Saturday, May 24, 2014

မိကျောင်းကန်နှင့် လုပ်စားနေသူများ ရပ်တန်းကရပ်သင့်ပြီ

Photo: မိကျောင်းကန်နှင့် လုပ်စားနေသူများ ရပ်တန်းကရပ်သင့်ပြီ
Saturday, May 24, 2014 

မိကျောင်းကန်သပိတ်စခန်းဆိုပြီး ဒီသီတင်းပတ်အတွင်း ပြန်လည် ဖွင့်လှစ် လာတာကိုတွေ့ရပါတယ်။အခု ဖွင့်နေတာဟာဘယ်နှစ်ကြိမ်မြောက် ဖွင့်တာဆိုတာ မမှတ်မိပေမယ့်ဆန္ဒပြနေတဲ့ လူတွေကိုတော့မှတ်မိနေပါပြီ။ တစ်ခါလာလဲဒီလူတွေ နှစ်ခါလာလဲဒီလူတွေဆိုတော့မမှတ်မိဘဲရှိပါ့မလား။ တကယ်တော့မိကျောင်းကန်မြေနေ ရာတွေဆိုတာ ပြောရမယ်ဆိုရင် မူလကနိုင်ငံတော်ပိုင်မြေနေရာတွေပါ။အဲဒီမှာကျူးကျော်နေကြတဲ့သူတွေကို ဟိုအရင်ကထဲက သင့်တော်တဲ့မြေနေရာပေးပြီးပြောင်းရွှေ့နေ ရာချထားပေးခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်တွေမှန်သမျှ မြို့ကွက်သစ်တွေမှာနေရာချထားပေးပါတယ်။

ပြောင်းရွှေ့ရေးကိုတပ်မတော်ကကားတွေ နဲ့စနစ်တကျသယ်ပို့ပေးခဲ့တာတွေ ဟာကြာပြီဆိုတော့လဲမေ့လောက်ပါတယ်။ အခုကျတော့ မြို့ကွက်သစ်တွေ မှာ မြေဈေးတွေသိန်းပေါင်းသောင်းနဲ့ချီပြီးဈေးကောင်းလာတော့မှပဲ တပ်မတော်ကြောင့်ငါတို့ချမ်းသာတယ်ဆိုတဲ့အသံတွေထွက်လာပါတယ်။ အဲဒီအထဲမှာမိကျောင်းကန်ကပြောင်းရွှေ့ သူတွေလဲ ပါဝင်ပါတယ်။ သူတို့လဲလူချမ်းသာစာရင်းမှာပါပါတယ်။ လူဆိုတာမျိုးကရလေလိုလေ အိုတစ္ဆေဖြစ်လာတာ မို့ အရင်တုန်းကနေခဲ့တဲ့မြေနေရာကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်လည်တောင်းနေတာဖြစ်ပါတယ်။ မရလဲ အရင်း၊ ရရင်တော့လဲ အမြတ်ဆိုတဲ့စိတ်ထားနဲ့ ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။

တကယ်တော့သူတို့ရဲ့ပင်ကိုယ် စိတ်ရင်းက အဲလောက်လောဘ မကြီး လှပေ မယ့် စီးပွားရေးအကွက်မြင်နေသူတွေ၊ တပ်အပေါ်လုံးဝအကောင်းမြင် စိတ်မရှိသူတွေက နောက်ကွယ်ကနေမြှောက်ပေးနေလို့ ဒီဇာတ် လမ်းတွေဖြစ်လာတာပါ။

