Tuesday, June 17, 2014

အူရီးဒူးမြန်မာ ကြော်ငြာစာသားပြောင်းလဲခြင်း အကြောင်းရင်းကိုပြော

အူရီးဒူးမြန်မာကုမ္ပဏီမှ ‘‘သုံးစွဲသူများ ကောင်းကျိုးသာ Oo-redoo ရဲ့ စေတနာ’’ ဟူသည့် ဆောင်ပုဒ် များဖြင့် ပြောင်းလဲကြော်ငြာနေခြင်းမှာ အူရီးဒူးထုတ်ကုန်များ မသုံးစွဲရေးအတွက် ဟောပြော ပွဲများ နိုင်ငံ တစ်ဝန်းပြုလုပ်မည်ဆိုသော သတင်းများကြောင့် ပြောင်းလဲ ထားခြင်းမဟုတ်ကြောင်း အူရီးဒူးမြန်မာ ကုမ္ပဏီမှ သတင်းရရှိသည်။

မကြာမီလများအတွင်း မို ဘိုင်းဆင်းမ်ကတ်များရောင်းချ ပေးရန် စီစဉ်နေသည့် အူရီးဒူး မြန်မာကုမ္ပဏီက ၎င်းတို့၏ မိုဘိုင်းဝန်ဆောင်မှုဆိုင်ရာဆောင်ပုဒ်များ ကိုပြောင်းလဲ အသုံးပြုလျက်ရှိသည်။

အော်ပရေတာကုမ္ပဏီအ ဖြစ် စတင်လုပ်ကိုင်ခွင့်ရသည့် အချိန်မှ စတင်၍ မြန်မာနိုင်ငံတွင် တယ်လီကွန်းဆိုင်ရာပြောင်းလဲမှု များ၊ ၀န်ဆောင်မှုများနှင့် မိုဘိုင်း ပစ္စည်းများကို ပြည်သူလူထုသို့ ချ ပြရန် စီစဉ်နေသည့် အချိန်တွင် ‘‘ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာများ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေပါပြီ’’ ဟူသည့်ဆောင်ပုဒ်ဖြင့် ကြော်ငြာ ထားခဲ့သော်လည်း လက်ရှိတွင် မိုဘိုင်းဆင်းမ်ကတ်များရောင်းချ ပေးမည့်အချိန်နီးကပ်လာသော အခါ ဆောင်ပုဒ်ပြောင်းလဲ သွားမည်ဖြစ်ကြောင်း အူရီးဒူးမြန်မာ ကုမ္ပဏီမှ ပြည်သူ့ ဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာဒေါ်သီရိကြာညိုကပြောသည်။

‘‘အခုအခြေအနေက ၀န် ဆောင်မှုတွေ စပေးမယ့်အချိန် နားကို ကပ်နေပြီ။ ၀န်ဆောင်မှု တွေလာဖို့ အချိန်ကလည်း တတိ ယသုံးပတ်လို့ ပြောထားတဲ့အခါ ကျတော့ နီးလည်း နီးလာတော့ပေးချင်တဲ့ အချက်ကလည်း ပြောင်း လာတာ။ နောက်ပိုင်းလည်း တစ်ခုတည်းနဲ့ မသွားပါဘူး။ အချိန်နဲ့ဝန်ဆောင်မှုပေးနေတာတွေအလိုက်ပြောင်းလဲပြီး ပေးသွားမှာပါ’’ဟု ဒေါ်သီရိကြာညိုကပြောသည်။

အူရီးဒူးမြန်မာအနေဖြင့် နိုင်ငံတကာဆက်သွယ်ရေး ကုမ္ပဏီဖြစ်သောကြောင့် မိုဘိုင်းပစ္စည်းနှင့် ၀န်ဆောင်မှုကို သုံးစွဲသူအား အကောင်းဆုံး ၀န်ဆောင်မှုပေးမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်ပေးခြင်းဖြင့် ကုမ္ပဏီအပေါ်ရှိသည့် သံသယများ ပျောက်ကွယ်သွားမည်ဟု ယုံကြည်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်သည်။

မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချမည့်အချိန်ကို လာမည့် နှစ်လ အတွင်းထုတ်ပြန်ပေးပြီး ရောင်းချမည်ဖြစ်ရာ လက်ရှိတွင် တစ်နိုင်ငံလုံးရှိ မိုဘိုင်းဖုန်းဆိုင် များနှင့် အထင်ကရလမ်းမကြီး များ၊ လမ်းဆုံလမ်းခွများတွင် ၎င်း တို့၏ ဆောင်ပုဒ်များပါဝင်သည့် ကြော်ငြာ ဘုတ်အများအပြားဖြင့် ကြော်ငြာ ထားခြင်းဖြစ်သည်။

7 Day Daily

No comments:

Post a Comment