Tuesday, June 24, 2014

အမျိုးသားတစ်ဦး တာလမ်းပေါ်၌ချော်လဲစဉ် ဓါတ်ကြိုးနှင့်ထိမိသဖြင့် ဓါတ်လိုက်သေဆုံး

၂၃.၆.၂၀၁၄ ရက်နေ့ ၂၃၂၀ အချိန်တွင် ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင် များသည် ရွှေပြည်သာမြို့နယ်ဆေးရုံသို့ အမျိုးသားတစ်ဦး ဓါတ်လိုက်ခံရသဖြင့် သေဆုံးရောက် ရှိနေ ကြောင်းသတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ ရွှေပြည်သာမြို့နယ်နေ အောင်ပိုင်ဦး၊ (၂၃)နှစ်ဖြစ်ပြီး လည်ပင်းယာဘက်၊ယာပခုံးနှင့်လက်တို့တွင် ပေါက်ပြဲဒဏ်ရာများရရှိထားသည်ကို တွေ့ရှိရ ပါသည်။
ဖြစ်စဉ်အားစုံစမ်းရာ သေဆုံးသူသည် ၂၂၃၀ အချိန်ခန့်က မိုးရွာနေစဉ် နေအိမ်မှ လမ်းထိပ်ရှိ လ္ဘက်ရည် ဆိုင်သို့ သွားရောက်ခဲ့ရာ မိုးမောက်(၁)လမ်းထိပ်အရောက် ချော်လဲပြီး တာလမ်းမဘေးရှိ ဓါတ်တိုင် မှ နေအိမ်များသို့သွယ်တန်းထားသော အိကျနေသည့်လျှပ်စစ်ဓါတ်ကြိုးနှင့်ထိမိသဖြင့် ဓါတ်လိုက်ကာ ဒဏ်ရာရရှိသေဆုံး ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

၎င်းသေဆုံးမှုနှင့်ပတ်သက်၍ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၁၁/၂၀၁၄) ဖြင့် ရေးဖွင့်ကာ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment