Tuesday, June 24, 2014

ကြိုတင်မဲပေးပြီးသူစာရင်း ထုတ်ပြန်ပေးရန် ကော်မရှင်စီစဉ်နေ

ရွေးကောက်ပွဲများမကျင်းပမီ ကြိုတင် ဆန္ဒမဲပေးပြီးသူများစာရင်းကို ထုတ်ပြန်ပေးနိုင်ရန် စီစဉ်နေ သည် ဟု ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင် ရွေးကောက်ပွဲဌာန ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က မဇ္ဈိမ ကို ဇွန်လ ၂၃ ရက်တွင် ပြောသည်။ ကြိုတင်ဆန္ဒမဲပေးသူများ၏စာရင်းများကို သက်ဆိုင်ရာမဲရုံများ သို့မဟုတ် ကော်မရှင် ခွဲရုံးများတွင် ထုတ်ပြန်ပေးနိုင်ရေးအတွက် ကော်မရှင်က စဉ်းစားနေသည်ဟု ၎င်းက ဆိုသည်။
“အခုလုပ်နေတဲ့ နည်းဥပဒေထဲမှာ ဘယ်လိုလုပ်မလဲဆိုတာကို စဉ်းစားနေတယ်။ အဲဒီတော့ လာလေ့လာ သူတွေအတွက်လည်း လွယ်သွားတာပေါ့။ နည်းဥပဒေကိုလည်း ကော်မရှင်ဘက်က ပြီးတဲ့ အနေအထား ရှိပေမယ့် ပါတီတွေက တင်လာတဲ့ အချက်တွေကို ပြန်စဉ်းစားပေးနေသေးတာရယ်ကြောင့် အခုထိ မထုတ်ရသေးတာ”ဟု ဦးသောင်းလှိုင်က ပြောသည်။

ကော်မရှင်က ပြုစုနေသည့် ရွေးကောက်ပွဲနည်းဥပဒေကို ဇွန်လအတွင်း ထုတ်ပြန်နိုင်ရန် ဆောင်ရွက် သွားမည်ဟု ကော်မရှင်က ဆိုထားသည်။ မဲများကိုရေတွက်ရာ ရွေးကောက်ပွဲ ကျင်းပချိန် အတွင်း နိုင်ငံ ရပ်ခြားရှိသူများနှင့် နိုင်ငံရပ်ခြားသို့သွားရောက် မည့်သူများအတွက်ကို သက်ဆိုင်ရာမြို့နယ်ကော်မရှင် ရုံးတွင် ရေတွက်မည်ဖြစ်ပြီး ရွေးကောက်ပွဲနေ့တွင် ဖျားနာသူများ ဥပဒေအရ ဆန္ဒမဲ မပေးနိုင်သူများ၏ မဲများကိုသက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာများတွင်သာ ရေတွက်သွားမည်ဟု ကော်မရှင်က ဆိုသည်။

“၂၀၁၀ တုန်းက ဘာမှကို မသိရဘူး။ ကြိုတင်မဲကောက်တုန်းကလည်း ဆရာမတွေ ရပ်ကျေးတွေက ဒီဟာထည့် ဟိုဟာထည့်နဲ့ ပြောတာတွေရှိခဲ့တယ်လို့ သိရတယ်လေ။ အခုကြိုတင်မဲပေးပြီးသူ စာရင်းကို ကပ်ထား ပေးမယ်ဆိုတာက မကပ်ပေးတာထက်စာရင်တော့ ကောင်းတယ်လို့ ပြောရမှာပဲ။ဒါပေမဲ့ ကြိုတင်မဲပေးစဉ်မှာ လွတ်လပ်စွာ မဲပေးခွင့်ရှိနိုင်ဖို့ကလည်း ပိုအရေးကြီးပါတယ်”ဟု ချင်းအမျိုးသား ဒီမိုကရက် တစ်ပါတီ အတွင်းရေးမှူး(၁)ဆလိုင်းငယ်ပီး က ဆိုသည်။

ပါတကီရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ တောင်းယူကြည့်ရူခြင်းအတွက် ငွေကျပ်တစ်သော င်း ပေး သွင်းရမှုကိုလည်း အခမဲ့အဖြစ် ဆောင်ရွက်ပေးနိုင် ရန် ပြည်ထောင်စုရွေးကောက် ပွဲ ကော်မရှင်ကို တိုက် တွန်းထားသည်ဟု ပြောသည်။

Mizzima - News in Burmese

No comments:

Post a Comment