Friday, June 20, 2014

ကားမိုင်းမြို့၊ တောင်သူလယ်သမားများထံ ငွေကြေးများ ကောက်ခံနေ

ကားမိုင်းမြို့အနောက်ဖက် မြေလွတ်မြေရိုင်းတောကွင်းတွင် ခုတ်ထွင် ရှင်းလင်း၍ မိမိတို့ ၀မ်းစာအတွက် လယ်ယာလုပ်ငန်း လုပ်ကိုင်ရန် ဆောင်ရွက်ကြသည်။ ထိုသို့ ဆောင်ရွက်ကြသည့် တောင်သူ လယ်သမားများထံ ကားမိုင်းမြို့-မြေစာရင်း ဦးစီးဌာနမှ ဦးဆွေမိုး-ဆိုသူသည် တစ်ဧကခုတ်ထွင်ပြီးသူတိုင်း (၃၀၀၀၀ိ/- သုံးသောင်းကျပ်)စီပေးရန်၊ ဆယ်ဧက ခုတ်ပြီးသူတိုင်း သုံးသိန်းကျပ်ပေးဆောင်ရန်နှင့် လက်ငင်းငွေ -၁၅၀၀၀၀ိ/-တစ်သိန်း ငါးသောင်းကျပ် ပေးဆောင်ရမည်ဟု တောင်းဆိုနေသည်။
တောင်သူလယ်သမားများမှာ မိမိဝမ်းစာအတွက် ကြိုးစားလုပ်ကိုင် ရှာဖွေစားသောက်နေရ သူများဖြစ်၍ မပေးဆောင်နိုင်ကြပေ။ ထိုသို့ ငွေတောင်းနေသည့် ၀န်ထမ်းအား တရားဥပဒေအရ ဆောင်ရွက်ပေး ရန် ဒေသခံ တောင်သူလယ်သမားများ လိုလားလျက်ရှိကြောင်း သိရှိရသည်။
ဤကဲ့သို့ ငွေတောင်းသည့် အစိုးရ၀န်ထမ်းသည်လည်း အဓမ္မ ဆက်ကြေးကောက်နေသည်ကဲ့သိုပင်….
အလားတူ KIA ရင်း (၁၄)နယ်မှ ဂေါ်ရီတိုက်နယ်အုပ်ချုပ်ရေးရုံး၊ တိုက်နယ်အုပ်ချုပ်ရေးမှူးဆိုသူ KIAမှလည်း ၂၀၁၄-ခု ဇွန်လ(၁၈)ရက်နေ့စွဲဖြင့် ကချင်မဟုတ်သော အခြားတိုင်းရင်းသားများဖြစ်သည့် ဒေသခံ သျှမ်းမျိုးနွယ်စု တောင်သူလယ်သမား(၁၁)ဦးထံမှ တစ်ဧက (၁၅၀၀၀ိ/ တစ်သောင်း ငါးထောင်ကျပ်) စီ ပေးဆောင်ရမည်ဟု အတင်း အဓမ္မ ခြိမ်းခြောက် အကြောင်းကြား ဆင့်ခေါ်စာများပေးပို့ ကောက် ခံနေသည်။
ဒေသခံ တောင်သူလယ်သမားများမှာ မည်ကဲ့သို့ လုပ်ကိုင်စားသောက်ကြရမည်နည်း….?
နိုင်ငံတော်အစိုးရ ၀န်ထမ်းများကိုလည်း ကြောက်ရ၊ လက်နက်ကိုင် အဖွဲ့များကိုလည်း ကြောက်ရ…
နိုင်ငံတော်၏ တရားဥပဒေသည် အဘယ်မှာနည်း….?
KIA ဗိုလ်ချုပ်ဂွမ်မော်-ပြောသည့် ညီရင်းအစ်ကို အတူယှဉ်တွဲနေထိုင်ရေးမူ ဆိုသည် အဘယ်မှာနည်း….?
ဒေသခံ သျှမ်းမျိုးနွယ်စုများအား လက်နက်အားကိုးဖြင့် အနိုင်ကျင့် ခြိမ်းခြောက် ဆင့်ခေါ်စားများပေးပို့ ကောက်ခံနေသည်မှာ တစ်ဖက်သတ် အနိုင်ကျင့် လူ့အခွင့်အရေးချိုးဖောက်နေခြင်းပင်ဖြစ်တော့သည်။
ဒေသခံ သျှမ်းမျိုးနွယ်စု တိုင်းရင်းသားများ၏ (တောင်သူလယ်သများများ၏)ဘ၀ ရပ်တည်နေရမှုကို နားလည်စာနာပေးနိုင်ကြပါရန်နှင့် မည်သည့်ဒေသတွင်မဆို မိမိတို့ သျှမ်းမျိုးနွယ်စုများ အန္တရာယ် တစ်ခုခုဖြင့် ကြုံရပါက ၀ိုင်းဝန်းကူညီ ဆောင်ရွက်နိုင်ကြပါရန် တိုက်တွန်းရင်း ဒေသခံ တောင်သူလယ်သမားတစ်ဦး၏ ရင်ဖွင့်သံကို တင်ပြလိုက်သည်။
ဦးစိုင်းသာဇုံ
မြန်ပြည်မြောက်ပိုင်း

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment