Thursday, May 22, 2014

အရှေ့တောင်အာရှရဲ့ Middle Power ● (မှူးဇော်)

Photo: ● အရှေ့တောင်အာရှရဲ့ Middle Power ● (မှူးဇော်)
Thursday, May 22, 2014

မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ အရေးပါတဲ့ ဒေသဆိုင်ရာပလေယာတစ်ဦး ဖြစ်လာ နေပါပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအသိုင်းအ၀ိုင်းမှာ တာဝန် သိနိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ် ဆိုပြီး ပြောရင် ဒါဟာ မဖြစ်နိုင်တဲ့ ရယ်စရာပြက်လုံးတစ်ခု လို့ ယူဆ ခဲ့ကြတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးကို ပထမဦးဆုံးအကြိမ် ဦးဆောင် နေပြီ ဆိုတာကို ၂၀၁၄ ခုနှစ်မှာ မြင်တွေ့လိုက်ရပါတယ်။ အနည်းဆုံး နှစ်ပေါင်း(၅၀)ကျော် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အဆက်ပြတ်နေခဲ့တဲ့ သင်းကွဲအထီးကျန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဒီလို အာဆီယံခေါင်း ဆောင် ဖြစ်လာခြင်းကို ဘယ်သူမှ မျှော်လင့်ထားကြမှာ မဟုတ်ပါဘူး။

မေလ ၁၀ ရက်၊ ၁၁ ရက်တွေမှာ မြို့တော်နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဟာ ဒေသတွင်းစင်မြင့်ပေါ်ကို မြန်မာနိုင်ငံ တက်လှမ်းနိုင်ဖို့ အထောက် အကူပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအစိုးရအတွက် စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ် သားအုပ်ချုပ်ရေးကို အသွင်ကူးပြောင်းနိုင်မှုကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကောင်းတစ်ရပ်ပဲ ဖြစ်ပါ တယ်။ အလားတူပါပဲ အာဆီယံခေါင်းဆောင်တွေအကြားမှာ မြန်မာနိုင်ငံရဲ့ ဒေသတွင်း ဦးဆောင်မှု ပုံရိပ် ကို မြှင့်တင်နိုင်ခွင့် ရရှိစေခဲ့ပါတယ်။

