Monday, June 23, 2014

ပြည်ပပိတ်စတင်သွင်းမှု အကောက်ခွန်နှုန်းလျှော့ချရန် အထည်ချုပ်လုပ်ငန်းရှင်များလိုလား

Photo: ပြည်ပပိတ်စတင်သွင်းမှု အကောက်ခွန်နှုန်းလျှော့ချရန် အထည်ချုပ်လုပ်ငန်းရှင်များလိုလား
Monday, June 23, 2014

အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပမှပိတ်စကို တရား ၀င်အခွန်ဆောင်တင်သွင်းလို သော်လည်း အကောက်ခွန်နှုန်းထားများနေမှုကြောင့် လက်ခစား လိုင်စင်ဖြင့်တင်သွင်းနေရကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။

‘‘ဒါကို တပ်မတော်အစိုးရ လက်ထက်ကတည်းက ပြောင်းလဲ ဖို့ပြောခဲ့တာ။            အခုထိမပြောင်းလဲ နိုင်သေးဘူး’’ဟု အထည်ချုပ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုး ကပြောကြားသည်။

 လက်ရှိအချိန်တွင် ပြည်ပမှ  ပိတ်စကိုတင်သွင်းပါက အကောက်ခွန် ၁၅ရာခိုင်နှုန်းကောက် ခံသောကြောင့် အခွန်ကင်းလွတ် ခွင့်ပြုထားသော လက်ခစားစနစ် ဖြင့်သာ လိုင်စင်လျှောက်၍ ပိတ် စများကိုတင်သွင်းနေရကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ခစားစနစ်လိုင်စင်လျှောက် ထားမှုမှာ ယခင်က ၂၁ရက်ထိ ကြာသော်လည်းယခုအခါလိုင် စင်ပင် မရှိဘဲ တင်ပို့ခွင့်ရနေသည့် အတွက် အခွန်နှုန်းပြင်နိုင်ပါကပိုမို အဆင်ပြေကြောင်းလှိုင်သာယာ စက်မှုဇုန် ၄မှအထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။

‘‘ဂျူတီကောက်ခံမှုနဲ့ပတ် သက်ပြီး ငါးနှစ်တစ်ကြိမ်ပြင်ရေး တာမို့ လတ်တလောပြောင်းဖို့မ လွယ်သလိုဖြစ်နေတယ်။ ဒါကိုမ စောင့်နိုင်ရင် ၀န်ကြီးဌာနကိုအ သင်းအဖွဲ့တွေက တိုက်ရိုက်တင် ပြပြီးဆောင်ရွက်နိုင်ပါတယ်’’ဟု အကောက်ခွန်ဦးစီးဌာနညွှန်ကြား ရေးမှူးဦးသိန်းဖေကပြောကြား သည်။

အထည်ချုပ်လုပ်ငန်းများမှ ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ချုပ်ထည်ပြည်ပတင်ပို့မှု စံချိန်တင်ဝင်ငွေအမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရရှိခဲ့သည်။

7Day DAILY

အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း တွေ့ရစဉ်(ဓာတ်ပုံ - နစ်ကီ)
အထည်ချုပ်စက်ရုံလုပ်ငန်းခွင်အတွင်း တွေ့ရစဉ်(ဓာတ်ပုံ - နစ်ကီ)
အထည်ချုပ်လုပ်ငန်းများတွင် ပြည်ပမှပိတ်စကို တရား ၀င်အခွန်ဆောင်တင်သွင်းလို သော်လည်း အကော က် ခွန်နှုန်းထားများနေမှုကြောင့် လက်ခစား လိုင်စင်ဖြင့်တင်သွင်းနေရကြောင်း မြန်မာနိုင်ငံ အထည် ချုပ် လုပ်ငန်းရှင်များအသင်းမှ  သတင်းရရှိသည်။
‘‘ဒါကို တပ်မတော်အစိုးရ လက်ထက်ကတည်းက ပြောင်းလဲ ဖို့ပြောခဲ့တာ။ အခုထိမပြောင်း လဲ နိုင်ေ သး ဘူး’’ဟု အ ထည် ချုပ်လုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမြင့်စိုး ကပြောကြားသည်။

 လက်ရှိအချိန်တွင် ပြည်ပမှ  ပိတ်စကိုတင်သွင်းပါက အကောက်ခွန် ၁၅ရာခိုင်နှုန်းကောက် ခံသောကြောင့် အခွန်ကင်းလွတ် ခွင့်ပြုထားသော လက်ခစားစနစ် ဖြင့်သာ လိုင်စင်လျှောက်၍ ပိတ် စများကို တင်သွင်းနေ ရကြောင်း အထက်ပါပုဂ္ဂိုလ်ကဆိုသည်။ လက်ခစားစနစ်လိုင်စင်လျှောက် ထားမှုမှာ ယခင်က ၂၁ရက်ထိ ကြာသော်လည်းယခုအခါလိုင် စင်ပင် မရှိဘဲ တင်ပို့ခွင့်ရနေသည့် အတွက် အခွန်နှုန်းပြင်နိုင်ပါကပိုမို အဆင်ပြေကြောင်းလှိုင်သာယာ စက်မှုဇုန် ၄မှအထည်ချုပ်လုပ်ငန်း ရှင်တစ်ဦးကပြောကြားသည်။

‘‘ဂျူတီကောက်ခံမှုနဲ့ပတ် သက်ပြီး ငါးနှစ်တစ်ကြိမ်ပြင်ရေး တာမို့ လတ်တလောပြောင်းဖို့မ လွယ်သလိုဖြစ်နေ တယ်။ ဒါကိုမ စောင့်နိုင်ရင် ၀န်ကြီးဌာနကိုအ သင်းအဖွဲ့တွေက တိုက်ရိုက် တင် ပြပြီးဆောင် ရွက်နိုင် ပါတယ်’’ ဟု အကောက်ခွန်ဦးစီးဌာနညွှန်ကြား ရေးမှူးဦးသိန်းဖေကပြောကြား သည်။

အထည်ချုပ်လုပ်ငန်းများမှ ၂၀၁၃-၁၄ဘဏ္ဍာနှစ်တွင် ချုပ်ထည်ပြည်ပတင်ပို့မှု စံချိန်တင်ဝင်ငွေ အမေရိ ကန်ဒေါ် လာ တစ်ဘီလီယံကျော်ရရှိခဲ့သည်။

7Day DAILY

No comments:

Post a Comment