Tuesday, June 17, 2014

အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား


Photo: အင်တာနက်၌ ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးကိုသတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု မင်္ဂလာဒုံမြို့နယ်တွင်ဖြစ်ပွား
Tuesday, June 17, 2014

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက်သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်
Eleven Media Group 
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်၌ အင်တာနက်ပေါ်တွင် ချစ်ကြိုက်နေသည့် ချစ်သူမိန်းကလေးအား သတ်ဖြတ်ကာ ပိုက်ဆံနှင့် ရွှေထည်များ ယူဆောင်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာရဲစခန်းက စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ဇွန် ၁၃ ရက် ညနေ ၃ နာရီခွဲခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်၊ မင်္ဂလာဒုံ ဥယျာဉ်ပန်းခြံအတွင်းရှိ ၀ါးရုံအောက်၌ ပုပ်ပွနေသည့် အမျိုးသမီးအလောင်းတစ်လောင်းတွေ့ ရှိသဖြင့် သက်ဆိုင်ရာက အင်းစိန်ဆေးရုံသို့ ပို့အပ်စစ်ဆေးစေခဲ့ကြောင်း သိရသည်။

ယင်းသို့အလောင်းအား ရင်ခွဲစစ်ဆေးရာ သေဆုံးသူမှာ ၀ဲဘက်ပခုံး ပြတ်ရှဒဏ်ရာ၊ ဦးခေါင်းအရေခွံ အရေပြားစုတ်ပြဲဒဏ်ရာ၊ နောက်စေ့တည့်တည့် ဦးခေါင်းခွံအက်ကွဲ၊ အပေါ်သွားလေးချောင်းနှင့် အောက် သွားလေးချောင်းကျွတ်ဒဏ်ရာများဖြင့် သေဆုံးရခြင်းဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများ ဆက်လက်စုံစမ်းရာ သေဆုံးသူမှာ တိုးချဲ့ (၃)ရပ်ကွက်၊ ထောက်ကြန့်၊ မင်္ဂလာဒုံမြို့နယ်နေ ရန်ကုန်မြို့ထဲ ဈေးကြီးများမှ အ၀တ်အထည်များဝယ်ယူကာ တစ်ဆင့်ရောင်းချနေသော မ.......(၃၂)နှစ်ဖြစ်ကြောင်းနှင့် အခင်းဖြစ်မည့် ဇွန် ၉ ရက် နံနက်ပိုင်းတွင်လည်း အ၀တ်ဝယ်မည်ဆိုကာ နေအိမ်မှ ထွက်သွားခြင်းဖြစ်ကြောင်း သိရသည်။

"အသတ်ခံရတဲ့ကောင်မလေးနဲ့ ကျူးလွန်သွားတဲ့သူက အင်တာနက် Viber ပေါ် မှာတွေ့ရင်း ငြိစွန်းနေတယ်လို့ သိရတယ်။ ပြီးတော့ အခင်းမဖြစ်ခင် ယူသွားတဲ့ ပိုက်ဆံ သိန်း ၂၀ ရယ်၊ သူဝတ်ဆင်သွားတဲ့ ဆွဲကြိုး၊ လက်စွပ်တို့ဟာ အလောင်းကိုတွေ့တဲ့အချိန်မှာ ပျောက်ဆုံးနေတယ်။ အခင်းဖြစ်တဲ့ဝါးရုံထဲမှာ သူ့လက်ဆွဲအိတ်အခွံရယ်၊ ငါးထောင်ကျပ်တန် နှစ်ရွက်၊ ထီး၊ ဖိနပ်နဲ့ အ၀တ်ဝယ်ရင်ထည့်မယ့် အိတ်တို့ကိုပဲ တွေ့ရတယ်" ဟု မင်္ဂလာဒုံမြို့မရဲစခန်းက ရဲအရာရှိတစ်ဦးက ဇွန် ၁၆ ရက်တွင် ပြောကြားသည်။

ထို့နောက် ရဲတပ်ဖွဲ့ဝင်များမှာ အသတ်ခံရသူမိန်းကလေး၏ လက်ကိုင်ဖုန်းနံပါတ်အားစုံစမ်းပြီး မြန်မာ့ ဆက်သွယ်ရေးရုံးသို့ သွားစုံစမ်းခဲ့ပြီး အခင်းမဖြစ်မီ နံနက်စောစောပိုင်းတွင် အများဆုံးဆက်သွယ်ထားသည့် ဖုန်းနံပါတ်မှာလည်း ၀၉ -----ဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

"ကျွန်တော်တို့ မြန်မာ့ဆက်သွယ်ရေးကိုသွားပြီး အခင်းမဖြစ်ခင် အခေါ်များခဲ့တဲ့ အဲဒီဖုန်းနံပါတ်ကို စုံစမ်းတယ်။ အဲဒီဖုန်းကို အမည်ပေါက်ဖုန်းပိုင်ရှင် အောင်--ဆိုတဲ့ သူကမကိုင်ဘဲ၊ သူ့သူငယ်ချင်းဖြစ်တဲ့ ဇာ--ဆိုတဲ့သူက ကိုင်တာဖြစ်ပြီးတော့ အခင်းဖြစ်ပြီးတဲ့နောက်ပိုင်းမှာလည်း သူတို့နှစ်ဦး အတူတူရှိနေတယ်လို့ ခြေရာခံမိတယ်။ ပြီးတော့ အလောင်းကပုပ်ပွနေတဲ့အတွက် ကာမကျူးလွန်ခံထားရမှု ရှိ မရှိကို တိကျတဲ့ဆေးစစ်ချက် မထွက်ရှိသေးပါဘူး" ဟု အဆိုပါရဲအရာရှိက ဆက်လက်ပြောကြားခဲ့သည်။

အဆိုပါဖုန်းနံပါတ်ကို တွေ့ရှိရပြီးနောက် မြန်မာ့ဆက်သွယ်ရေးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး အဆိုပါဖုန်းကိုင်ဆောင်သူမှာ ရွာသာအေးရွာ၊ နွားထိုးကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီးနေ အသက် ၂၄ နှစ်အရွယ် ဇာ--ဆိုသူဖြစ်ကြောင်းနှင့် ၎င်းမှာ ဇွန် ၉ ရက်တွင် အောင်မင်္ဂလာအဝေးပြေးကားဝင်းရှိ GI Group ကားဂိတ်မှ ယာဉ်အမှတ် ၅ဃ/....ဖြင့် မန္တလေးသို့ထွက်ခွာသည့် ခုံအမှတ် (၁၁) တွင် ကိုဇာ-- ၈/နမန (နိုင်)----- အား စိစစ်တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါစစ်ဆေးတွေ့ရှိမှုအတွက် မင်္ဂလာဒုံမြို့မရဲစခန်းက (ပ) ၂၅၈/၁၄ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ကျူးလွန်သူများအား ဖမ်းဆီးရမိရန် ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

အလောင်းအား အခင်းဖြစ်ပွားရာနေရာတွင် ဇွန် ၁၃ ရက်က တွေ့ရစဉ်
Eleven Media Group

No comments:

Post a Comment