Monday, June 2, 2014

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နှစ်ဖက်ပစ်ခတ်မှုများကြောင့် အင်အားဖြည့်တင်းရန် စစ်တပ်နှင့်ရဲတပ်ရင်းများ ထပ်မံစေလွှတ်မည်

ရန်ကုန်၊ မေ ၃၁- မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင်ဖြစ်ပွားနေသော နှစ်ဖက်ပဋိ ပက္ခကို နိုင်ငံတော် လုံခြုံရေးအဆင့်(၁) အဖြစ် သတ်မှတ်ကာ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ် ရေးရာ လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။ 
ယင်းပဋိပက္ခကြောင့် ယခုအ ခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံအကြား နှစ်ဖက်တင်းမာမှုများ ဆက်တိုက်ဖြစ် ပွား နေပြီး စစ်ရေးပြင်ဆင်မှုများလည်း ပြုလုပ် လာနေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ် ဦးက ''ဒါအမျိုးသားရေးကိစ္စ၊ ပြည်ပက စပြီး ကျူးကျော်လာတဲ့ရန်ပဲ။ တပ်မတော် နဲ့ပြည်သူ ပူးပေါင်းပြီး တိုက်ထုတ်ဖို့လို တယ်။ အင်အားတွေလဲ ထပ်မံစေလွှတ် မယ်။ အတတ်နိုင်ဆုံးတော့ သံတမန်နည်း လမ်းနဲ့ ဖြေရှင်းသွားမှာပါ။ လုံခြုံရေးကို အတင်းကျပ်ဆုံးလုပ်ဖို့တော့ စီစဉ်ထား တယ်လို့တော့သိရတယ်''ဟုပြောသည်။
ယင်းနှင့်ပတ်သက်၍ နေပြည် တော်ရဲတပ်ဖွဲ့ဌာနမှ ဒုရဲမှူးကြီးတစ်ဦး က ''လုံခြုံရေးကိုတော့ သက်ဆိုင်ရာ ဌာန တွေက အသီးသီးဆောင်ရွက်နေပါတယ်။ စစ်တပ်က ဒီကိစ္စကိုအဓိကထားပြီး ကိုင် တွယ်တာပါ''ဟု ပြောသည်။
မောင်တောမြို့နယ်နေသူ ဒေ သခံတစ်ဦးက''မောင်တောက တချို့ဒေ သခံတွေ စစ်တွေတို့၊ ဘူးသီးတောင် တို့ ဘက်ကို ယာယီသွားရောက်ခိုလှုံကြတာ တွေ ရှိတယ်။ ဒီလိုစစ်ဖြစ်မယ့် အနေအ ထားတစ်ခုရောက် သွားရင် ပြဿနာတွေ ဒီထက်ကြီးလာမယ်။ ပြည်သူတွေကလဲ မြေဇာပင်တွေဖြစ်ပြီး ဒုက္ခရောက်သွား မယ်''ဟု သုံးသပ်ပြောဆိုသည်။

မေ ၂၈ ရက်က မြန်မာပိုင် နယ်စပ်ထဲသို့ ဝင်ရောက်လာသူ RSO တစ်ဦးကို မြန်မာနယ်ခြားစောင့်တပ်မှ ပစ်ခတ်၍ သေဆုံးခဲ့ရာမှ သေဆုံးသူမှာBGB တပ်မှ တပ်ဖွဲ့ဝင်ဟု ပြောဆိုသဖြင့် သေဆုံးသူအား လွှဲပြောင်းပေးရန် ပြုလုပ် စဉ် နယ်စပ်အနီး အမည်မသိ လက်နက် ကိုင်တစ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်မှု ကြောင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့များနှင့်ြြွ တပ်မှ တပ်ဖွဲ့ဝင်များ အပြန်အ လှန် ဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း မောင် တောမှလာသော သတင်းများအရ သိရ သည်။
မေ ၃ဝ ရက် မောင်တောဘက် မှ သိရသောသတင်းများအရ ဘင်္ဂလား ဒေ့ရှ်နိုင်ငံဘက်မှ စစ်ရေးပြင်ဆင်မှုများ ပြုလုပ်လာကြောင်း သိရသည်။





Yangon Media Group

No comments:

Post a Comment