Tuesday, June 3, 2014

ကမ္ဘာ့ ဖလား အ ဖွင့် ပွဲ တွင် နိုင်ပွဲ စတင်မည့် ဘရာဇီး

Photo: ကမ္ဘာ့ ဖလား အ ဖွင့် ပွဲ တွင် နိုင်ပွဲ စတင်မည့် ဘရာဇီး
Tuesday, June 3, 2014 

အကြိမ်(၂ဝ)မြောက် ကျင်းပမည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ အိမ်ရှင် ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ပဉ္စမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး လက်တင်အမေရိကနှင့် တောင်အမေရိက ဒေသကြီး နှစ်ခု၌ ဧရိယာအကျယ် ဆုံး နိုင်ငံဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘောလုံးလောက၏ စူပါပါဝါ ဘရာဇီးသည် အဝါရောင်တွင် အစိမ်းနှင့် အပြာ ရောယှက်ထားသည့် ဝတ်စုံက ၎င်းတို့၏ သင်္ကေတ ဖြစ်သည်။ ပေါ်တူဂီ ဘာသာစကားကို မိခင်ဘာသာစကား အဖြစ် သုံးစွဲပြီး တစ်နိုင်ငံ လုံးက ဘောလုံးကို အရူးအမူး အားပေးကြသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံ ကျင်းပသည့် ဘရာဇီးသည် အုပ်စု(အေ)တွင် ပါဝင်ပြီး အဖွင့်ပွဲစဉ်ကို ဆော်ပေါ်လိုမြို့ရှိ အသစ်ပြန်လည် တည်ဆောက် ထားသော ပရိသတ် ၆ဝဝဝဝကျော်ဆံ့ အရီနာ ကိုရီရမ် သီရမ်ကွင်း၌ ဇွန် ၁၃ရက် မြန်မာ စံတော်ချိန် နံနက် ၂နာရီခွဲတွင် ခရိုအေးရှား အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

ဘရာဇီး အသင်းတွင် အားထားရသော ဆီဆာ၊ သီယာဂို ဆေးဗား၊ ဒေးဗစ်လူးဝစ်၊ မာဆယ်လို၊ ရာမီးရက်စ်၊ အော်စကာ၊ ဝီလီယံ၊ ဟော့စ်နှင့် နေမာ တို့ကို အဓိက ထားပွဲထွက် လာဖွယ် ရှိသည်။

၂ဝ၁၃ ခုနှစ်အတွင်း ခြေစမ်းပွဲ ၁၄ပွဲ ကစားထားရာ ရှစ်ပွဲနိုင်၊ လေးပွဲသရေ နှစ်ပွဲရှုံး ထားသည်။ ဘရာဇီးကို ၂ဝဝ၂ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်စေခဲ့သော တစ်ကျော့ပြန် နည်းပြ စကိုလာရီကလည်း ချန်ပီယံဆု ထပ်ယူပေးမည်ဟု ကြွေးကြော် ထားပေ သည်။

ခရိုအေးရှား အသင်းသည် ယူဂိုဆလား ဗီးယားမှ ခွဲထွက်ပြီး စတင် ယှဉ်ပြိုင်သည့် ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တတိယ ဆုကို ရယူသွားခဲ့သည်။ ၂ဝဝ၂၊ ၂ဝဝ၆ ပြိုင်ပွဲတွင် အောင်မြင်မှု မရသလို ၂ဝ၁ဝ ကမ္ဘာ့ဖလား၌ ခြေစစ်ပွဲ မအောင်ခဲ့ပေ။ သို့သော် ခရိုအေးရှား အသင်းကို ဘောလုံး လောကတွင် တိုးတက်မှု အမြန်ဆုံးဟု အားလုံးက သတ်မှတ်ထားကြသည်။ ခြေစစ်ပွဲ ၁၂ပွဲ ဖြတ်သန်းလာမှုတွင် ခြောက်ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံး ထား သည်။ အဓိက ကွင်းလယ် ကစားသမား မိုဒရစ်၊ ကိုဗာချစ်၊ ရာကီတစ်နှင့် တိုက်စစ်မှူး မန်ဇူးကစ်တို့ ဦးဆောင်မှုဖြင့် နည်းပြနီကိုကို ဗစ်၏ လူငယ် ဦးစားပေး အခင်း အကျင်း နှင့် အိမ်ရှင် အသင်းကို ရင်ဆိုင်မည် ဖြစ်သည်။

ခရိုအေးရှားနှင့် ဘရာဇီး အသင်းသည် နှစ်ကြိမ်သာ ဆုံဖူးရာ ၂ဝဝ၅ခုနှစ် ခြေစမ်းပွဲတွင် တစ်ဂိုးစီသရေ၊ ၂ဝဝ၆ ဂျာမနီ ကမ္ဘာ့ဖလား အုပ်စုအဆင့်၌ ၁ဂိုး- ဂိုးမရှိဖြင့် ဘရာဇီး နိုင်ထားသော မှတ်တမ်း ရှိနေသည်။ ကမ္ဘာ့ ဖလားဟု ဆိုလိုက်သည်နှင့် အမြဲတမ်းထိပ်ဆုံး၌ ရပ်တည်နေသော ဘရာဇီးသည် အဝါရောင် ပရိသတ်များ လွှမ်းခြုံ နေမည့် အဆိုပါ အဖွင့်ပွဲတွင် နိုင်ပွဲဖြင့် စတင်ကာ တာထွက်ကောင်းရေး စွမ်းဆောင်သွားမည် ဖြစ်ပါသည်။ ။

