Thursday, June 12, 2014

မြို့ပတ်ရထားလမ်းပိုင်းကို ကျပ်သန်းခြောက်ရာသုံးပြီး ခြံစည်းရိုးကာမည်

ရန်ကုန်- မြန်မာ့မီးရထားက မြို့ ပတ်လမ်းပိုင်းတစ်လျှောက် သန့် ရှင်းသပ်ရပ်မှုရှိစေရန် ခြံစည်းရိုး ကာရံမည်ဖြစ်ပြီး မြို့ပတ်လမ်း ပိုင်းတစ်ခုလုံးအတွက် ဘတ်ဂျက် ကျပ်သန်း ၆၀၀ အသုံးပြုမည် ဟု မြန်မာ့မီးရထား (မြို့ပြဌာန) မှ သတင်းရရှိသည်။
မြန်မာ့မီးရထား ဧရိယာနှင့် လူနေအိမ်များ နီးကပ်သော မြို့ နယ်အချို့တွင် ရပ်ကွက် အတွင်း နေထိုင်သူများမှာ ရထားလမ်း ဘက်သို့ အမှိုက်များ စွန့်ပစ်ခြင်း၊ မီးရထားခုံးကျော် တံတားများ ပြန် လည်ပြုပြင်ထားသော်လည်း အ သုံးမပြုဘဲ အလွယ်တကူ လမ်း ဖြတ်ကူးသူ များရှိနေခြင်းကြောင့် ခြံစည်းရိုးကာရံခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား(မြို့ပြဌာန) မှ လက်ထောက် အထွေထွေမန်နေ ဂျာ ဦးမောင်မောင်သန်းက ပြော သည်။
‘‘ရပ်ကွက်ထဲက အကြော်တဲ ကအစ ရထားလမ်းဘက်ကို အဖီ ထိုးထားတာတွေ ရှိတယ်။ ပြီး တော့ အမှိုက်တွေပစ်လို့။ အုတ် တံတိုင်းခတ်လိုက်ရင် သူတို့အ မှိုက်ပစ်ဖို့ ခက်သွားမယ်လေ’’ ဟု ၎င်းက ပြောသည်။
လက်ရှိတွင် လှည်းတန်း ဘူတာနှင့် သီရိမြိုင်ဘူတာကြား ပေ ၆၈၀၀ ခန့်၊ တံတားလေးဘူ တာနှင့် ကျောက်ရေတွင်းဘူတာ ကြား ပေ ၂၅၀၀ ခန့်တို့ကို ခြံစည်း ရိုးအုတ်တံတိုင်း ကာရံမည်ဖြစ် ပြီး နောက်ပိုင်းတွင် မြို့ပတ်လမ်း ပိုင်းတစ်ခုလုံးကို ယခုနှစ်ဘတ် ဂျက်ကာလအတွင်း ကာရံ မည် ဖြစ်သည်။
လက်ရှိတွင် ခြံစည်းရိုးခတ် ရန် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ မြေတိုင်းအ ဖွဲ့နှင့် မီးရထားဧရိယာများကို မြေတိုင်း၍ နယ်နိမိတ်သတ်မှတ် ခြင်း၊ အုတ်တံတိုင်းခတ် လုပ်ငန်း လုပ်ကိုင်လိုသူများအား တင်ဒါခေါ်ယူခြင်းများ ဆောင်ရွက်နေ သည်။

7 Day Daily

No comments:

Post a Comment