Tuesday, June 17, 2014

သာသနာရေးဝန်ကြီးပြောကြားချက် အမှန်တကယ် ဟုတ် မဟုတ် တိုင်းအစိုးရက သံတော်ဆင့်ဂျာနယ်တာဝန်ရှိသူများအား ခေါ်မေး

ရန်ကုန်− မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သော မဟာသန္တိသုခကျောင်းတော်ကြီး သတင်းတွင် သာသနာရေးဝန်ကြီး ဌာနပြည်ထောင်စုဝန်ကြီး ဦးဆန်း ဆင့်၏ ပြောကြားချက် အမှန်တ ကယ်ဟုတ်၊ မဟုတ်ကို ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က သံတော်ဆင့်ဂျာနယ်အယ်ဒီတာ နှင့် ပုံနှိပ်သူတို့အား ယနေ့(ဇွန် ၁၆)တွင် ခေါ်ယူတွေ့ဆုံမေးမြန်းခဲ့ ကြောင်း သတင်းရရှိသည်။
ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်သတင်းဂျာ နယ်စာမျက်နှာ ၂၁ တွင် ‘‘မဟာ သန္တိသုခကျောင်းတော်ကြီး အရေးကိစ္စတွင် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဘက်မှ ရပ် တည်မှုမရှိ၍ ဆရာတော်ကြီးများ စိတ်နှလုံးထိခိုက်’’ခေါင်းစဉ်ဖြင့် သတင်းတွင် ၀န်ကြီးဦးဆန်းဆင့် ပြောကြားချက်နှင့် ပတ်သက်၍ ခေါ်ယူတွေ့ဆုံခြင်းဖြစ်ကြောင်း စာပေစိစစ်နှင့် မူပိုင်ခွင့်ဌာနခွဲ ဒု တိယညွှန်ကြားရေးမှူး ဒေါ်ယုယု ၀င်းကပြောသည်။
‘‘အဲဒီသတင်းမှာ သာသနာ ရေးဝန်ကြီးပြောတာ တကယ် ဟုတ်၊ မဟုတ်မေးတာပါ။ ခေါ်ယူ သတိပေး တာမျိုးမဟုတ်ပါဘူး။ သံတော်ဆင့်ဘက်ကလည်း သူတို့မှာ အသံဖိုင်ရှိတယ်။ မဟန ဆရာတော်ကြီးတွေပြောတာလည်း တကယ်အမှန်ဖြစ်တယ်။ ဒါပေမဲ့ သတင်းရင်းမြစ်ကို ကာကွယ်ရမှာမို့ အဲဒီသတင်းမှာပါတဲ့ မဟနဆရာတော် ဘယ်ကိုယ်တော်လဲဆိုတာတော့ သူတို့ပြောလို့မရလို့ပါလို့ပြော ပါတယ်။ အစိုးရအဖွဲ့ကလည်းအေးအေးဆေးဆေးပဲ။ ၀န်ကြီးပြောတာ ဟုတ်၊မဟုတ်ခေါ်မေးတာပဲဖြစ် ပါတယ်’’ဟု တွေ့ဆုံမှုတွင်ပါဝင်ခဲ့သည့် ဒေါ်ယုယုဝင်းကပြောသည်။
ယင်းသတင်းတွင် သာသနာ ရေးဝန်ကြီး ဦးဆန်းဆင့်က မဟာ သန္တိသုခကျောင်းတော်ကြီး ပိုင် ဆိုင်မှုအတွက် ပီနန်ဆရာတော် ကြီးနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ပြဿနာတွင် သမ္မတဦးသိန်းစိန်နှင့် အစိုးရအဖွဲ့မှ နိုင်ငံတော်သံဃ မဟာနာယကဆရာတော်ကြီးများ ဆုံးဖြတ်ပေးထားသည်ကို လိုက်ပါဆောင်ရွက်ပေးခြင်းမရှိကြောင်း၊ သာသနာရေးဝန်ကြီးဌာန တစ်ခုတည်း ကသာ ဆုံးဖြတ်ချက်ကို နာခံဆောင်ရွက်ရကြောင်း သာသနာရေးပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်က မြန်မာသံတော်ဆင့်သို့ပြောသည်ဟု ဖော်ပြထားသည်။
ခေါ်ယူတွေ့ဆုံမှုကို မြန်မာ သံတော်ဆင့်၏ စီမံအယ်ဒီတာ ဦးအောင်ကိုကိုက အတည်ပြုခဲ့ ပြီး မည်သည့်သတင်းအတွက် ခေါ် ယူတွေ့ဆုံခြင်းကိုမူ ပြော၍မရကြောင်း 7 DAY သို့ဖုန်းဖြင့် ဖြေကြား ခဲ့သည်။
‘‘ကျွန်တော်တို့ကိုသတိပေး တာလည်း မဟုတ်ဘူး။ ခြိမ်းခြောက်တာလည်း မရှိဘူး။ သတင်းတစ်ပုဒ်အနေနဲ့ ခိုင်လုံမှုရှိ၊ မရှိမေးတာဖြစ်တယ်။ ပုံနှိပ်တိုက်ပိုင်ရှင်ပါတယ်ဆိုတာကလည်း ကျွန်တော်နဲ့ အဖော်လိုက်ပေးတာ။ သံတော်ဆင့်က သတင်းခိုင် လုံမှုရှိတယ်လို့ပဲပြောခဲ့တယ်။ အေးအေးဆေးဆေးပဲ’’ဟု ၎င်းက ပြောသည်။
ယင်းတွေ့ဆုံမှုတွင် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန် ကြားရေးတာဝန်ခံ ကရင်တိုင်း ရင်းသားရေး ရာဝန်ကြီး ဦးစော ထွန်းအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် တိုင်းဒေ သကြီး အတွင်းရေးမှူး တို့ပါဝင် ပြီး မြန်မာသံတော်ဆင့်ဘက်မှ စီမံအယ်ဒီတာ ဦးအောင်ကိုကိုနှင့် ဦးအေးဝင်းတို့ပါဝင်ကြောင်း သ တင်းရရှိသည်။
ထို့အပြင်မြန်မာသံတော် ဆင့်ဂျာနယ်ရိုက်နှိပ်သည့် အေး ကမ္ဘာ့ပုံနှိပ်တိုက်ကို ဇွန်လ ၁၅ ရက်ညပိုင်းက မြို့နယ်ရဲတပ်ဖွဲ့ မှူးနှင့် ရဲတပ်ဖွဲ့တို့က ၀င်ရောက် ၍ ဖြန့်ဝေမည့် ဂျာနယ်ထုပ် ၁၇ ထုပ်ကို ကမ္ဘာအေးရှိ သာသနာ ရေးပုံနှိပ်တိုက်မှ တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံးအတွင်းသို့ ယူ ဆောင်သိမ်းဆည်းသွားကြောင်း သတင်းများ ထွက်ပေါ်နေခြင်းကို တိုက်၏ တာဝန်ခံအယ်ဒီတာ ဦး အောင်ထွန်းလင်းက မဟုတ်မှန် ကြောင်း ငြင်းဆိုထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ဒု တိယရဲမှူးကြီးဝင်းကြည်က ‘‘ကျွန်တော်တို့ အနောက်ပိုင်းရဲတပ်ဖွဲ့ဝင်တွေ မသိမ်းပါဘူး။ သာသနာရေးကဖြစ်နေတဲ့ အခါကျတော့ တခြားအဖွဲ့က သိမ်းတာဆိုရင်တော့ မသိနိုင်ပါဘူး’’ဟု ဖြေကြားခဲ့သည်။
မြန်မာသံတော်ဆင့်သတင်း ဂျာနယ်သည် သာသနာရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦး ဆန်းဆင့်၏ သားနှင့် ချွေးမ တို့ ပိုင်ဆိုင်သည်ဟု စာပေစိစစ်နှင့် မူပိုင်ခွင့်ဌာနခွဲမှ တာဝန်ရှိသူကပြော ကြားပြီး မြန်မာ့သံတော်ဆင့်ဂျာနယ်နှင့် ၎င်းမှာ ပတ်သက်မှုမရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ဦးဆန်းဆင့်က ပြောကြားထားသည်။

7 Day Daily

No comments:

Post a Comment