Thursday, June 26, 2014

မြန်မာ့ ရေပေါ်ဟိုတယ် တစ်ရက် ဒေါ်လာ၄၆၀ ကျမယ်

လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ရာဝန်းကျင်လောက်က ရှေးဟောင်းအဆောက်အအုံ ပုံစံအတိုင်း ပြုလုပ် ထားတဲ့ ရေပေါ်ဇိမ်ခံ ဟိုတယ်ကို ဗိုလ်တထောင် ဆိပ်ကမ်းမှာ ဖွင့်တော့မှာ ဖြစ်ပါတယ်။

ဟိုတယ် ဝန်ထမ်းတွေက တည်းခိုသူတွေကို အကောင်းဆုံး ဝန်ဆောင်ပေး မယ်လို့ အဲဒီဟိုတယ်ရဲ့ Operation Director မစ္စတာ အဲရစ်က ပြောပါတယ်။

သင်္ဘောကို ဖင်လန်နိုင်ငံရဲ့ ဝယ်ပြီးတော့ လိုအပ်တဲ့ ပရိဘောဂကို ဂျာမနီက တင်သွားထားပါတယ်။ ကြယ်ငါးပွင့် အဆင့် ရှိတဲ့ အဲဒီဟိုတယ်မှာ တည်းခိုရင် တစ်ရက်ကို ဒေါ်လာ ၄၆၀ ကျမှာ ဖြစ်ပါတယ်လို့
သူကဆိုပါတယ်။ ဧည့်သည်တွေကို ဝန်ဆောင်မှုပေးရာမှာလည်း ဒူးကွေးခါးညွတ်ပြီး တမူထူးခြားတဲ့ပုံစံနဲ့ ဝန်ဆောင်ပေးသွားမှာပါလို့ ဆိုပါတယ်။

ဒီလိုလုပ်တာဟာ မြန်မာနိုင်ငံကိုလာတဲ့ နိုင်ငံခြားသား ဧည့်သည်တွေ သက်တောင့်သက်သာ ရှိအောင် အနားယူရင်း သင်္ဘောစီး ခရီးထွက်နေရသလို ခံစားရအောင် ဖန်တီးထားတာ လို့လည်း သူကဆက်ပြောပါတယ်။

အမေရိကန် ဒေါ်လာသန်း ၅၀ခန့် ရင်းနှီးမြှုပ်နှံထားတဲ့ Vintage Luxury Hotel ရေပေါ်ဇိမ်ခံ ဟိုတယ်ကို ရန်ကုန်မြို့တော် ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှိပါတယ်။ လာမယ့် ဇူလိုင်လ တစ်ရက်နေ့မှာ စတင်ဖွင့် လှစ်မှာ ဖြစ်ပါတယ်။

ဟိုတယ် တည်းခိုခတွေ ဈေးကြီးလွန်းတယ်လို့ နာမည်ကြီးနေတဲ့ မြန်မာနိုင်ငံ အတွက် ဒီဟိုတယ်က အလုပ်ဖြစ်နိုင်ပါ့မလား ဆိုတာ စောင့်ကြည့်ရမယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေက ပြောဆိုနေကြပါတယ်။

The Voice Weekly

No comments:

Post a Comment