Tuesday, June 17, 2014

သန္တိသုခသံဃာအချို့ထိန်းသိမ်းခံရခြင်းအပေါ် သမ္မတရုံးတုံ့ပြန်မှု ဆရာတော်အချို့ အပြင်းအထန်ကန့်ကွက်

မဟာသန္တိသုခကျောင်း တိုက်ချိပ်ပိတ်ခံရပြီး သံဃာတော်အချို့ လူဝတ်လဲကာ ထိန်းသိမ်း ခံရသည့်ဖြစ်စဉ်တွင် နိုင်ငံတော် သမ္မတရုံး၏ တုံ့ပြန်မှုကို လူသိ များသည့် ဆရာတော်များက အပြင်းအထန်ဝေဖန်လိုက်သည်။

မဟာသန္တိသုခကျောင်း တိုက်ကိစ္စရပ်နှင့် ပတ်သက်၍ သာသနာရေးဝန်ကြီးဌာနက ဇွန်လ ၁၁ ရက်တွင် ပြုလုပ်ခဲ့ သည့် သတင်းစာရှင်းလင်းပွဲသည် သာသနာရေးဝန်ကြီးဌာနကို ကိုယ်စားပြု၍ ရှင်းလင်းပြောကြား ခြင်းသာဖြစ်ကြောင်း သမ္မတရုံးက တုံ့ပြန်သည်။

နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဟုဆိုကာ သတင်း စာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ဦးအံ့မောင်သည် နိုင်ငံတော်သမ္မတ ၏အကြံပေးပုဂ္ဂိုလ်လုံးဝမဟုတ်ကြောင်း၊ အမည်မဖော်ပြထား သည့် နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြား ကြောင်း ဇွန်လ ၁၅ ရက်ထုတ် ပုဂ္ဂလိကသတင်းစာအချို့တွင် ပါဝင်ခဲ့သည်။

‘‘အဲဒါသူတို့ဘက်က ဗြောင် လိမ်တာ’’ဟု ရွှေဝါရောင်သံဃာ တော်များ ကွန်ရက်မှ ဆရာတော် တစ်ပါးဖြစ်သူ အရှင်ပဏ္ဍိဝံသက မိန့်သည်။

သတင်းစာရှင်းလင်းပွဲ အပြီး နောက်တစ်နေ့ထုတ် အစိုးရအာ ဘော်သတင်းစာများတွင် ဦးအံ့ မောင်ကို နိုင်ငံတော်သမ္မတရုံး အကြံပေးပုဂ္ဂိုလ်ဟုဖော်ပြထား ခြင်း၊ နိုင်ငံတော် သမ္မတရုံး အကြံ ပေးပုဂ္ဂိုလ်မဟုတ်ဟုဆိုသော် လည်း ယင်းရာထူးကို အသုံးပြုခဲ့ သည့် ဦးအံ့မောင်အား တစ်စုံတစ် ရာအရေးယူမှုမပြုခြင်းတို့သည် အစိုးရ၏ ပြောစကားများနှင့် လုပ်ရပ် ကွဲလွဲနေကြောင်း ရွှေဝါရောင် သံဃာတော် များကွန်ရက် မှ ဆရာတော်များက မိန့်သည်။

‘‘ဘယ်လိုဘဲ ခေါင်းရှောင် ရှောင် ဒါကအစိုးရတစ်ဖွဲ့လုံးရဲ့ ပေါ်လစီနဲ့ ဆိုင်တယ်။ အစိုးရ တစ်ဖွဲ့လုံးရဲ့ တာဝန်လို့မြင်တယ်’’ ဟု ရွှေဝါရောင်သံဃာတော်ကွန် ရက်မှ ဆရာတော်အရှင်စန္ဒာသီရိ ကမိန့်သည်။

ယင်းပြဿနာများမဖြစ်ပွား မီတွင် မဟာသန္တိသုခကျောင်း တိုက်မှ ဖယ်ရှားရန် မလိုကြောင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်က မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်မှ တစ်ဆင့်ပီနန် ဆရာတော်ကြီးထံသူ အပါအ၀င်ရဟန်း နှင့် လူပရိသတ်များရှေ့တွင် သတင်းစကားပါးခဲ့ကြောင်း၊ သို့သော် လည်း နောက် တစ်လအကြာတွင် အကြမ်းဖက်မှုအသွင်ဖြစ်ပွားခဲ့ ကြောင်း အရှင်ပဏ္ဍိဝံသက မိန့် သည်။

‘‘အဲဒီလူ(ဦးညိုအုန်းမြင့်) က ဘယ်ကလူမို့လို့လဲ။ နိုင်ငံခြား သားမဟုတ်ဘူးလေ။ သမ္မတရုံး တို့ Peace Center တို့က တာ ၀န်ပေးထားတဲ့ ပုဂ္ဂိုလ်ပဲ’’ဟု အရှင်ပဏ္ဍိဝံသကမိန့်သည်။

သို့သော်လည်း သမ္မတ ဦး သိန်းစိန်က ဦးညိုအုန်းမြင့်မှ တစ် ဆင့် ပီနန်ဆရာတော်ထံ သတင်း စကားပါးခဲ့သည်မှာ မဟုတ်မှန် ကြောင်း သမ္မတပြောရေးဆိုခွင့် ရှိသူ ဦးရဲထွဋ်က မဇ္ဈိမသတင်း ဌာနအား ပြောကြားခဲ့သည်။

မဟာသန္တိသုခကျောင်း တိုက်နှင့် ပတ်သက်သည့်ဖြစ်ပွား ခဲ့သော ပြဿနာများသည် အစိုးရတွင် တာဝန်ရှိကြောင်း ထင်ရှား သည့်ဆရာတော်တစ်ပါးဖြစ်သည့် ရွှေည၀ါဆရာတော်ကလည်း ဇွန်လ ၁၅ရက်က မိန့်ကြားလိုက်သည်။

7 Day Daily

No comments:

Post a Comment