Monday, June 30, 2014

မြန်မာနိုင်ငံသို့ပြန်လာရာ ဂုဏ်ပြုမခံရသည့်အပြင် ထိန်းသိမ်းခံရဟု အင်္ဂလန်ဆရာတော်မိန့်ကြား

ရန်ကုန်၊ ဇွန် ၂၈- နိုင်ငံပြုပြင်ပြောင်းလဲချိန်တွင် ဘာသာရေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အလုပ် များဖော်ဆောင်ပေးရန် မြန်မာနိုင်ငံသို့ပြန်လာရာ ဂုဏ် ပြုမခံရသည့်အပြင် ထိန်းသိမ်းခံခဲ့ရကြောင်း အင်္ဂလန် ဆရာတော်ဦးဥတ္တရ၏ မိန့်ကြားချက်များအရ သိရ သည်။
''ဘုန်းကြီးအမှုရွာပတ်ဆိုသလို မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲချိန်မှာ ကိုယ်တတ်နိုင်တဲ့ ကျန်းမာရေး နဲ့ပတ်သက်တာတွေ ဆောင်ရွက်ဖို့ ပြန်လာခဲ့တာပါ။ ဘုန်းကြီးက အလုပ်ရှာဖွေရေးအတွက် လာတာပါ။ ဒီ မှာရှိတဲ့သူတွေအတွက် အလုပ်ရှာဖွေပေးဖို့ လာတာ ပါ။ အမေရိကားမှာ အလုပ်ဖော်ဆောင်ပေးတဲ့ သူတွေ ကို ဆုတောင်ပေးတယ်။ အဲဒါ ကိုကျော်သူတို့ သိပါ တယ်။ ဆုတော့ရပါတယ်။ ဘာဆုလဲဆိုတာ ဒါယကာ၊ ဒါယကာမတွေ သိပါတယ်''ဟု မိန့်ကြားသည်။
အဆိုပါမိန့်ကြားချက်ကို အင်္ဂလန်ဆရာတော် ဦးဥတ္တရက ဇွန် ၂၈ ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)၌ ဟောကြားခဲ့သည့် ''ဗုဒ္ဓတရားတော်ဖြင့် စိတ် စွမ်းအင်မြှင့်တင်ခြင်းတရား''တွင် ထည့်သွင်းဟောကြား ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်ဆရာတော်အပါအဝင် မဟာသန္တိ သုခကျောင်းတိုက်ရှိ သံဃာတော်ငါးပါးကို ဖမ်းဆီး ကာ သာသနာညှိုးနွမ်းစေမှုပုဒ်မဖြင့် တရားစွဲဆိုထား ခြင်းအပေါ် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။
ဆရာတော်အနေဖြင့် မြန်မာနိုင်ငံသို့ ပြန် လာခြင်းမှာ အင်္ဂလန်နိုင်ငံရှိ ဆေးရုံကြီးများတွင် ချက် ပလင်ဟုခေါ်သည့် ဘာသာပေါင်းစုံမှ ဘုန်းတော်ကြီးများ အား ဆေးရုံကြီးများတွင် ခန့်အပ်ထားပြီး သက်ဆိုင် ရာလူနာများအတွက် ကျန်းမာရေး စောင့်ရှောက်ပေး ခြင်း၊ လူနာများအတွက် ဆုတောင်းအားပေးစေခြင်း၊ သေဆုံးသွားသော လူနာများအား ဘဝကူးကောင်းစေ ရန် ဆောင်ရွက်ပေးခြင်းများ စသည့်စနစ်ကို ဖော်ဆောင် ရန်ပြန်လာခြင်းဖြစ်ကြောင်း သိရသည်။
''လူနာတွေ သူတို့သေဆုံးခါနီးအချိန်မှာ သူတို့ယုံကြည်တဲ့ ဘာသာရေးခေါင်းဆောင်တွေ လာ ရောက်အားပေးတော့ အားပိုတက်လာတယ်။ အချို့ ဆိုရင် သေခါနီးမှာ ဘုန်းကြီးကို သိပ်တွေ့ချင်တယ်။ ဘာမှမလုပ်ပေးရဘူး။ လက်ကလေးကို ဆုပ်ကိုင်ပေး လိုက်ရင်ပဲ သူ့ဘဝ အေးအေးချမ်းချမ်းနဲ့ နိဂုံးချုပ်သွား တယ်''ဟု ဆရာတော်ဦးဥတ္တရက မိန့်ကြားသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ နာရေးကူညီမှု အသင်း(ရန်ကုန်)၏ ဥက္ကဋ္ဌဦးကျော်သူက ''ဒီစနစ်က ပြည်ပနိုင်ငံမှာ စနစ်တကျဖွဲ့စည်းထားတဲ့စနစ်။ ဒီစနစ် လေးကို အပြင်ကလူတွေသိအောင် ဆရာတော်က ပွဲ လေးလုပ်ပေးပါပြောလို့ လုပ်ခဲ့တယ်။ ချက်ပလင်က အစိုးရရဲ့ ဆေးရုံတွေမှာ ဆရာတော်ပြောသလို အခန်း လုပ်ပေးရမယ်။ ဒီလိုမျိုးလုပ်ဆောင်ပေးနိုင်ဖို့ ပြည်ပ မှာသင်တန်းတက်မယ်။ သံဃာတော်တွေမှ လုပ်ဆောင် တာမဟုတ်ဘူး။ လူပုဂ္ဂိုလ်တွေလဲဖြစ်အောင် ကြိုးစား ဖို့ ခေါင်းထဲရောက်သွားတယ်။ နိုင်ငံတော်အနေနဲ့ သူ တို့ဖြည့်ဆည်းပေးမှ ရမယ့်ဟာပါ။ သူတို့မဖြည့်ဆည်း နိုင်ရင်လဲ လုပ်တဲ့သူတွေကို မဟန့်တားဖို့ဘဲ လိုတယ်'' ဟုပြောသည်။
မြန်မာနိုင်ငံရှိဆေးရုံကြီးများတွင် လူနာများ ၏ နောက်ဆုံးအချိန်အတွက် ဘာသာတရားဖြင့် ကျန်း မာရေး စောင့်ရှောက်ပေးမည့်သူများနှင့် ဘုရားရှိခိုး ဆုတောင်းနိုင်ရန် တိတ်ဆိတ်သောအခန်းများ ထား ရှိပေးရန်လိုအပ်ကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment