Monday, June 23, 2014

အမေရိကန်က မြန်မာကို လူကုန်ကူးမှု စောင့်ကြည့်အဆင့် ၂ အဖြစ် သတ်မှတ်

အမေရိကန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ၂၀၁၄ ခုနှစ်အ တွက် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာအစီရင် ခံစာ(TIP Report) ကို ဇွန်လ ၂၀ ရက်တွင် ထုတ်ပြန် လိုက်ရာ မြန်မာနိုင်ငံကို စောင့် ကြည့်အဆင့် ၂ နိုင်ငံ အဖြစ် သုံး နှစ်ဆက်တိုက်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ် လူကုန်ကူးမှုတား ဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ သတင်းရရှိ သည်။
‘‘၂ နှစ်ဆက်တိုက်စောင့် ကြည့်နိုင်ငံစာရင်းကနေ အထူး အခွင့်အရေးအနေနဲ့ နောက် ၁ နှစ်တိုးပေးခဲ့တာ။ ပုံမှန်ဆိုရင် စောင့်ကြည့်နိုင်ငံစာရင်းမှာ ၂ နှစ် ဆက်သတ်မှတ်ခံပြီးတာနဲ့ အ ဆင့် ၃ သတ်မှတ်ပြီး အရေးယူ တာမျိုးတွေ လုပ်လေ့ရှိတယ်။ ကျွန်တော်တို့ နိုင်ငံကတော့ လူ ကုန်ကူးမှုတိုက်ဖျက်ရေးနဲ့ ပတ် သက်လို့ တိုးတက်အောင် လုပ် ဆောင်နိုင်ခဲ့တာကြောင့် အခွင့် အရေးရခဲ့တာ’’ဟု လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီးခင်မောင်လှက ပြောသည်။

အမေရိကန်နိုင်ငံက ၂၀၀၀ ပြည့်နှစ်မှစတင်ကာ ပြဋ္ဌာန်းထား သည့် လူကုန်ကူးခံရသူများ အ ကာ အကွယ်ေ ပးရေး အက်ဥပဒေ (Trafficking Victims ProtectionAct-TVPA) ကို လက်မှတ်ထိုး ထားသည့် နိုင်ငံပေါင်း ၁၈၈ နိုင်ငံ အတွက် နှစ်စဉ်အစီရင်ခံစာ ထုတ်ပြန်သည်။

ဥပဒေပြဋ္ဌာန်းချက်အတိုင်း လိုက်နာသော နိုင်ငံများကို စောင့် ကြည့်အဆင့်-၁ (Tier 1 Watch List) သတ်မှတ် ၍ အပြည့်အ၀ လိုက်နာခြင်းမရှိသော်လည်း သတ်မှတ်ချက်များအတိုင်း အ ကောင်အထည်ဖော်ေ နသော နိုင်ငံများကို စောင့်ကြည့်အဆင့် -၂ သတ်မှတ်သည်။ ဥပဒေကို လိုက်နာခြင်းမရှိသည့်အပြင် လူ ကုန်ကူးမှုတိုက်ဖျက်ရေးအတွက်  အကောင်အထည်ဖော်ခြင်းမရှိ သည့် နိုင်ငံများကို အဆင့်-၃ သတ်မှတ်၍  စီးပွားရေးပိတ်ဆို့မှု ကဲ့သို့ အရေးယူမှုမျိုး ချမှတ်အ ပြစ်ပေးသည်။

မြန်မာနိုင်ငံသည် ၂၀၀၁ မှ ၂၀၁၁ ခုနှစ်အထိ ဆယ်နှစ် ဆက်တိုက် စောင့်ကြည့်အဆင့်−၃ သတ်မှတ် ခံရပြီး   အမေရိကန် အစိုးရက စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးနှင့် အစိုးရအပြောင်းအ လဲဖြစ်ပြီးနောက် ၂၀၁၂ ခုနှစ်မှ စတင်ကာ စောင့်ကြည့်အဆင့်−၂ အဖြစ် သတ် မှတ်ပေးခဲ့ သည်။ ၂၀၁၃ တွင်လည်း ယင်းအဆင့် အတိုင်းသတ်မှတ်ခံခဲ့ရပြီး ယခုနှစ်တွင်ပါ အထူး အခွင့်အရေးတစ်ရပ် အနေဖြင့် သုံးနှစ်ဆက်သတ်မှတ် ကာ အစီရင်ခံစာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

‘‘၂၀၁၄ ခုနှစ်အတွက် plan ကို အချိန်မီတင်ပြနိုင်ခဲ့တယ်။ သူ တို့လုပ်စေချင်တဲ့အချက်တွေကို လုပ်ဖို့ အတွက် plan တွေဆွဲထား တယ်။ ဒါကြောင့် စောင့်ကြည့် စာရင်းထဲ သုံးနှစ်ဆက်ထားတာ’’ ဟု လူကုန် ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှကပြောသည်။

အမေရိကန်အစိုးရ၏ ၂၀၁၄ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆိုင်ရာအစီရင်ခံစာ(TIP Report) တွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနှင့် မလေးရှားနိုင်ငံတို့ကို Tier 3 watch list အဖြစ် စာရင်း ထုတ်ပြန် ခဲ့သည်။

7Day DAILY

No comments:

Post a Comment