Monday, June 2, 2014

၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ရမည်ဟု နိုင်ငံတော်သမ္မတပြောကြား

ရန်ကုန်၊ မေ ၃၁- နိုင်ငံတော်သမ္မတမှ လ စဉ် ပြည်သူလူထုထံ မိန့်ခွန်းပြောကြားခဲ့ ရာ မေ ၃၁ ရက်က ပြောကြားခဲ့သောမိန့် ခွန်းတွင် နိုင်ငံရေးဆွေးနွေးပွဲမှ သဘောတူ ညီချက်များနှင့် ပွင့်လင်းလွတ်လပ်သည့်လူ့ အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရေး အတွက် လိုအပ်မည့် ဒီမိုကရေစီစံချိန်စံနှုန်း များပြည့်မီလာရန် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လိုအပ်သလို ပြင်ဆင်ရမည်ဖြစ် ကြောင်း ထည့်သွင်းပြောကြားသွားခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အား အချက်(၃)ချက်ပေါ်မူတည်၍ ပြင်ဆင် ရမည်ဟု နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံ ရေးဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များ အပေါ်မူတည်၍ လို အပ်သလိုပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့် စွက်ရေးသားခြင်းများ ပြုလုပ်သင့်ကြောင်း၊ ဒုတိယအချက်အနေဖြင့် နိုင်ငံရေးတွင်ပါ ဝင်ပတ်သက်သူအားလုံး၏ အမြော်အမြင် ကြီးမှု Óဏ်ပညြာ<ွကယ်ဝမှုနှင့် စိတ်ရင်းစေ တနာမှန်ကန်မှုတို့ဖြင့် ပြင်ဆင်သင့်ကြောင်း၊ တတိယအချက်အနေဖြင့် မည်သူ့ကိုမျှ နိုင်ငံ ရေး ဦးဆောင်ခွင့် ကန့်သတ်ထားခြင်းမဖြစ် စေလိုသည့်စေတနာ အပြင် နိုင်ငံ အချုပ်အ ခြာအာဏာ မထိပါးစေမည့် သင့်တင့်သော အကာအကွယ်ပေးနိုင်မည့် အခြေခံများရှိ ရန်လိုကြောင်း မိန့်ခွန်းတွင် ထည့်သွင်းပြော ကြားခဲ့သည်။
''ကျွန်တော့်အနေနဲ့ တိုက်တွန်း ပြောကြားလိုတာကတော့ နည်းလမ်းပေါင်း စုံနဲ့ ကြိုးစားနေတဲ့ နိုင်ငံရေး အင်အားစုများ အားလုံးအနေနဲ့ အချင်းချင်းချိတ်ဆက်ပြီး လိုအပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုများကို ဟန် ချက်ညီညီ ပြုလုပ်ခြင်းဖြင့် ပြည်သူလူထု တစ်ရပ်လုံးနှင့် နိုင်ငံသားတစ်ဦး ချင်းစီ အ တွက် လက်တွေ့ကျတဲ့ ကောင်းမွန်တဲ့ရလဒ် များ ပေါ်ပေါက်စေရန် ကြိုးပမ်းလုပ်ဆောင် ကြဖို့ဆိုတဲ့ အချက်ပဲ ဖြစ်ပါ တယ်''ဟု နိုင်ငံ တော်သမ္မတက ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး အပစ်အခတ်ရပ် စဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ဃြဃွှ)မှ ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယခုကဲ့သို့ နိုင်ငံ တော် သမ္မတမှ ပြောကြားခဲ့ခြင်းကို လက်ခံ ကြောင်းပြော ကြားသည်။
''သမ္မတကြီးတောင် အဲဒီလိုပြော လာပြီဆိုတော့ ဒါ လိုအပ်လို့ပြောတာပဲ။ ဒီလို ပြောတဲ့အပေါ် လက်ခံ ပါတယ်''ဟု ယင်း က ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် ငြိမ်းချမ်းရေးနှင့် ၂ဝဝ၈ ဖွဲ့စည်းပုံပြင်ဆင် ရေး အချက်များကို အဓိကထားပြောကြား သွားခဲ့သည်။

Yangon Media Group

No comments:

Post a Comment