တရုတ်နိုင်ငံမှ ဘောလုံးပရိသတ်တစ်ဦးသည် ဘရာဇီးနိုင်ငံတွင် ကျင်းပနေသည့်ကမ္ဘာ့ဖလားပြိုင်ပွဲ ပွဲစဉ်များကို ကြည့်ရှုရန်အတွက် မအိပ်ပဲစောင့်ဆိုင်းနေခဲ့ရာ အိပ်ရေးပျက်သည့်အတွက် အသက်ဆုံးရှုံးခဲ့ ရသည်ဟုဒေးလီးမေးလ်သတင်းစာက ဖော်ပြသည်။
အသက် ၂၅ နှစ်အရွယ် ယင်းဘောလုံးပရိသတ်ကို သောကြာနေ့က ကစားခဲ့သောစပိန်နှင့်ဟော်လန် အသင်းတို့၏ ပွဲစဉ်အပြီး တစ်နာရီခန့် အ ကြာတွင်ရှန်ဟိုင်းပြည်နယ်အနီးရှိ Suzhou မြို့ရှိ ၎င်း၏နေအိမ်၌
တီဗီရှေ့တွင်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။ ယင်းပွဲစဉ်ကစားခဲ့သော ဘရာဇီးနိုင်ငံ၊ ဆယ်လ်ဗေးဒိုးမြို့၏ စံတော်ချိန်မှာ ရှန်ဟိုင်းထက် ၁၁ နာရီနောက်ကျပြီးဘောလုံးပွဲပြီးဆုံးချိန်မှာ တရုတ်နိုင်ငံတွင် နံနက် ၅ နာရီခန့်ရှိ အချိန်ဖြစ်ရာ ယင်းပရိသတ်အနေဖြင့် ဘောလုံးပွဲကြည့်ရှုရန် တစ်ညလုံးမအိပ်ပဲစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။ ၎င်း၏ သေဆုံးမှုကို စစ် ဆေးခဲ့သည့်ဆရာဝန်ကလည်း ယင်းသေဆုံးမှုမှာ အိပ်ချိန်မလုံလောက်ခြင်းကြောင့်ဟုကောက်ချက်ချခဲ့သည်။အသက် ၂၅ နှစ်အရွယ် ယင်းဘောလုံးပရိသတ်ကို သောကြာနေ့က ကစားခဲ့သောစပိန်နှင့်ဟော်လန် အသင်းတို့၏ ပွဲစဉ်အပြီး တစ်နာရီခန့် အ ကြာတွင်ရှန်ဟိုင်းပြည်နယ်အနီးရှိ Suzhou မြို့ရှိ ၎င်း၏နေအိမ်၌
ထို့ကြောင့် ယခုအချိန်တွင် တရုတ်နိုင်ငံရှိ ဘောလုံးပရိသတ်များအနေဖြင့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အိပ်ချိန်များကို ဂရုစိုက်ကြရန်နှင့် လုံလောက်သည့် အိပ်ချိန်မရှိပါက အန္တရာယ်ရှိနိုင်ကြောင်းဆေးဖက် ဆိုင်ရာကျွမ်းကျင်သူများက သတိပေးထားသည်။ ယူရို ၂၀၁၂ပြိုင်ပွဲအတွင်း ကလည်း တရုတ်ဘောလုံး ပရိသတ်တစ်ဦးမှာ ဘောလုံးပွဲစဉ်များကိုကြည့်ရှုရန် ၁၁ ညဆက်တိုက် မအိပ်ခဲ့သည့် အတွက် သေဆုံး ခဲ့ရသည်။
ရည်ညွှန်း - Daily Mail
No comments:
Post a Comment