မြန်မာနိုင်ငံ အလေးအနက်ထားပြီး တက်လှမ်းရယူသင့်တဲ့ ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ ဒေသတွင်း ဆူပါပါဝါ (၂)နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ခွဲခြားမရနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားဟာ အရှေ့တောင်အာရှသြဇာဖြန့်ကျက်ရေး ခြေလှမ်းအပြိုင်လှမ်းနေတဲ့ ပထ၀ီနိုင်ငံ ရေး အခင်းအကျင်းမှာ အရေးပါမှုတွေ မြင့်မားသည်ထက် မြင့်မားလာနေပါတယ်။ ဒါတင်မကသေးပါဘူး။ ထုတ်ဖော်အသုံးချရခြင်းမရှိသေးတဲ့ ဈေးကွက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအလားအလာ ကောင်း(၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၇.၅ % တိုးတက်မှုခဲ့သည်)ဟာလည်း အလေးထားသင့်တဲ့ အချက် အခြာကျမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်ကစပြီး ခရီးရှည် ကြီးတစ်ခုကို လျှောက်လှမ်းခဲ့ပြီး ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအစောပိုင်းကာလတွေမှာ မြန်မာနိုင်ငံဟာ ကြားနေတဲ့ နိုင်ငံခြားရေးမူဝါဒကို စတင်ချမှတ်ခဲ့ပါတယ်။ ဒီအချိန်မှာ အမေရိကန်နဲ့ မဟာမိတ်တွေက ကွန်မြူနစ်ဆန့်ကျင်ရေး လုံခြုံရေးသဘောတူညီချက်တွေ ထည့်သွင်းထားတဲ့ ဖွံ့ဖြိုးရေးထောက်ပံ့ကူညီမှု တွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအစိုးရက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒီနေရာမှာ စစ်အေးတိုက်ပွဲအတွင်း ဘယ်ဘက်ကိုမှ မလိုက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒဟာ ကွန်မြူနစ်တရုတ်နိုင်ငံရဲ့ လက်အောက်ခံမဖြစ်ဖို့ တိုက်ရိုက်ရည်ရွယ်ခဲ့သလို စစ်အေးတိုင်ပွဲ ပါဝါကြီးတွေ ရဲ့ ကြားခံနိုင်ငံတွေမှာ ပြဿနာဖြေရှင်းကြတဲ့ အကျိုးဆက်အဖြစ် မြန်မာ့မြေမှာ ပဋိပက္ခတွေ မဖြစ်စေဖို့ လည်း မျှော်မှန်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်ဘက်အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့ချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပြင်ပ ကမ္ဘာ နဲ့ အဆက်ပြတ်မှုဟာ ပိုမိုပြီး ကြီးမားလာခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အသွင်သဏ္ဍာန်ကို ဖန်တီးခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ် ဆိုပြီး တံခါးပိတ်ခဲ့တာကြောင့် မြန်မာ နိုင်ငံဟာ နိုင်ငံတကာနဲ့ ဝေးဝေးနေခဲ့ပါတယ်။၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ စစ်ခေါင်းဆောင်တွေ ဟာ အ၀န်းအ၀ိုင်းကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်မှုအရ အနောက်နိုင်ငံတွေက ပစ်မှတ်ထားနေတဲ့၊ အနောက်နိုင်ငံတွေရဲ့ ရန်ဘက်ဖြစ်နေတဲ့ တရုတ်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေ ဆီ ခြေဦးလှည့်ခဲ့ကြပါတယ်။
ဒီကနေ့မှာတော့ ဒါတွေဟာ ဆန့်ကျင်ဘက်အသွင် ပြောင်းလဲသွားခဲ့ပါပြီ။ ဒေသတွင်းအရေးပါတဲ့ အနေအထားကို မြန်မာနိုင်ငံမြင့်တက်လာနေခြင်းဟာ အာဆီယံရဲ့ ဒစ်ပလိုမေစီအခင်းအကျင်းကို ပြောင်း လဲလာစေဖို့လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။ 