ဆန္ဒပြနေသူတွေကိုနေ့တွက်စရိတ်တွေပေးပြီးခိုင်းစားနေတယ်ဆိုတဲ့မြေပြင်သတင်းအမှန်တွေကြောင့် ခုချိန် အထိနိုင်ငံတော်က တာဝန်ရှိသူတွေ က ဖြေရှင်းချက် တစ်စုံတစ်ရာမပေးတာဖြစ်ပါတယ်။ အရင်တုန်း ကပြီးပြတ်အောင် ဖြေရှင်းပေးထားခဲ့တဲ့ကိစ္စတွေကိုအခုမှ ချေးခြောက်ရေနူးနေတယ်ဆိုတာ တကယ်တော့ နိုင်ငံရေးအရရိုးသားမှုမရှိ ဘူးလို့ သုံးသပ်လို့ရပါ တယ်။ ဒီကနေ့မှာ ပွင့်လင်းမြင်သာစွာပဲ အစိုးရပိုင်းကလုပ်ဆောင်နေရာမှ အရင်တုန်းကသိမ်း ဆည်းထားခဲ့တဲ့ မြေယာတွေကို အထောက်အထား ခိုင်လုံစွာနဲ့ပြန်ပေးနေပါတယ်။

အရင်တုန်းကနေခဲ့တဲ့မြေနေရာ တွေကို ပြန်တောင်းကြမယ်ဆိုရင် ရန်ကုန်မြို့တော် မှာ ကျူးကျော်ခဲ့တဲ့မြေနေရာတွေဟာတစ်မြို့လုံးနီးပါးနေရာ အနှံ့ ရှိခဲ့ပါတယ်။ ဒီလိုသာတောင်းနေမယ်ဆိုရင်တော့ လွှတ်တော် သုံးရပ်ပဲဖြစ်ဖြစ်၊အစိုးရပဲဖြစ်ဖြစ်၊ကျန်တဲ့စီးပွားရေး လူမှု ရေးအသင်း အဖွဲ့တွေပဲဖြစ်ဖြစ် ဘာအလုပ်မှရှေ့ဆက်မလုပ်နိုင်ဘဲ နောက်ကြောင်းပြန် လှည့်ကြဖို့သာရှိပါတော့တယ်။

အခုလက်ရှိဆန္ဒပြတောင်းဆိုနေတဲ့ မိကျောင်းကန်မြေနေရာတွေ ဟာ တောင်း ဆိုသူ ဘက်က အမှန်အကန် ဆိုရင် အစိုးရနဲ့လွှတ်တော်က တစ်စုံတစ်ခု ဆောင်ရွက်ပေးကြမှာပါ။ အခုဟာကဆန္ဒပြသူတွေ အနေနဲ့ကနေ့တွက် စရိတ်ရတယ်၊ ပင်ပင်ပန်းပန်းမလုပ်ရဘဲ ပိုက်ဆံရတဲ့ အလုပ်ဆိုတော့ အချိန်မရွေးလာခေါ် အချိန်မရွေးလိုက်မဲ့သူတွေ ဖြစ်ပါတယ်။ အခုဆိုရင် ဆန္ဒပြဖို့အတွက် နေ့တွက်စရိတ်က တစ်နေ့သုံးထောင်ကျပ် အနည်းဆုံးပေးနေပါတယ်။

နေ့စဉ်ကုန်ကျငွေဟာများပြားပေမယ့် စီးပွားရေးသမားတွေအတွက်တော့ မိကျောင်းကန် မြေတစ်ကွက် ပဲပြန်ရမယ်ဆိုရင် အရင်းကြေပါတယ်။ ရန်ကုန်မြေဈေးနှုန်းကလဲ ကြောက်စရာကောင်းလှအောင် တက်နေတာမို့ ဒါကို လုပ်စားနေတဲ့သူတွေကလည်း ပိုက်ဆံအရင်းအနှီးနဲနဲစိုက်ထုတ် လိုက်တာနဲ့ ငွေကြေးအများကြီး အမြတ် အများကြီးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်ကိုင်နေတာပါ။ အမှန်တကယ်တော့ မိကျောင်းကန်နဲ့လုပ်စားနေတဲ့ သူတွေအနေနဲ့ ရပ်တန်းကရပ်သင့်ပြီလို့ပဲ ပြောချင်ပါတယ်။

