Wednesday, June 11, 2014

တောင်တွင်းကြီးမြို့နယ် အတွင်း လေယာဉ်ပျက်ကျသည်ဟု သတင်းရရှိ၍ သွားရောက်စုံစမ်းနေ

ဒီနေ့မနက်က တောင်တွင်းကြီးမြို့နယ်၊ နင်းကြမ်းရွာ အနီးမှာ လေယာဉ်တစ်စီးပျက်ကျတယ်လို့ သတင်းရတဲ့အတွက် သွားရောက်စုံစမ်းနေတယ်လို့ တောင်တွင်းကြီးမြို့နယ် ရဲရုံးက ဒုရဲအုပ် သိန်းဌေးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းက လေယာဉ်တစ်စီး ပျက်ကျခဲ့တယ်လို့ သတင်းတွေ ထွက်လာပြီး နေရာအတိအကျ ကိုတော့ မသိရသေးပါဘူး။

“မြို့သစ်ဘက်က လာတဲ့သူတွေကိုမေးကြည့်နေတယ်။ သူတို့က တိုက်လေယာဉ်လို့ပြောပေမယ့် သေချာမြင်ခဲ့တဲ့သူတွေမပါဘူး” လို့ တောင်တွင်ကြီး မြို့ပေါ် ဒေသခံ တစ်ယောက်က ပြောပါတယ်။

ပျက်ကျတယ်လို့ သတင်းစထွက်လာတာက ဒီနေ့မနက် ၁၀ နာရီလောက်က ဖြစ်ပြီး မြို့နဲ့ မိုင် ၂၀ လောက်ဝေးတဲ့ နင်းကြမ်းရွာ ပတ်ဝန်းကျင်မှာ ဖြစ်ပါတယ်။

DVB TV News

No comments:

Post a Comment