Tuesday, June 3, 2014

ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း

Photo: ဗိုက်ခေါက်အဆီကျစေမည့် သဘာဝနည်းလမ်း
Tuesday, June 3, 2014 

ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။ 

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။ 
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။ 

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာဝင်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လအတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။ 

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီးအခွံပါသည့်အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။ 

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ
ဗိုက်ခေါက်ထူနေသူများ အဆီကျစေလိုပါက မြန်မာ့ရိုးရာ ဆေးမြီးတိုနည်းဖြင့် အန္တရာယ်ကင်းစွာ အဆီချနိုင်ပါသည်။

လိုအပ်သော ပစ္စည်းများမှာ-

၁။ သဘာဝပျားရည်စစ်စစ် (တစ်နှစ်ကျော်ထားသည့် ပျားရည်အဟောင်း)
၂။ သံပရာသီး
၃။ ဂျင်း

သုံးစွဲပုံ

၁။ သံပရာသီးတစ်လုံးကို ရေစင်အောင်ဆေးပြီး အခွံနှင့်အတူ အကွင်းလိုက် လှီးလိုက်ပါ။ မတ်ခွက်ထဲကို ထည့်ပါ။
၂။ ဂျင်းနှစ်လွာခန့် ထည့်ပါ။
၃။ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းခန့်ထည့်ပါ။
၎။ ရေနွေးပူပူထည့်ပြီး အဖုံးအုပ်ထားပါ။

နာရီဝက်ခန့် နှပ်ထားလိုက်ပြီး ရေနွေး အေးလာသည့်အခါ သောက်ပေးနိုင်ပါတယ်။ ညအိပ်ယာ ၀င်ခါနီးအချိန်ဆိုလျှင် ပိုသင့်လျှော်ပါသည်။ တစ်ပတ်ကို ၃ ကြိမ်ခန့်သောက်ပေးပါ။ တစ်လ အတွင်း ဗိုက်ခေါက်အဆီများ ကျသွားပါလိမ့်မည်။

သတိပြုရန်။ ။ ပျားရည်အသစ်ဖြင့် မပြုလုပ်ရပါ။ ပျားရည်အသစ်သည် လူကို ၀လာစေနိုင်ပါသည်။ သံပရာသီးအခွံပါသည့်အတွက် အရသာအနည်းငယ် ခါးနေမည်။ အခါးမသောက်နိုင်ပါက ပျားရည်အနည်းငယ် ထပ်ထည့်သောက်ပါ။ သကြားမထည့်ရပါ။ အစာအိမ်သမားများ မသောက်သင့်ပါ။

စောနွဲ့ နေဆိုင် (ပူတာအို)
ကိုးကား။ ။ မြန်မာ့ရိုးရာဆေးမြီးတိုများ

ကျန်းမာရေးသတင်းများ

No comments:

Post a Comment