့်စည်း ကမ်း ၁၈ချက်ကို ရေးဆွဲမည်ဟု သဘော တူခဲ့သော်လည်း ယနေ့တိုင် ထပ်မံ မတွေ့ဆုံနိုင်သေးပေ။

''စစ်ဆေးရေးအဖွဲ့ ဖွဲ့ဖို့အတွက် ကချင်ပြည်နယ်အစိုးရက KIO ဘက် က ကိုယ်စားလှယ်တွေကို စောင့်နေ တယ်။ ဒီမှာရှိတဲ့ KIO ခေါင်းဆောင် တွေကိုလဲ ထပ်အကြောင်းကြားထား ပြီးပါပြီ။ မနေ့ကတည်းက သူတို့ကို အသိပေးထားတယ်။ KIO ဘက်က တာဝန်ရှိသူတွေ ရောက်မလာခဲ့လို့ ပါ။ ဒီဘက်က အဖွဲ့ဝင် ငါးယောက် အဆင်သင့်ဖြစ်နေပါပြီ''ဟု ဦးလှ မောင်ရွှေ က ပြောကြားခဲ့သည်။

တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေးစာချုပ်ရေးဆွဲရန် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့-NCCT နှင့် ငြိမ်း ချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ-UPWC တို့ ဆွေးနွေးပွဲ ဒုတိယနေ့ အပြီးတွင် ၎င်းက ပြော ကြားလိုက်ခြင်းဖြစ်သည်။

KIA ဘက်က ထိုအဖွဲ့ဖွဲ့စည်း ရာတွင် MPC လည်း ပါဝင်ရမည် ဖြစ်သည့် အတွက် ရန်ကုန်တွင် ကျင်းပ နေ သည့် ဆွေးနွေး ပွဲပြီးမှသာ တွေ့ဆုံ နိုင်လိမ့် မည်ဟု မီဒီယာများသို့ ဖြေ ကြားထားသည်။

တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် ဆွေးနွေးနေသည့် ကာလအတွင်း တအာင်းဒေသ၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် အတွင်း မြန်မာ တပ် မတော်က အင်အားသုံး ထိုးစစ်ဆင် နေသည်ကို ရပ်တန့်ပေးရန် အရပ် ဖက်အဖွဲ့အစည်း ၇ဝကျော်က ယခု လ တွေ့ဆုံပွဲ၌ တင်ပြတောင်းဆိုထား သည်။

''ဒီကိစ္စက စာချုပ်ဆွေးနွေး နေတဲ့အထဲမှာပါတယ်။ အစီအစဉ်တိုင်း ဆွေးနွေးနေ ရတာဆိုတော့ အထွေထွေ အခန်းမှာ ကိုယ်ဆွေး နွေးချင်တာ ဆွေးနွေးရတဲ့အခါ ဒီ ကိစ္စပါလာမှာပါ''ဟု NCCT ၏ အဖွဲ့ ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြော သည်။

အစိုးရနှင့် ကချင်လွတ်မြောက် ရေးတပ်မတော် (KIA)တို့အကြား ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဧပြီ ၁ဝရက် မှ ၁၈ရက်ခန့်အထိ တိုက်ပွဲများဆက် တိုက်ဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၅၀၀၀ ကျော် ရွှေ့ပြောင်းနေထိုင်ခဲ့ရသည်။

TH(Myit Ma Ka)
[--Democracy today Daily Newspaper--]
Yangon Media Group

No comments:

Post a Comment