ထိုင်းနိုင်ငံမှာ
နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားတွေကို နှိမ်နင်းဖြိုခွဲဖို့ မူဝါဒ
မချမှတ်ထားဘူးလို့ စစ်တပ်က ဦးဆောင်တဲ့ အမျိုးသား ငြိမ်းချမ်းရေးနဲ့
တရားဥပဒေ စိုးမိုးရေးကောင်စီ NCPO က ဒီနေ့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။
ထိုင်းစစ်တပ်ကနေ
အထောက်အထား မဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို လိုက်ဖမ်းနေတယ် ဆိုတဲ့
ကောလာ ဟလတွေကြောင့် ကမ္ဘောဒီးယား အလုပ်သမား ၁ သိန်း ၃ သောင်းကျော်ဟာ
ထိုင်းနိုင်ငံကနေ သူတို့နိုင်ငံ ပြန်ကုန်ကြပြီ ဆိုတဲ့ လတ်တလော
မီဒီယာထုတ်ပြန်ချက်တွေ ပေါ်လာပြီး နောက်မှာ ထိုင်းစစ်တပ်ရဲ့ ရှင်းလင်းချက်
ထွက်ပေါ်လာတာပါ။
ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့
အာဏာပိုင်တွေကို ပုန်းလျှိုးကွယ်လျှိုး နေထိုင်ရတာထက် ထိုင်းနိုင်ငံမှာ လွတ်လွတ် လပ်လပ် အလုပ်လုပ်နိုင်အောင် သင့်တော်တဲ့ အထောက်အထားတွေ
ရှိထားရမယ်လို့ မစ္စတာ ၀င်ထိုင်းက ဆိုပါတယ်။
ထိုင်းနိုင်ငံရဲ့
စီးပွားရေးနဲ့ နိုင်ငံခြားသား လုပ်သားတွေ ၂ ဖက်လုံးကို ကူညီနိုင်ဖို့
လူ့အခွင့်အရေးနဲ့ နိုင်ငံတကာစံနှုန်းတွေကို ကိုင်စွဲထားတဲ့ စည်းမျဉ်းတွေပေါ်
အခြေခံပြီး ဖြေရှင်း အကောင်အထည် ဖော်သွားမယ်လို့ ပြောပါတယ်။
လက်ရှိ
ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကမ္ဘောဒီးယား အလုပ်သမား ၄ သိန်း ၎
သောင်းလောက် နေထိုင်နေတယ်လို့ တရားဝင် ကိန်းဂဏန်းတွေက ပြဆိုထားပြီး
မှတ်ပုံမတင်ထားတဲ့ သူတွေကိုတော့ အရေအတွက် အတိအကျ မသိရသေးပါဘူး။
Credit to DVB TV News
No comments:
Post a Comment