ယခုနှစ်ရဲ့ အာဆီယံဥက္ကဌ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ တောင်တရုတ်ပင်ပယ်အငြင်းပွားမှု တညံညံ ဖြစ်နေတာမျိုးကို ကိုင်တွယ်ဖြေရှင်းရဖို့ ရှိနေပါတယ်။ ဒီလထဲမှာပြုလုပ်ခဲ့တဲ့ နေပြည်တော်အာဆီယံထိပ် သီးအစည်းအဝေးမှာ စိတ်ဝင်တစား အာရုံစိုက်မှုအခံရဆုံး ဒီပြဿနာကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာအစိုးရဲ့ ကျောထောက်နောက်ခံနဲ့ ထူထောင်ထားရှိတဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး အင်စတီကျု ဥက္ကဌနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက် အမြန်ဆုံးထွက်ပေါ်လာနိုင်ချေကို ချပြသွားခဲ့ပါတယ်။ တရုတ် နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအကြား လိုက်နာရမယ့်ကျင့်ဝတ်အသစ် လိုအပ်ချက်ကို အလေးပေး ပြောကြားသွားခဲ့တာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံထဲကို ၀င်ရောက်လာခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစပြီး အာဆီယံနဲ့ ထိတွေ့ဆက် ဆံမှုတွေ မြင့်တက်လာပေမယ့်လည်း တရုတ်နိုင်ငံနဲ့ ရင်းနှီးချစ်ကြည် နီးကပ်တဲ့ဆက်ဆံရေးကို ဆက် လက် ထိန်းသိမ်းထားတဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၉၀ အစောပိုင်းနှစ်တွေမှာ အနောက်နိုင်ငံတွေ က ပိတ်ဆို့မှုတွေ ထားရှိလာခဲ့ချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အဖိုးတန် ကူညီ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပါတယ်။ 
ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ မကြာသေးတဲ့ကာလတွေမှာ အာဆီယံနဲ့ ဆက်ဆံရေးမြှင့်တင် လာခဲ့ပြီး တရုတ်သြဇာကြီးထွားလာမှုကို ချိန်ခွင်လျှာထိန်းညှိနိုင်အောင် ကြိုးပမ်းလာခဲ့ပါတယ်။ အရှေ့ တောင်အာရှနိုင်ငံတွေနဲ့ မြင့်တက်လာတဲ့ဆက်ဆံရေးနဲ့အတူ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့ ပိုမို ခိုင် မာကောင်းမွန်တဲ့ ဆက်ဆံရေးကို ယုတ်လျော့မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့ အကျိုးဆက်အရ တောင်တရုတ်ပင်လယ်အငြင်းပွားမှုအတွက် ထိရောက်မှန်ကန်တဲ့ ညှိနှိုင်းဖြေရှင်းရေးန ည်းလမ်းကို အကောင်အထည်ဖော်ရာမှာ ဖြစ်စေ၊ အငြင်းပွားမှုကို ဒိုင်ယာလော့နဲ့ ညှိ နှိုင်းဖြေရှင်းရာမှာ ဖြစ်စေ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ညှိနှိုင်းဖြေရှင်းသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒီလမ်းကြောင်းအရ မြန်မာနိုင်ငံဟာ အတိတ်ကာလက ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို အကျိုး ရှိရှိ အသုံးချနိုင်ဖို့ ရှိနေပါတယ်။ ဆန့်ကျင်ဘက်နိုင်ငံတွေအကြားမှာ ဘယ်သူ့ဘက်ကိုမှမလိုက်တဲ့ Middle Ground ကို ရယူခြင်းအားဖြင့် အာဆီယံအဖွဲ့ကြီးရဲ့ အကန့်အသတ်ရှိတဲ့ ဖြေရှင်းဆောင်ရွက်နိုင်မှုကို ကျော်လွှားနိုင်မယ့် သံတမန်ရေးရာ လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှဒေသအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပိုမိုပြီး သြဇာ ကြီး ထွားလာနိုင်ရေးအတွက် သိသာထင်ရှားတဲ့ ကန့်သတ်ချက်တွေ ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးဟာ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ ဖြစ်ပြီးတော့ လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေကလည်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေ၊ ပြည်ပကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေအပေါ် ရန်လိုမှုတွေကြောင့် လူ့အခွင့်အရေး ပြဿနာ တွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရကို ပိုမိုပြီးတော့ ဖိအားပေးလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ စစ်ဘက်ကြီးစိုးမှုတွေ ဆက်ရှိနေတာကလည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တွေမှာ ပိုပြီးကြီးမားလာတဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ထောက်ပြစရာ၊ ပြောစရာ ဖြစ်နေ ပါတယ်။
ဒါပေမယ့်လည်း အရှေ့တောင်အာရှဒေသအတွင်းမှာ ကြီးထွားလာနေတဲ့ တရုတ်သြဇာ၊ မကြာ ခဏဆိုသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိပ်တိုက်တိုးမိတာတွေဟာ မြန်မာနိုင်ငံရဲ့ သံခင်းတမန်ခင်း ဖြန့်ကျက်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လာနေပါတယ်။ ဒီလို အငြင်းပွားမှု တွေကို ထိထိရောက် ရောက် ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် အာဆီယံနိုင်ငံကို ရှာဖွေကြည့်ရင် မြန်မာနိုင်ငံမှတစ်ပါးအခြား မရှိ တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

အခြားတစ်ဖက်က စဉ်းစားကြည့်ရင်လည်း မြန်မာနိုင်ငံဟာ အစဉ်အလာအတိုင်း ကြားနေအဖြစ် ရေငုံနှုတ်ပိတ်မယ့် အနေအထားမျိုး၊ ဒေသတွင်းကိစ္စတွေမှာ နောက်လိုက်အနေအထားမျိုးကို အလွယ် တကူ ပြန်ရောက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့် အခန်းကဏ္ဍဟာ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ဒေသတွင်းတင်းမာမှုတွေရဲ့ လားရာ စတဲ့အချက် တွေပေါ်မှာ အတော်များများ မူတည်နေပါတယ်။ တစ်ကယ်လို့သာ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်ဖော်ဆောင်နေတဲ့ ဒေသတွင်းခေါင်းဆောင်မှု အနေအထားကို ဆက်လက်လျှောက်လှမ်းလာ ခဲ့မယ် ဆိုရင် အရှေ့တောင်အာရှဒေသတွင်းမှာ သြဇာကြီးမားတဲ့ Middle Power နိုင်ငံအဖြစ် ရောက်ရှိ လာမှာ ဖြစ်ပါတယ်။

[Ref : Middle Power by Gareth Robinson]
[Source: Democracy Today Daily, 21-5-2014] မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာ အရေးပါတဲ့ ဒေသဆိုင်ရာပလေယာတစ်ဦး ဖြစ်လာ နေပါပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှအသိုင်းအ၀ိုင်းမှာ တာဝန် သိနိုင်ငံတစ်နိုင်ငံ ဖြစ်လာမယ် ဆိုပြီး ပြောရင် ဒါဟာ မဖြစ်နိုင်တဲ့ ရယ်စရာပြက်လုံးတစ်ခု လို့ ယူဆ ခဲ့ကြတာပါ။ ဒါပေမယ့်လည်း မြန်မာနိုင်ငံအနေနဲ့ အာဆီယံအဖွဲ့ကြီးကို ပထမဦးဆုံးအကြိမ် ဦးဆောင် နေပြီ ဆိုတာကို ၂၀၁၄ ခုနှစ်မှာ မြင်တွေ့လိုက်ရပါတယ်။ အနည်းဆုံး နှစ်ပေါင်း(၅၀)ကျော် နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ အဆက်ပြတ်နေခဲ့တဲ့ သင်းကွဲအထီးကျန်နိုင်ငံရဲ့ သမိုင်းကြောင်းမှာ ဒီလို အာဆီယံခေါင်း ဆောင် ဖြစ်လာခြင်းကို ဘယ်သူမှ မျှော်လင့်ထားကြမှာ မဟုတ်ပါဘူး။


မေလ ၁၀ ရက်၊ ၁၁ ရက်တွေမှာ မြို့တော်နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ (၂၄)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးဟာ ဒေသတွင်းစင်မြင့်ပေါ်ကို မြန်မာနိုင်ငံ တက်လှမ်းနိုင်ဖို့ အထောက် အကူပြုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံအစိုးရအတွက် စစ်ဘက်အုပ်ချုပ်ရေးကနေ အရပ် သားအုပ်ချုပ်ရေးကို အသွင်ကူးပြောင်းနိုင်မှုကို ထုတ်ဖော်ပြသဖို့ အခွင့်အရေးကောင်းတစ်ရပ်ပဲ ဖြစ်ပါ တယ်။ အလားတူပါပဲ အာဆီယံခေါင်းဆောင်တွေအကြားမှာ မြန်မာနိုင်ငံရဲ့ ဒေသတွင်း ဦးဆောင်မှု ပုံရိပ် ကို မြှင့်တင်နိုင်ခွင့် ရရှိစေခဲ့ပါတယ်။

မြန်မာနိုင်ငံ အလေးအနက်ထားပြီး တက်လှမ်းရယူသင့်တဲ့ ကောင်းမွန်တဲ့ အကြောင်းပြချက်တွေ ရှိနေပါတယ်။ ဒေသတွင်း ဆူပါပါဝါ (၂)နိုင်ငံဖြစ်တဲ့ တရုတ်၊ အိန္ဒိယတို့နဲ့ ခွဲခြားမရနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထ၀ီအနေအထားဟာ အရှေ့တောင်အာရှသြဇာဖြန့်ကျက်ရေး ခြေလှမ်းအပြိုင်လှမ်းနေတဲ့ ပထ၀ီနိုင်ငံ ရေး အခင်းအကျင်းမှာ အရေးပါမှုတွေ မြင့်မားသည်ထက် မြင့်မားလာနေပါတယ်။ ဒါတင်မကသေးပါဘူး။ ထုတ်ဖော်အသုံးချရခြင်းမရှိသေးတဲ့ ဈေးကွက်ရှိနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုအလားအလာ ကောင်း(၂၀၁၃-၂၀၁၄ ခုနှစ်တွင် ၇.၅ % တိုးတက်မှုခဲ့သည်)ဟာလည်း အလေးထားသင့်တဲ့ အချက် အခြာကျမှုကို ဖော်ပြနေတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမူဝါဒဟာဆိုရင် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရရှိချိန်ကစပြီး ခရီးရှည် ကြီးတစ်ခုကို လျှောက်လှမ်းခဲ့ပြီး ဖြစ်ပါတယ်။ စစ်အေးတိုက်ပွဲအစောပိုင်းကာလတွေမှာ မြန်မာနိုင်ငံဟာ ကြားနေတဲ့ နိုင်ငံခြားရေးမူဝါဒကို စတင်ချမှတ်ခဲ့ပါတယ်။ ဒီအချိန်မှာ အမေရိကန်နဲ့ မဟာမိတ်တွေက ကွန်မြူနစ်ဆန့်ကျင်ရေး လုံခြုံရေးသဘောတူညီချက်တွေ ထည့်သွင်းထားတဲ့ ဖွံ့ဖြိုးရေးထောက်ပံ့ကူညီမှု တွေကို ကမ်းလှမ်းခဲ့ပေမယ့်လည်း မြန်မာနိုင်ငံအစိုးရက လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒီနေရာမှာ စစ်အေးတိုက်ပွဲအတွင်း ဘယ်ဘက်ကိုမှ မလိုက်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ကြားနေနိုင်ငံခြားရေးမူဝါဒဟာ ကွန်မြူနစ်တရုတ်နိုင်ငံရဲ့ လက်အောက်ခံမဖြစ်ဖို့ တိုက်ရိုက်ရည်ရွယ်ခဲ့သလို စစ်အေးတိုင်ပွဲ ပါဝါကြီးတွေ ရဲ့ ကြားခံနိုင်ငံတွေမှာ ပြဿနာဖြေရှင်းကြတဲ့ အကျိုးဆက်အဖြစ် မြန်မာ့မြေမှာ ပဋိပက္ခတွေ မဖြစ်စေဖို့ လည်း မျှော်မှန်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်မှာ စစ်ဘက်အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့ချိန်မှာတော့ မြန်မာနိုင်ငံရဲ့ ပြင်ပ ကမ္ဘာ နဲ့ အဆက်ပြတ်မှုဟာ ပိုမိုပြီး ကြီးမားလာခဲ့ပါတယ်။ ဒီနောက်မှာတော့ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အသွင်သဏ္ဍာန်ကို ဖန်တီးခဲ့ပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်မယ် ဆိုပြီး တံခါးပိတ်ခဲ့တာကြောင့် မြန်မာ နိုင်ငံဟာ နိုင်ငံတကာနဲ့ ဝေးဝေးနေခဲ့ပါတယ်။၁၉၉၀ အစောပိုင်းနှစ်တွေမှာတော့ စစ်ခေါင်းဆောင်တွေ ဟာ အ၀န်းအ၀ိုင်းကို ချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဒီဆုံးဖြတ်ချက်မှုအရ အနောက်နိုင်ငံတွေက ပစ်မှတ်ထားနေတဲ့၊ အနောက်နိုင်ငံတွေရဲ့ ရန်ဘက်ဖြစ်နေတဲ့ တရုတ်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေ ဆီ ခြေဦးလှည့်ခဲ့ကြပါတယ်။
ဒီကနေ့မှာတော့ ဒါတွေဟာ ဆန့်ကျင်ဘက်အသွင် ပြောင်းလဲသွားခဲ့ပါပြီ။ ဒေသတွင်းအရေးပါတဲ့ အနေအထားကို မြန်မာနိုင်ငံမြင့်တက်လာနေခြင်းဟာ အာဆီယံရဲ့ ဒစ်ပလိုမေစီအခင်းအကျင်းကို ပြောင်း လဲလာစေဖို့လည်း အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

ယခုနှစ်ရဲ့ အာဆီယံဥက္ကဌ ဖြစ်တဲ့ မြန်မာနိုင်ငံဟာ တောင်တရုတ်ပင်ပယ်အငြင်းပွားမှု တညံညံ ဖြစ်နေတာမျိုးကို ကိုင်တွယ်ဖြေရှင်းရဖို့ ရှိနေပါတယ်။ ဒီလထဲမှာပြုလုပ်ခဲ့တဲ့ နေပြည်တော်အာဆီယံထိပ် သီးအစည်းအဝေးမှာ စိတ်ဝင်တစား အာရုံစိုက်မှုအခံရဆုံး ဒီပြဿနာကို ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာအစိုးရဲ့ ကျောထောက်နောက်ခံနဲ့ ထူထောင်ထားရှိတဲ့ မဟာဗျူဟာနဲ့ နိုင်ငံတကာလေ့လာရေး အင်စတီကျု ဥက္ကဌနဲ့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ တောင်တရုတ်ပင်လယ် အငြင်းပွားမှုနဲ့ပတ်သက်ပြီး ဖြေရှင်းချက် အမြန်ဆုံးထွက်ပေါ်လာနိုင်ချေကို ချပြသွားခဲ့ပါတယ်။ တရုတ် နိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေအကြား လိုက်နာရမယ့်ကျင့်ဝတ်အသစ် လိုအပ်ချက်ကို အလေးပေး ပြောကြားသွားခဲ့တာ တွေ့ရှိရပါတယ်။

မြန်မာနိုင်ငံဟာ အာဆီယံထဲကို ၀င်ရောက်လာခဲ့တဲ့ ၁၉၉၇ ခုနှစ်ကစပြီး အာဆီယံနဲ့ ထိတွေ့ဆက် ဆံမှုတွေ မြင့်တက်လာပေမယ့်လည်း တရုတ်နိုင်ငံနဲ့ ရင်းနှီးချစ်ကြည် နီးကပ်တဲ့ဆက်ဆံရေးကို ဆက် လက် ထိန်းသိမ်းထားတဲ့တာ ဖြစ်ပါတယ်။ အထူးသဖြင့် ၁၉၉၀ အစောပိုင်းနှစ်တွေမှာ အနောက်နိုင်ငံတွေ က ပိတ်ဆို့မှုတွေ ထားရှိလာခဲ့ချိန်မှာ မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ်နိုင်ငံက အဖိုးတန် ကူညီ ထောက်ပံ့မှုတွေ ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံဟာ မကြာသေးတဲ့ကာလတွေမှာ အာဆီယံနဲ့ ဆက်ဆံရေးမြှင့်တင် လာခဲ့ပြီး တရုတ်သြဇာကြီးထွားလာမှုကို ချိန်ခွင်လျှာထိန်းညှိနိုင်အောင် ကြိုးပမ်းလာခဲ့ပါတယ်။ အရှေ့ တောင်အာရှနိုင်ငံတွေနဲ့ မြင့်တက်လာတဲ့ဆက်ဆံရေးနဲ့အတူ တစ်ချိန်တည်းမှာပဲ တရုတ်နိုင်ငံနဲ့ ပိုမို ခိုင် မာကောင်းမွန်တဲ့ ဆက်ဆံရေးကို ယုတ်လျော့မသွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ ဒီလို ဆောင်ရွက်ခဲ့တဲ့ အကျိုးဆက်အရ တောင်တရုတ်ပင်လယ်အငြင်းပွားမှုအတွက် ထိရောက်မှန်ကန်တဲ့ ညှိနှိုင်းဖြေရှင်းရေးန ည်းလမ်းကို အကောင်အထည်ဖော်ရာမှာ ဖြစ်စေ၊ အငြင်းပွားမှုကို ဒိုင်ယာလော့နဲ့ ညှိ နှိုင်းဖြေရှင်းရာမှာ ဖြစ်စေ မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ ညှိနှိုင်းဖြေရှင်းသူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

