Monday, June 2, 2014

မိတ္ထီလာ ပြည်သာယာရပ်ကွက်အတွင်း နေအိမ်တစ်အိမ်ရှိ မွေ့ရာ၊ အ၀တ်အစားများမှ အလိုအလျောက် မီးလောင်


မိတ္ထီလာမြို့ ပြည်သာယာတောင်ရပ်ကွက် (၃)လမ်းရှိ နေအိမ်တစ်အိမ်တွင် မွေ့ ယာ၊ အဝတ်အစားများမှ အလိုအလျောက် မီးထလောင်မှုများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။

ဒေါ်မြင့်မြင့်စိုး အသက်(၄၈)နှစ် နေထိုင်သော ပြည်သာယာတောင် ရပ်ကွက်ရှိ နေအိမ်တွင် မေ ၃ဝ ရက် နေ့ခင်းပိုင်းမှ စတင်ပြီး နေအိမ်အိပ်ခန်း၊ မွှေ့ရာ၊ ဖက်လုံး၊ စောင်တို့တွင် အလိုအလျောက် မီးစွဲတောက်လောက်မှုများ ရှစ်ကြိမ်ထက်မနည်း ဖြစ်ပေါ်နေခဲ့ပြီး မေ ၃၁ ရက် နံနက်ပိုင်းအထိ မီးလောင်မှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။
“မနေ့က ရှစ်ကြိမ်လောက် မီးလောင်ပါတယ်။ တစ်ကြိမ်နဲ့တစ်ကြိမ် ၄၅ မိနစ်၊ တစ်နာရီလောက် ခြား ပါတယ်။

သုံးခါလောက် လောင်ပြီးတော့ အချိန်မှတ်လို့ ရခဲ့ပါတယ်။ ဒီနေ့ မနက်ကိုးနာရီက ရေချိုးမယ်ဆိုပြီး အမေကြီး အက်ီၤခြ်တ္တာမွာ အက်ီၤေတြ မီးထတောက်ပါတယ်။ အုပ်ချုပ်ရေးကတော့ ကင်းချပြီး စောင့်ကြည့်နေပါတယ်”ဟု မိတ္ထီလာ ပြည်သာယာရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးသိန်းဝင်း က ပြောပြသည်။
“သတင်းပို့ချက်ရတာနဲ့ မီးသတ်တပ်ဖွဲ့က အချိန်မီသွားရောက် ငြှိမ်းသတ်ပေးခဲ့ပါတယ်။ ငြှိမ်းသတ်ပေး ပြီးတော့ အဲ့ဒီအိမ်မှာ မီးသတ်တပ်ဖွဲ့ဝင်တွေ ဆက်လက်ထားရှိပြီး အချိန်မီငြှိမ်း သတ်နိုင်အောင် စောင့်ကြည့်နေပါတယ်။

မနေ့ညက အရန်မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ယောက် စောင့်ကြည့်ခဲ့ပါတယ်” ဟု မိတ္ထီလာခရိုင် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်း က ပြောကြားသည်။
“တစ်ခါမှ မကြားဖူးလို့ လာကြည့်တာပါ။ ဒီအိမ်က ဘာထူးလဲတော့ မသိဘူး။ လွန်ခဲ့တဲ့ နှစ်လလောက် ကလည်း ဖုန်းဆက်ပြီး သိန်း ၅ဝ တောင်းတယ်ဆိုပြီး သတင်းတွေ ထွက်လာလို့ လာကြည့်ဖူးတယ်။ ခုတစ်ခါလည်း မီးထတောက်တယ်ပြောလို့ လာကြည့်တာ” ဟု မိတ္ထီလာမြို့ ရတနာမာရ်အောင်ရပ်ကွက် အတွင်းမှ လာရောက်ကြည့်ရှုသူ တစ်ဦးက ပြောပြသည်။

အဆိုပါ ပြည်သာယာတောင်ရပ်ကွက်ရှိ ဒေါ်မြင့်မြင့်စိုး၏ နေအိမ်တွင် မေ ၃ဝ ရက် နေ့ခင်းပိုင်းတွင် တစ်ကြိမ် စတင်လောင်ကျွမ်းခဲ့ပြီး မေ ၃ဝ ရက်အတွင်း ငါးကြိမ်ခန့်နှင့် မေ ၃၁ ရက်နံနက်တွင် တစ်ကြိမ် မီးလောင်ကျွမ်းနေသဖြင့် စောင့်ကြည့် မီးငြှိမ်းသတ်ပေးနေရကြောင်း မိတ္ထီလာခရိုင် မီးသတ်ဦးစီးဌာနမှ သိရသည်။

Eleven
(မီးလောင်မှုဖြစ်နေသည့် နေအိမ်သို့ လာရောက်ကြည့်ရှု့နေကြသူများအား တွေ့ရစဉ်)
(မေ ၃၁ ရက် နံနက်က အ၀တ်အစားများ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် )

No comments:

Post a Comment