Thursday, June 26, 2014

ဝင်ကြေးမြင့်တဲ့ မြန်မာ-ထိုင်း လက်ဝှေစိန်ခေါ်ပွဲ

မြန်မာနိုင်ငံမှာ တစ်ခါမှ လာမထိုးဖူးတဲ့သူတွေ ပါတဲ့ မြန်မာ-ထိုင်းရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲဟာ အရင်တုန်းက ကျင်းပတဲ့ ပွဲတွေက ဝင်ကြေးလက်မှတ်ဈေးက သုံးဆကျော် မြင့်ပါတယ်။ နှစ်ဖက်လုံးက လက်ဝှေ့ အကျော်အမော်တွေ ထိုးမယ့်ပွဲ ဖြစ်ပါတယ်။

မြန်မာ လက်ဝှေ့သမားတွေကို ထိုးကြေး ကျပ် ၇သိန်းကနေ သိန်း ၃၀ အထိ အဆင့်လိုက် ပေးရတဲ့အတွက် အထူးတန်း လက်မှတ်တစ်စောင်ကို ကျပ်ငါးသောင်းနဲ့ ရောင်းရတာလို့ ပွဲစီစဉ်သူတွေက ဆိုပါတယ်။

မြန်မာ့ရိုးရာ လက်ဝှေ့နဲ့ ရင်းနှီးတဲ့သူတွေကို အဓိက ရွေးခေါ်တဲ့အတွက် ဘန်ကောက်က
လက်ဝှေ့သမားတွေ မပါဘဲ နယ်စပ် (မဲဆောက်)က သူတွေကိုပဲ ခေါ်တာလို့ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

အရင်က လုပ်တဲ့ လက်ဝှေ့ပွဲတွေမှာ လက်ဝှေ့အကျော်အမော် ငါးတွဲလိုက် ထိုးထားဖြစ်ပြီးတော့ ကြားပွဲလို့ခေါ်ထဲ လူငယ်မျိုးဆက်သစ်တွေကို ထိုးခိုင်းတာတွေ ရှိပါတယ်။ အခုတစ်ကြိမ်မှာတော့ လက်ဝှေ့ အကျော်အမော်တွေပဲ သီးသန်းဆယ်တွဲ ထိုးသတ်ကြမှာ ဖြစ်ပါတယ်။

ထိုးသတ်ကြမယ့် တွဲဆိုင်းတွေကတော့ စောဒါးပို (ရွေဖူး) နဲ့ ဝက်ခ်ျနာ(ထိုင်း)၊ ရဲမြတ်အောင် (အဖြူရောင်သွေးသစ်) နဲ့ ဂွန်ချန်ပဲ(ထိုင်း)၊ ရန်တိုင်းကျော် (ဝါဆို) နဲ့ ဖားမွန်ခွန်း (ထိုင်း)၊ ရဲတံခွန်(အလင်းရောင်း) နဲ့ ဖက်နီခွန်(ထိုင်း)၊ စောဂေါ်မူဒို (သတ္တိ) နဲ့ ဖာခေါ(ထိုင်း)၊သတ္တိအောင် (တောင်ကလေး) နှင့် ဖူထိုင်း(ထိုင်း)၊ သပြေညို(ဘိလပ်မြေစက်ရုံ) နဲ့ နက်တဒက် (ထိုင်း)၊ တူးတူး (နဂါးမာန်) နဲ့ ခရွန်(ထိုင်း)၊စိုးလင်းဦး(ဒို့ရိုးရာ) နဲ့ ပါဝိ(ထိုင်း)၊ ထွန်းထွန်းမင်း(မုဒုံသား)နဲ့ ဝီရာပိုလ်(ထိုင်း)။

“ပါဝိနဲ့ တစ်ခါမှ မထိုးဖူးသေးဘူး။ သူထိုးခဲ့တဲ့ ပွဲစဉ်တွေကို ဗီဒီယိုဖိုင်တွေ ကနေ ပြန်ကြည့်ပြီး သူရဲ့အားနည်းချက် အားသာ ချက်တွေကို လေ့လာမယ်။ ပရိသတ်အတွက် အကောင်းဆုံးဖြစ်အောင် ယှဉ်ပြိုင်မယ်” လို့ ပထမတန်း လက်ဝှေ့ကစားသမား စိုးလင်းဦးက ပြောပါတယ်။

အဲဒီပွဲအတွက် ပထမတန်း လက်မှတ် ကျပ်သုံးသောင်း၊ ဒုတိယတန်း လက်မှတ် ကျပ်တစ်သောင်းငါးထောင် ပေးရမှာ ဖြစ်ပါတယ်။

The Voice

No comments:

Post a Comment