Monday, June 30, 2014

အင်္ဂါလီများအား ခိုးသွင်းသူနှစ်ဦး၏ ဆွေမျိုးသားခြင်းနှင့် ဆက်နွယ်သူများကိုလည်း စစ်ဆေးသွားမည်

ရန်ကုန်၊ ဇွန် ၂၈- ဗိုလ်ချုပ်မောင်မောင်အုန်း ယာဉ်ဟုဆိုကာ အငြိမ်းစားရဲမှူးဟောင်း သားသမီးနှစ်ဦးက ဘင်္ဂါလီများအား ခိုးသွင်း လာသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ ယင်းတို့နှင့် ဆက်နွယ်နေသူများ၊ ဆွေမျိုး သားချင်းများ ကိုလည်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြု ပြော ကြားလိုက်သည်။

ဘင်္ဂါလီကိုးဦးအား အမျိုးသမီး တစ်ဦးနှင့် အမျိုးသားတစ်ဦးတို့က ဦးဆောင် ခေါ်ယူလာသည့်ကားကို စစ်တပ်နှင့် ရဲ တပ်ဖွဲ့က စစ်ဆေးရာမှ ဦးဆောင်လာသူ နှစ်ဦးမှာ အငြိမ်းစားရဲမှူးများ၏ သားသမီး များဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဘင်္ဂါလီတစ်ဦးလျှင် ၁ဝ သိန်း စီဖြင့် သယ်ဆောင်လာခြင်းဖြစ်ပြီး ခုနစ် သိန်းကို အကြွေးအနေဖြင့် သယ်ယူ လာခြင်း ဖြစ်ကာ ၄င်းတို့ကို အမ်းမြို့နယ် ပဲပဒုံစစ် ဆေးရေးဂိတ်၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှသိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ''အ ခုဘင်္ဂါလီတွေကို သယ်ဆောင်လာတဲ့ ကိစ္စ နဲ့ပတ်သက်လို့ ဒီနှစ်ဦးရဲ့ဆွေမျိုးတွေ ဆက် နွယ်သူတွေကို စစ်ဆေးသွားမယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့လဲ စုံစမ်းစစ်ဆေးနေတယ်။ အထက်ကလဲ ဒီဖြစ်ရပ်အပေါ် ဘယ်လိုဆက် လုပ်မလဲဆိုတာကတော့ မသိရသေးဘူး''ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယင်းတို့နှစ်ဦးမှာ ဘင်္ဂါလီအမျိုး သမီးတစ်ဦး၊ အမျိုးသားရှစ်ဦးအား တရား မဝင်ခိုးသွင်းရန် ကြိုးပမ်းခဲ့ကြခြင်းဖြစ်ပြီး အဆိုပါအမှုအတွက် အမ်းရဲစခန်းမှ(ပ) ၃၂/ ၂ဝ၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၆၇ အ ရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

Yangon Media Group

No comments:

Post a Comment