အောင်ချိုငြိမ်း
မြ၀တီ
အကြိမ်(၂ဝ)မြောက် ကျင်းပမည့် ၂ဝ၁၄ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ အိမ်ရှင် ဘရာဇီးနိုင်ငံသည် ကမ္ဘာတစ်ဝန်းတွင် ပဉ္စမမြောက် အကြီးဆုံး နိုင်ငံဖြစ်ပြီး လက်တင်အမေရိကနှင့် တောင် အမေရိက ဒေသကြီး နှစ်ခု၌ ဧရိယာအကျယ် ဆုံး နိုင်ငံဖြစ်သည်။

စီးပွားရေး ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘောလုံးလောက၏ စူပါပါဝါ ဘရာဇီးသည် အဝါရောင်တွင် အစိမ်းနှင့် အပြာ ရောယှက်ထားသည့် ဝတ်စုံက ၎င်းတို့၏ သင်္ကေတ ဖြစ်သည်။ ပေါ်တူဂီ ဘာသာစကားကို မိခင်ဘာသာစကား အဖြစ် သုံးစွဲပြီး တစ်နိုင်ငံ လုံးက ဘောလုံးကို အရူးအမူး အားပေးကြသည်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဒုတိယအကြိမ် လက်ခံ ကျင်းပသည့် ဘရာဇီးသည် အုပ်စု(အေ)တွင် ပါဝင်ပြီး အဖွင့်ပွဲစဉ်ကို ဆော်ပေါ်လိုမြို့ရှိ အသစ်ပြန်လည် တည်ဆောက် ထားသော ပရိသတ် ၆ဝဝဝဝကျော်ဆံ့ အရီနာ ကိုရီရမ် သီရမ်ကွင်း၌ ဇွန် ၁၃ရက် မြန်မာ စံတော်ချိန် နံနက် ၂နာရီခွဲတွင် ခရိုအေးရှား အသင်းနှင့် ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

ဘရာဇီး အသင်းတွင် အားထားရသော ဆီဆာ၊ သီယာဂို ဆေးဗား၊ ဒေးဗစ်လူးဝစ်၊ မာဆယ်လို၊ ရာမီးရက်စ်၊ အော်စကာ၊ ဝီလီယံ၊ ဟော့စ်နှင့် နေမာ တို့ကို အဓိက ထားပွဲထွက် လာဖွယ် ရှိသည်။

၂ဝ၁၃ ခုနှစ်အတွင်း ခြေစမ်းပွဲ ၁၄ပွဲ ကစားထားရာ ရှစ်ပွဲနိုင်၊ လေးပွဲသရေ နှစ်ပွဲရှုံး ထားသည်။ ဘရာဇီးကို ၂ဝဝ၂ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်စေခဲ့သော တစ်ကျော့ပြန် နည်းပြ စကိုလာရီကလည်း ချန်ပီယံဆု ထပ်ယူပေးမည်ဟု ကြွေးကြော် ထားပေ သည်။

ခရိုအေးရှား အသင်းသည် ယူဂိုဆလား ဗီးယားမှ ခွဲထွက်ပြီး စတင် ယှဉ်ပြိုင်သည့် ၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တတိယ ဆုကို ရယူသွားခဲ့သည်။ ၂ဝဝ၂၊ ၂ဝဝ၆ ပြိုင်ပွဲတွင် အောင်မြင်မှု မရသလို ၂ဝ၁ဝ ကမ္ဘာ့ဖလား၌ ခြေစစ်ပွဲ မအောင်ခဲ့ပေ။ သို့သော် ခရိုအေးရှား အသင်းကို ဘောလုံး လောကတွင် တိုးတက်မှု အမြန်ဆုံးဟု အားလုံးက သတ်မှတ်ထားကြသည်။ ခြေစစ်ပွဲ ၁၂ပွဲ ဖြတ်သန်းလာမှုတွင် ခြောက်ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံး ထား သည်။ အဓိက ကွင်းလယ် ကစားသမား မိုဒရစ်၊ ကိုဗာချစ်၊ ရာကီတစ်နှင့် တိုက်စစ်မှူး မန်ဇူးကစ်တို့ ဦးဆောင်မှုဖြင့် နည်းပြနီကိုကို ဗစ်၏ လူငယ် ဦးစားပေး အခင်း အကျင်း နှင့် အိမ်ရှင် အသင်းကို ရင်ဆိုင်မည် ဖြစ်သည်။

ခရိုအေးရှားနှင့် ဘရာဇီး အသင်းသည် နှစ်ကြိမ်သာ ဆုံဖူးရာ ၂ဝဝ၅ခုနှစ် ခြေစမ်းပွဲတွင် တစ်ဂိုးစီသရေ၊ ၂ဝဝ၆ ဂျာမနီ ကမ္ဘာ့ဖလား အုပ်စုအဆင့်၌ ၁ဂိုး- ဂိုးမရှိဖြင့် ဘရာဇီး နိုင်ထားသော မှတ်တမ်း ရှိနေသည်။ ကမ္ဘာ့ ဖလားဟု ဆိုလိုက်သည်နှင့် အမြဲတမ်းထိပ်ဆုံး၌ ရပ်တည်နေသော ဘရာဇီးသည် အဝါရောင် ပရိသတ်များ လွှမ်းခြုံ နေမည့် အဆိုပါ အဖွင့်ပွဲတွင် နိုင်ပွဲဖြင့် စတင်ကာ တာထွက်ကောင်းရေး စွမ်းဆောင်သွားမည် ဖြစ်ပါသည်။ ။

အောင်ချိုငြိမ်း
မြ၀တီ

No comments:

Post a Comment