ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်စပ်၌ဖြစ်ပွားနေသော ပြဿနာနှင့်ပတ်သက်၍ မြန်မာအစိုးရက ပထမဆုံးအကြိမ်သတင်းထုတ်ပြန် ချက်ကို ဇွန်လ ၁ ရက်တွင်ထုတ်ပြန်လိုက်သည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာ များနှင့်ပတ်သက်၍
ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြောကြားချက်များ မမှန်ကန်ဘဲ၊ မြန်မာနိုင်ငံက
မိမိ၏အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကိုထိပါး လျှင် လုံးဝလက်ခံမည်မဟုတ်သလို နှစ်နိုင်ငံအကြားရှိရင်းစွဲ ချစ်ကြည်ရေး၊ အိမ်နီးချင်းကောင်းဆက်ဆံရေး တို့ကို အခြေခံ၍ သံတမန်နည်းလမ်းအရ ငြိမ်းချမ်းစွာညှိနှိုင်းဆော င်ရွက်သွားမည်ဟုဖော်ပြထားသည်။
နယ်စပ်၌ဖြစ်ပွားခဲ့သောပြဿနာ
မေလ ၂၈ ရက်နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်မောင်တောမြို့ နယ် မိုင်တိုင်အမှတ် ၅၁ နှင့် ၅၂ အကြား မြန်မာပိုင်နက်အတွင်း နယ်စပ်ခြံစည်းရိုးဘက် ပေ ၈၀ ခန့်အကွာသို့ အဝါရောင်ပြောက်ကျားယူနီဖောင်းဝတ်ဘင်္ဂါလီ နှစ်ဦး ချဉ်းကပ်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်ရာမှ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား ခဲ့သည်။ ဘင်္ဂါလီတစ်ဦးသေဆုံးပြီး သေနတ်တစ်လက်နှင့် ခဲယမ်းများဖမ်းမိခဲ့သည်။ ကျန်တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ပြေးသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ နယ်ခြားစောင့်တပ်ဖွဲ့ကင်းလှ ည့်စဉ် မြန်မာဘက်က စတင်ပစ်ခတ်ခဲ့ကြောင်း ၎င်းတို့တပ်ဖွဲ့မှ တပ်ကြပ်မိုဟာမက်မီဇာနူရာမန် အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စွပ်စွဲသည်။ အမှန်တွင် ပိုင်နက်ကျော်ဝင်ရောက်လာ၍ပစ်ခတ်ခြင်းဖြစ်ပြီး ၎င်းတို့က နယ်ခြားစောင့်တပ်ဖွဲ့ဟုပြော သော်လည်း ပိုင်နက်ကျူးကျော်လာသူနှစ်ဦး၏ယူနီဖောင်းမှာ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တ ပ်ဖွဲ့၏ ယူနီဖောင်း မဟုတ်ကြောင်း စိစစ်တွေ့ရှိရသည်ဟု သတင်းထုတ်ပြန်ချက်တွင်ဖော်ြ ပထားသည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပါဖြစ်ရပ်အပေါ် မေလ ၂၈ ရက်တွင် သံတမန်စာပေးပို့ခဲ့သည်။
ထို့အပြင် မေလ ၃၀ ရက်ညနေတွင် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး၌ နှစ်နိုင်ငံနယ်ခြားစောင့်တပ်ဖွဲ့များကြား
မိနစ် ၂၀ခန့်ကြာ ဖြစ်ပွားသည်။ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂါလီအလောင်းအား
ပြန်လည်လက်ခံရယူရန် နယ်နိမိတ်မှတ်တိုင်အမှတ် ၅၀ တွင်စောင့်ဆိုင်းစဉ်
မြန်မာဘက်မှ စတင်ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲသည်။
အသေဖမ်းဆီးရမိသောအလောင်းကို မေလ ၃၀ ရက်တွင်အခင်းဖြစ်ပွားသည့်နယ်နိမိတ်မှတ်တိုင်အမှတ် ၅၂ အနီး လာရောက်ထုတ်ယူရန် အကြောင်းကြားခဲ့ခြင်းသာဖြစ် ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့် တပ်ဖွဲ့က မိုင်တိုင်အမှတ် ၅၀ အနီး၌စောင့်ဆိုင်းသည်ဆိုခြင်းမှာ ဆီလျော်မှုမရှိဘဲ မြန်မာဘက်မှစတင်ပစ်ခတ်ခဲ့ခြ င်းမရှိပါ။
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သံတမန်စာများတွ င်ဖော်ပြထားသည့်အချက်အလက်များသည် လက်တွေ့ဖြစ်ပွားခဲ့သည်နှင့် လုံးဝကွဲလွဲနေသောကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက မေလ ၃၁ ရက် နံနက် ၁၀ နာရီခွဲတွင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီးကိုေ ခ်ါယူ၍ ဘင်္ဂလားဒေ့ရှ်မှပြောကြားချက် များမမှန်ကန်ကြောင်း ငြင်းဆိုဖော်ပြထားသည်။ သတိထောက်လွှာကိုပေးအပ်ခဲ့သည် ဟု ထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် မေလ ၃၀ ရက်က ကင်းလှည့်နေသည်ကို တွေ့ရစဉ် (THEDAILYSTAR)
7Day Daily
ဘင်္ဂလားဒေ့ရှ်အစိုးရက အဆိုပါဖြစ်ရပ်အပေါ် မေလ ၂၈ ရက်တွင် သံတမန်စာပေးပို့ခဲ့သည်။
ထို့အပြင် မေလ ၃၀ ရက်ညနေတွင် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး၌ နှစ်နိုင်ငံနယ်ခြားစောင့်တပ
အသေဖမ်းဆီးရမိသောအလောင်းကို
ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်သံတမန်စာများတွ
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်မျာ
7Day Daily
No comments:
Post a Comment