ဒီလမ်းကြောင်းအရ မြန်မာနိုင်ငံဟာ အတိတ်ကာလက ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို အကျိုး ရှိရှိ အသုံးချနိုင်ဖို့ ရှိနေပါတယ်။ ဆန့်ကျင်ဘက်နိုင်ငံတွေအကြားမှာ ဘယ်သူ့ဘက်ကိုမှမလိုက်တဲ့ Middle Ground ကို ရယူခြင်းအားဖြင့် အာဆီယံအဖွဲ့ကြီးရဲ့ အကန့်အသတ်ရှိတဲ့ ဖြေရှင်းဆောင်ရွက်နိုင်မှုကို ကျော်လွှားနိုင်မယ့် သံတမန်ရေးရာ လက်နက်တစ်ခု ဖြစ်လာနိုင်ပါတယ်။
လက်ရှိအချိန်မှာတော့ အရှေ့တောင်အာရှဒေသအတွင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပိုမိုပြီး သြဇာ ကြီး ထွားလာနိုင်ရေးအတွက် သိသာထင်ရှားတဲ့ ကန့်သတ်ချက်တွေ ရှိနေတုန်းပါပဲ။ မြန်မာနိုင်ငံရဲ့ ပြည်တွင်း နိုင်ငံရေးဟာ သဘောထားကွဲလွဲမှုတွေ ရှိနေတဲ ဖြစ်ပြီးတော့ လူမျိုးရေးဆိုင်ရာ ပဋိပက္ခတွေကလည်း တည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခ တွေ၊ ပြည်ပကူညီထောက်ပံ့ရေးအဖွဲ့အစည်းတွေအပေါ် ရန်လိုမှုတွေကြောင့် လူ့အခွင့်အရေး ပြဿနာ တွေနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရကို ပိုမိုပြီးတော့ ဖိအားပေးလာခဲ့ကြပါတယ်။ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနယ်ပယ်မှာ စစ်ဘက်ကြီးစိုးမှုတွေ ဆက်ရှိနေတာကလည်း ဒေသတွင်းပူးပေါင်းဆောင်ရွက်မှု တွေမှာ ပိုပြီးကြီးမားလာတဲ့ မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး ထောက်ပြစရာ၊ ပြောစရာ ဖြစ်နေ ပါတယ်။
ဒါပေမယ့်လည်း အရှေ့တောင်အာရှဒေသအတွင်းမှာ ကြီးထွားလာနေတဲ့ တရုတ်သြဇာ၊ မကြာ ခဏဆိုသလို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေနဲ့ ထိပ်တိုက်တိုးမိတာတွေဟာ မြန်မာနိုင်ငံရဲ့ သံခင်းတမန်ခင်း ဖြန့်ကျက်နိုင်ဖို့ အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်လာနေပါတယ်။ ဒီလို အငြင်းပွားမှု တွေကို ထိထိရောက် ရောက် ဖြေရှင်းဆောင်ရွက်ပေးနိုင်မယ့် အာဆီယံနိုင်ငံကို ရှာဖွေကြည့်ရင် မြန်မာနိုင်ငံမှတစ်ပါးအခြား မရှိ တဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။

အခြားတစ်ဖက်က စဉ်းစားကြည့်ရင်လည်း မြန်မာနိုင်ငံဟာ အစဉ်အလာအတိုင်း ကြားနေအဖြစ် ရေငုံနှုတ်ပိတ်မယ့် အနေအထားမျိုး၊ ဒေသတွင်းကိစ္စတွေမှာ နောက်လိုက်အနေအထားမျိုးကို အလွယ် တကူ ပြန်ရောက်သွားနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့် အခန်းကဏ္ဍဟာ ပြည်တွင်းနိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှု၊ အာဆီယံနဲ့ တရုတ်နိုင်ငံအကြား ဒေသတွင်းတင်းမာမှုတွေရဲ့ လားရာ စတဲ့အချက် တွေပေါ်မှာ အတော်များများ မူတည်နေပါတယ်။ တစ်ကယ်လို့သာ မြန်မာနိုင်ငံအနေနဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန်ဖော်ဆောင်နေတဲ့ ဒေသတွင်းခေါင်းဆောင်မှု အနေအထားကို ဆက်လက်လျှောက်လှမ်းလာ ခဲ့မယ် ဆိုရင် အရှေ့တောင်အာရှဒေသတွင်းမှာ သြဇာကြီးမားတဲ့ Middle Power နိုင်ငံအဖြစ် ရောက်ရှိ လာမှာ ဖြစ်ပါတယ်။

[Ref : Middle Power by Gareth Robinson]
[Source: Democracy Today Daily, 21-5-2014]

No comments:

Post a Comment