Friday, June 20, 2014

ဖမ်းဆီးထားသော သံဃာငါးပါး ယနေ့လွှတ်ပေးဖွယ်ရှိကြောင်း သတင်းထွက်ပေါ်

ဖမ်းဆီးပြီးလူဝတ်လဲခံရ သော မဟာသန္တိသုခကျောင်း တိုက်မှ သံဃာတော်ငါးပါးကို ဇွန်လ ၂၀ ရက်(ယနေ့)တွင် တာမွေ မြို့နယ်တရားရုံး ရုံးထုတ်အပြီး ၌ ပြန်လွှတ်ပေးဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်နေသည်။

‘‘ဆရာတော်ငါးပါးကို ပြန် လွှတ်ပေးဖို့ရာရှိနေပါတယ်။ ရုံး ထုတ်တဲ့နေ့ မနက်ဖြန်ကိုလွှတ်ပေးလောက်ပါ တယ်။ တရားရုံးအ မိန့်နဲ့လွှတ်ပေးမယ်လို့ ကြားထားပါတယ်’’ဟု အစိုးရအဖွဲ့တာဝန်ရှိသူတစ်ဦးက 7Day Daily အား ဇွန် ၁၉ ရက်ညတွင် ပြောကြားသည်။

မဟာသန္တိသုခ ကျောင်း တိုက်တွင် သီတင်းသုံးနေသော အင်္ဂလန်ဆရာတော်အပါအ၀င် သံဃာလေးပါးကို ဇွန် ၁၁ရက်ည တွင် ဖမ်းဆီးပြီးဇွန်လ ၁၃ရက် တွင် လူဝတ်လဲ၍ တာမွေမြို့နယ် တရားရုံးတွင် ရုံးထုတ်ကာအင်းစိန်ထောင်သို့ ပို့ဆောင်ခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းကြောင့် ဆရာတော်ဦးဉာဏိဿရ အပါအ၀င် အခြားသံဃာတော်များ၊လူ ထုခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်၊ မြန်မာနိုင်ငံရှိ ဗြိတိန်သံရုံး မှ သံအမတ်ကြီးအပါအ၀င်ပြည် သူများက ထိုသံဃာတော်များ အား အရေးယူမှုပြုလုပ်ခဲ့သော တိုင်း သံဃနာယက ဆရာတော် ကြီးများနှင့် သာသနာရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများကို အပြင်း အထန်ကန့်ကွက်ခဲ့ကြသည်။

သံဃာတော်များ ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြပြီး ဇွန်လ ၂၀ရက်(ယနေ့) တရားရုံးထုတ်တွင် ပြန် လွှတ်မပေးပါက ဆန္ဒပြတောင်း ဆိုကြမည့် သံဃာတော်များလည်း ရှိနေသည်။ ထို့ကြောင့်မကွေး ကျောင်းတိုက်ဆရာတော် ဦးပါ မောက္ခက သန်လျင်နတ်စင်တစ် ရာကျောင်းတိုက်ဆရာတော်ထံ သွားရောက်ကာ ကြားဝင်ဆောင် ရွက်ပေးရန် လျှောက်ထားခဲ့သည်။

ဇွန်လ၁၉ရက်တွင် တိုင်းသာ သနာရေး၌ ပြန်လွှတ်ပေးရန် တောင်းဆိုကြသော သံဃာတော် များနှင့် မဟနမှ သံဃာတော်များ၊ သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အစိုးရအဖွဲ့ တာဝန်ရှိသူများ ညှိနှိုင်းခဲ့ကြသည်။ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် သာသနာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြန် လွှတ်ပေးရန်သဘောတူခဲ့သော်လည်း သံဃာတော်အချို့က သဘောမတူခဲ့ကြောင်း သွားရောက် ညှိနှိုင်းရာတွင် ပါဝင်ခဲ့သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်သည်။

‘‘ဦးပဉ္စင်းတို့ညှိကြတယ်။ အစိုး ရအဖွဲ့က ပြန်လွှတ်ပေးဖို့ရာသဘောတူတယ်။ သာသနာရေးက လည်း သဘောတူတယ်။ ဟိုဘက်က သံဃာတော်ထဲမှာကို တချို့ကသဘောတူကြတယ်။ ငါးပါးလောက်က သဘောမတူဘဲဖြစ်နေတာ။ အဖြေကမထွက်ခဲ့ဘူး။ ဒါ ပေမဲ့ မနက်ဖြန်အတွင်းသတင်းအ ရ သံဃာတော်တွေကို ပြန်လွှတ် ပေးမယ်လို့ကြားထားပါတယ်’’ဟု ဆရာတော်ဦးပါမောက္ခက မိန့် ကြားသည်။

‘‘တရားရုံးက ရုံးထုတ်တဲ့အ ချိန်မှာလည်း လွှတ်ပေးလို့ရပါ တယ်။ အထင်ကတော့ စွဲချက်ကို မတင်ရသေးဘူးထင်တယ်။ သူတို့ အပြစ်မရှိဘူးထင်လို့ လွှတ်ပေးချင်ရင် လွှတ်ပေးလို့ရပါ တယ်’’ဟု ရှေ့နေများကွန်ရက်မှ ရှေ့နေဦး အေးမင်းကပြောသည်။

7Day Daily

No comments:

Post a Comment