Sunday, June 1, 2014

ဘင်္ဂလားဒေ့ရှ် နယ်စပ်ပြဿနာ မြန်မာမမှားဟု သမ္မတရုံး တာဝန်ရှိသူပြော


မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တိုက်ခိုက်မှုများတွင် မြန် မာလုံခြုံရေး တပ်ဖွဲ့နှင့် တပ်မ တော်မှာ လုံးဝ မအမှားအယွင်း မရှိခဲ့ဘဲ မိမိပိုင်နက်ကို လက်နက် ကိုင်တပ်ဖွဲ့များ ကျူးကျော်လာ ခြင်းကြောင့် ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အ ထိအခိုက်မခံလိုသည့် မြန်မာနိုင်ငံ ၏ မူဝါဒအရ ပြဿနာကို သံတမန်နည်းဖြင့် အေးချမ်းစွာဖြေရှင်းရန် ဘင်္ဂလားဒေ့ရှ်အစိုးရကို ကမ်းလှမ်းထားကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားသည်။
ထို့အပြင် မြန်မာနိုင်ငံက ပစ်ခတ်ဖမ်းဆီးရမိခဲ့သော ရုပ်အ လောင်းမှာ RSO တပ်ဖွဲ့ဝင်ဖြစ် ကြောင်း သိသော်လည်း တစ်ဖက် က BGB ဟု ပြောကာတောင်းနေသဖြင့် ရေရှည်နယ်စပ်တည်ငြိမ်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ကုန်သွယ်ရေးတို့ကို ရှေးရှု၍ အ လောင်းကို ယနေ့နံနက် (မေလ ၃၁ ရက်) တွင် ဘင်္ဂလားဒေ့ရှ်သို့လွှဲပြောင်းပေးခဲ့ကြောင်း ၎င်းက အတည်ပြုပြောကြားသည်။


‘‘ကျွန်တော်တို့ဘက်က လုံး ၀မမှားဘူး။ လုံခြုံရေးတပ်ဖွဲ့တွေ က လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့တာ။ ဒီလက်နက်ကိုင်တစ် ယောက် အလောင်းကိစ္စမှာလည်း BGB က ကင်းလှည့်တယ်ပြော တယ်။ ကင်းလှည့်တယ်ပြောပြီး မြန်မာပိုင်နက်ထဲ ဘာလို့ရောက် လာသေးလဲ။ ပိုင်နက်ကျူးကျော် လာရင် မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေက ပစ်မှာပဲ။ အခုဒီအလောင်း ဟာ ကျွန်တော်တို့သိတာက သေ ချာတယ်။ RSO ပါ။ သို့သော် သူ တို့က BGB လို့ပြောတောင်းလို့ သံတမန်နည်းလမ်းအရ ဒီနေ့ပြန် ပေးလိုက်တယ်။ ရေရှည်လည်း သံတမန်နဲ့ ညှိတဲ့အဆင့်နဲ့ ပြီးသွား ဖို့ မျှော်လင့်မိပါတယ်’’ ဟု ဦးဇော်ဌေးက ပြောသည်။

နှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး များကို မိမိနိုင်ငံအသီးသီးနှင့် ပေ ၁၅၀ ခန့်အကွာထား၍ ခြံစည်းရိုး များ ကာရံထားကြသည်။ မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ်ကြား နှစ်ဖက်ခြံစည်းရိုးကြားရှိမြေကွက်လပ်တွင် RSO များ လှုပ်ရှားလေ့ရှိပြီး မကြာခဏ မြန်မာခြံစည်းရိုးနား ကပ်လာတတ်ကြသည်။ ပစ်ခတ်မှုများဖြစ်ပွားသည့်နေရာမှာ မြန်မာခြံစည်းရိုးနှင့် ပေ ၈၀ ခန့်အကွာ မြန်မာပိုင်နက်အနီးကပ်လာ၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောသည်။

‘‘အခု ပြဿနာက RSO က စတဲ့ ပြဿနာ။ မေလဆန်းမှာ မြန်မာခြံစည်းရိုးနား ကပ်လာလို့ နယ်ခြားစောင့် တပ်ဖွဲ့က ပစ် တော့ သူတို့ ဒဏ်ရာရသွားတယ်။ အငြိုးထားပြီး အလစ်ချောင်းပြန် တိုက်လို့ ရဲတပ်သားလေးယောက် ကျသွားရတယ်။ အဲဒီတုန်းကကျတော့ BGB က မသိဘူးပြော တယ်။ အခု သူတို့ဘက်က တစ် ယောက်လည်းကျရော BGB လို့ ထအော်တယ်။ ရေရှည်မှာ တော့ ပိုင်နက်နားကပ်လာရင် ပစ် မယ်။ ဒီတော့ တပ်ဖွဲ့တွေ ကွဲပြား အောင် လက်မောင်းတံဆိပ်တော့ တပ်ထားပေါ့’’ ဟု ၎င်းက ပြော ကြားသည်။

လက်ရှိတွင် အွန်လိုင်းနှင့် လူမှုကွန်ရက် စာမျက်နှာများ၌ ဘင်္ဂလားဒေ့ရှ်စစ်တပ်က မြန်မာ ကို စစ်ကြေညာပြီဟု လှုံ့ဆော်ရေးသားမှုများရှိနေပြီး နယ်စပ် အ နေအထားမှာမူ အေးဆေးနေ ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ မှ အရာရှိတစ်ဦးက အတည်ပြု ပြောကြားသည်။

7Day Daily

No comments:

Post a Comment