ရန်ကုန်၊ မေ ၃၁- ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဝန်ကြီးတစ်ပါးက ပညာရေးဌာန မှအရာရှိများကို ကိုယ်ထိ လက်ရောက် ကျူးလွန်သည်ဆိုခြင်းနှင့်ပတ်သက်၍ အ ကြောင်းစုံကို ဖြေကြားပေးလိုသည့် ဆန္ဒမရှိကြောင်း အဆိုပါဝန်ကြီးက ဖလားဝါး နယူးစ်ဂျာနယ်သို့ပြောသည်။
''ကျွန်တော် ခရီးထွက်နေလို့ပါ၊ ဘာမှမမေးပါနဲ့''ဟု ယင်းကပြောသည်။
ဖလားဝါးနယူးစ်ဂျာနယ်မှ အဆိုပါဝန်ကြီးအား မေ ၃ဝ ရက်က ပညာရေး ဌာနမှ ဆရာများအား ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများဖြစ်သည်ဆိုခြင်းကို သိလိုသည်ဟုမေးမြန်းခဲ့ရာ ယင်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
ဖလားဝါးနယူးစ်ဂျာနယ်မှ အဆိုပါဝန်ကြီးအား မေ ၃ဝ ရက်က ပညာရေး ဌာနမှ ဆရာများအား ကိုယ်ထိလက်ရောက် ထိုးကြိတ်မှုများဖြစ်သည်ဆိုခြင်းကို သိလိုသည်ဟုမေးမြန်းခဲ့ရာ ယင်းက အထက်ပါ အတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
''မူလတန်းပြ ဆရာ၊ ဆရာမ အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်လို့ ရုံးကို ခေါ်ပြီး ချက်ချင်းအမိန့်ထုတ် ခိုင်းတယ်။ လက်မှတ်ပါ တစ်ခါတည်းထိုးခိုင်းတော့ ဆရာက မထိုးဘူး။ ပညာရေးဝန်ကြီး ဌာနရဲ့ ညွှန်ကြားချက်ကို စောင့်ရပါမယ်။ နှစ် ရက်လောက်စောင့်ပါဆိုတော့ သူခိုင်းတာကို မလုပ်ရကောင်းလား ဆိုပြီးတော့ လက် သီးနဲ့ထိုးတယ်။ ဘေးနားကဆရာက ဝင်ပြောတော့ သူ့ကိုပါ ပါးရိုက်တယ်''ဟု ယင်း ပညာရေးမှူးရုံးမှ ဆရာက ဆိုသည်။
အဆိုပါဝန်ကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲက ပြည်ခိုင် ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သူတစ်ဦးဖြစ်ပြီး တပ်မတော်တွင်လည်း ဒုတိယ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
အဆိုပါဝန်ကြီးသည် ပြီးခဲ့သော ၂ဝ၁ဝ ရွေးကောက်ပွဲက ပြည်ခိုင် ဖြိုးပါတီမှ ဝင်ရောက်ယှဉ်ပြိုင် ခဲ့သူတစ်ဦးဖြစ်ပြီး တပ်မတော်တွင်လည်း ဒုတိယ ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းဆောင် ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။
Yangon Media Group
No comments:
Post a Comment