Wednesday, June 25, 2014

အသစ်ခန့်အပ်မည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ သဘောထား ကြေညာချက်ထုတ်ပြန်

စစ်တွေ၊ ဇွန် ၂၄- ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နုတ်ထွက် ခွင့်ရရှိပြီးနောက် အသစ်ခန့်အပ်မည့် ပြည်နယ်ဝန်ကြီး ချုပ်နှင့် ပတ်သက် ၍ ရခိုင်အမျိုးသားပါတီမှ သဘော ထားကြေညာချက်တစ်ခုကို ဇွန် ၂၃ ရက်က ထုတ်ပြန်လိုက်ကြောင်း သိ ရသည်။

သဘောထားကြေညာချက်တွင် အသစ်ခန့်အပ်တာဝန်ပေးအပ်မည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရ ခိုင်တိုင်းရင်းသား တစ်ဦး ဖြစ်သင့်ပြီး ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ထဲမှသာလျှင် ဖြစ်ရမည်ဟု ဖော်ပြ ထားသည်။ နောက်ဆုံးအချက်တွင် ဒီမိုကရေစီ၏ အနှစ်သာရများနှင့် ညီညွတ်အောင် ကျင့်သုံးမည်ဆိုပါ က ရခိုင်ပြည်နယ် လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာအများဆုံးရရှိ ထားသည့် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဦးကို ရခိုင်ပြည်နယ် ဝန်ကြီး ချုပ်အဖြစ် တင်မြှောက်ခန့်အပ်သင့် သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြပါရှိသည်။

လက်ရှိအခြေအနေတွင် ရခိုင် ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင် ၏ တာဝန်များကို နယ်စပ်ရေးရာ နှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန် လင်းမှ ယာယီတာဝန်ယူထားပြီး ဇွန် ၂ဝရက်က ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်မှ ရခိုင်ပြည်နယ် လွှတ် တော်တွင် တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်အဖြစ် အစား ထိုးလိုက်သည့် ဗိုလ်ချုပ်မောင်မောင် အုန်းမှာ ပြည်နယ်ဝန်ကြီးချုပ်ဖြစ်လာ မည်ဟု သတင်းများထွက်ပေါ်နေ ကြောင်း သိရသည်။

ယခုနုတ်ထွက် သွားသည့် ပြည် နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်မှာ လည်း ရခိုင်ပြည်နယ် အမ်းမဲဆန္ဒ နယ်အမှတ်(၁) မှ ရွေးကောက် တင် မြှောက်ခြင်းခံရသော ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်နယ်လွှတ်တော်၏ သဘောတူ ညီချက်ကိုရယူ၍ ခန့်အပ်တာဝန်ပေး ခံခဲ့ရသော ဝန်ကြီးချုပ်ဖြစ်ကြောင်း ကြေညာချက်တွင်ဖော်ပြထားသည်။

NT
[---Democracy today Daily Newspaper--]

Yangon Media Group

No comments:

Post a Comment