ငြိမ်းသစ်
အမေ့အိမ်
မိကျောင်းကန်သပိတ်စခန်းဆိုပြီး ဒီသီတင်းပတ်အတွင်း ပြန်လည်ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။ အခု ဖွင့်နေ တာဟာ ဘယ်နှစ်ကြိမ်မြောက် ဖွင့်တာဆိုတာ မမှတ်မိပေမယ့်ဆန္ဒပြနေတဲ့ လူတွေကိုတော့ မှတ်မိနေ ပါပြီ။ တစ်ခါလာလဲဒီလူတွေ နှစ်ခါလာလဲဒီလူတွေဆိုတော့မမှတ်မိဘဲရှိပါ့မလား။ တကယ်တော့ မိကျောင်းကန်မြေနေရာတွေဆိုတာ ပြောရမယ်ဆိုရင် မူလကနိုင်ငံတော် ပိုင်မြေနေရာတွေပါ။ အဲဒီမှာ ကျူးကျော်နေကြတဲ့ သူတွေကို ဟိုအရင်ကထဲက သင့်တော်တဲ့မြေနေရာပေးပြီးပြောင်းရွှေ့နေ ရာချထားပေး ခဲ့ပြီးပါပြီ။ ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ ကျူးကျော်တွေမှန်သမျှ မြို့ကွက်သစ်တွေမှာနေရာ ချထားပေး ပါတယ်။
ပြောင်းရွှေ့ရေးကို တပ်မတော်ကကားတွေနဲ့ စနစ်တကျသယ်ပို့ပေးခဲ့တာတွေ ဟာကြာပြီဆိုတော့ လဲမေ့လော က် ပါ တ ယ်။ အခုကျတော့ မြို့ကွက် သစ်တွေ မှာ မြေဈေးတွေ သိန်းပေါင်းသောင်း နဲ့  ချီပြီးဈေးကောင်းလာတော့မှပဲ တပ်မတော်ကြောင့်ငါတို့ချမ်းသာတယ်ဆိုတဲ့အသံတွေထွက်လာပါတယ်။ အဲဒီ အထဲမှာ မိကျောင်းကန်ကပြောင်းရွှေ့ သူတွေလဲ ပါဝင်ပါတယ်။ သူတို့လဲလူချမ်းသာစာရင်းမှာပါပါတယ်။ လူဆိုတာမျိုးကရလေလိုလေ အိုတစ္ဆေဖြစ်လာတာမို့ အရင်တုန်းကနေခဲ့တဲ့မြေနေရာကို ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်လည်တောင်းနေတာဖြစ်ပါတယ်။ မရလဲ အရင်း၊ ရရင်တော့လဲ အမြတ်ဆိုတဲ့စိတ်ထားနဲ့ ဆန္ဒပြတောင်းဆိုနေတာဖြစ်ပါတယ်။

တကယ်တော့သူတို့ရဲ့ပင်ကိုယ် စိတ်ရင်းက အဲလောက်လောဘ မကြီးလှပေမယ့် စီးပွားရေးအကွက်မြင်နေ သူတွေ၊ တပ်အပေါ်လုံးဝအကောင်းမြင် စိတ်မရှိသူတွေက နောက်ကွယ်ကနေမြှောက်ပေးနေလို့ ဒီဇာတ် လမ်းတွေဖြစ်လာတာပါ။

ဆန္ဒပြနေသူတွေကိုနေ့တွက်စရိတ်တွေပေးပြီးခိုင်းစားနေတယ်ဆိုတဲ့မြေပြင်သတင်းအမှန်တွေကြောင့် ခုချိန် အထိနိုင်ငံတော်က တာဝန်ရှိသူတွေ က ဖြေရှင်းချက် တစ်စုံတစ်ရာမပေးတာဖြစ်ပါတယ်။ အရင်တုန်း ကပြီးပြတ်အောင် ဖြေရှင်းပေးထားခဲ့တဲ့ကိစ္စတွေကိုအခုမှ ချေးခြောက်ရေနူးနေတယ်ဆိုတာ တကယ်တော့ နိုင် ငံရေး အရ ရိုးသားမှုမရှိ ဘူးလို့ သုံးသပ်လို့ရပါ တယ်။ ဒီကနေ့မှာ ပွင့်လင်းမြင်သာစွာပဲ အစိုးရပိုင်း က လုပ်ဆောင်နေရာမှ အရင်တုန်းကသိမ်း ဆည်းထားခဲ့တဲ့ မြေယာတွေကို အထောက်အထား ခိုင်လုံစွာနဲ့ပြန်ပေးနေပါတယ်။

အရင်တုန်းကနေခဲ့တဲ့မြေနေရာ တွေကို ပြန်တောင်းကြမယ်ဆိုရင် ရန်ကုန်မြို့တော်မှာ ကျူးကျော်ခဲ့ တဲ့မြေနေ ရာတွေဟာ တစ်မြို့လုံးနီးပါးနေရာ အနှံ့ ရှိခဲ့ပါတယ်။ ဒီလိုသာတောင်းနေမယ်ဆိုရင်တော့ လွှတ်တော် သုံးရပ်ပဲဖြစ်ဖြစ်၊အစိုးရပဲဖြစ်ဖြစ်၊ကျန်တဲ့စီးပွားရေး လူမှု ရေးအသင်း အဖွဲ့တွေပဲဖြစ်ဖြစ် ဘာ အလုပ်မှရှေ့ဆက်မလုပ်နိုင်ဘဲ နောက်ကြောင်းပြန် လှည့်ကြဖို့သာရှိပါတော့တယ်။

အခုလက်ရှိဆန္ဒပြတောင်းဆိုနေတဲ့ မိကျောင်းကန်မြေနေရာတွေဟာ တောင်းဆိုသူဘက်က အမှန်အကန် ဆိုရင် အစိုးရနဲ့လွှတ်တော်က တစ်စုံတစ်ခု ဆောင်ရွက်ပေးကြမှာပါ။ အခုဟာကဆန္ဒပြသူတွေ အနေနဲ့ ကနေ့တွက် စရိတ်ရတယ်၊ ပင်ပင်ပန်းပန်းမလုပ်ရဘဲ ပိုက်ဆံရတဲ့ အလုပ်ဆိုတော့ အချိန်မရွေးလာခေါ် အချိန်မရွေးလိုက်မဲ့သူတွေ ဖြစ်ပါတယ်။ အခုဆိုရင် ဆန္ဒပြဖို့အတွက် နေ့တွက်စရိတ်က တစ်နေ့ သုံးထောင် ကျပ် အနည်းဆုံးပေးနေပါတယ်။

နေ့စဉ်ကုန်ကျငွေဟာများပြားပေမယ့် စီးပွားရေးသမားတွေအတွက်တော့ မိကျောင်းကန် မြေတစ်ကွက် ပဲပြန်ရ မယ်ဆိုရင် အရင်းကြေပါတယ်။ ရန်ကုန်မြေဈေးနှုန်းကလဲ ကြောက်စရာကောင်းလှအောင် တက်နေ တာ မို့ ဒါကို လုပ်စားနေတဲ့သူတွေကလည်း ပိုက်ဆံအရင်းအနှီးနဲနဲစိုက်ထုတ် လိုက်တာနဲ့ ငွေကြေး အများကြီး အမြတ် အများကြီးရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ လုပ်ကိုင်နေတာပါ။ အမှန်တကယ်တော့ မိကျောင်းကန်နဲ့လုပ်စားနေတဲ့ သူတွေအနေနဲ့ ရပ်တန်းကရပ်သင့်ပြီလို့ပဲ ပြောချင်ပါတယ်။

ငြိမ်းသစ်
အမေ့အိမ်

No comments:

Post a Comment